ကိန်းရဲ့ချေပဂိုးမှာ ကူညီပေးခဲ့တဲ့ ဘောကောက်လေးကို ကျေးဇူတင်ပြီး သွားရောက်အသိအမှတ်ပြုခဲ့တဲ့မော်ရင်ဟို

photo-sport bible

photo-daily star

အိုလံပီယာကော့စ်နဲ့ပွဲက ဟယ်ရီကိန်းရဲ့ချေပဂိုးမှာ တစ်စိတ်တစ်ပိုင်းအနေနဲ့ ကူညီပေးနိုင်ခဲ့တဲ့ ဘောကောက်လေးကို စပါးနည်းပြမော်ရင်ဟိုဟာ ကျေးဇူးတင်စကားဆိုခဲ့သလို သွားရောက်လည်း အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီပွဲမှာ စပါးအသင်း ၂-၁ ဂိုးနဲ့ရှုံးနေချိန် ဘောလုံးက စပါးအတွက် လက်ပစ်ဘောဖြစ်သွားပြီး အဲဒါကို ဘောကောက်လေးက နောက်ခံလူအော်ရီယာဆီ အလျင်အမြန်ပစ်ပေးကာ အော်ရီယာရဲ့လက်ပစ်ဘောကနေ လူးကပ်စ်မိုရာဆီရောက်သွားပြီး အဲဒီဘရာဇီးသားရဲ့ဖြတ်တင်ဘောကနေ ဟယ်ရီကိန်းက ၂-၂ ဖြစ်စေမယ့် ချေပဂိုးကို သွင်းနိုင်ခဲ့တာပါ။

photo-BT Sport

ဒါကြောင့်လည်း စပါးနည်းပြဘ၀ သူ့ရဲ့ပထမဆုံးအိမ်ကွင်းပွဲမှာ ကူညီပေးနိုင်ခဲ့တဲ့ဘောကောက်လေးကို မော်ရင်ဟိုဟာ ချက်ချင်းပဲ သွားရောက်အသိအမှတ်ပြုခဲ့ပါတယ်။ အဲဒီဘောကောက်လေးရှိရာဆီသွားပြီး လက်ဝါးချင်းရိုက်ကာ ပွေ့ဖက်ဂုဏ်ပြုခဲ့တာပါ။ မော်ရင်ဟိုရဲ့အဲဒီအပြုအမူဟာ စပါးပရိသတ်တွေဆီကနေ ချစ်ခင်အားပေးမှုကို ရရှိစေမယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။

photo-BT Sport

ပွဲပြီးပြီးချင်း BT Sport ရုပ်သံနဲ့အင်တာဗျူးတော့ မော်ရင်ဟိုဟာ အဲဒီဘောကောက်လေးကို အခုလိုပဲ ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ ”ဉာဏ်ကောင်းတဲ့ဘောကောက်ကလေးတွေကို ကျွန်တော်ချစ်ပါတယ်။ ကျွန်တော်ကလေးဘဝတုန်းက သိပ်တော်တဲ့ဘောကောက်ဖြစ်ခဲ့တာပါ။ ဒီကောင်လေးလည်း အလွန်တော်ခဲ့ပါတယ်။ သူဟာ ပွဲအခြေအနေကို နားလည်ပြီး ဂိုးဖန်တီးမှုတစ်ခုရခဲ့တာပါ”လို့ ပြောခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာလည်း မော်ရင်ဟိုက ”ဒီကလေးက အဲဒီမှာ ထိုင်ကြည့်နေရုံပဲ ရှိနေခဲ့တာ မဟုတ်ပါဘူး။ ပွဲပြီးတော့ သူ့ကို အဝတ်အစားလဲခန်းထဲ ဖိတ်ခေါ်ဖို့ ကျွန်တော်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ သူမရှိတော့ဘူး”လို့ ဘောကောက်လေးနဲ့ပတ်သက်လို့ ဆက်လက်ချီးကျူးခဲ့ပါတယ်။

[Zawgyi]

ကိန္းရဲ႕ေခ်ပဂိုးမွာ ကူညီေပးခဲ့တဲ့ ေဘာေကာက္ေလးကို ေက်းဇူတင္ၿပီး သြားေရာက္အသိအမွတ္ျပဳခဲ့တဲ့ေမာ္ရင္ဟို

အိုလံပီယာေကာ့စ္နဲ႔ပြဲက ဟယ္ရီကိန္းရဲ႕ေခ်ပဂိုးမွာ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ကူညီေပးႏိုင္ခဲ့တဲ့ ေဘာေကာက္ေလးကို စပါးနည္းျပေမာ္ရင္ဟိုဟာ ေက်းဇူးတင္စကားဆုိခဲဲ့သလုိ သြားေရာက္လည္း အသိအမွတ္ျပဳခဲ့ပါတယ္။ အဲဒီပြဲမွာ စပါးအသင္း ၂-၁ ဂိုးနဲ႔ရႈံးေနခ်ိန္ ေဘာလုံးက စပါးအတြက္ လက္ပစ္ေဘာျဖစ္သြားၿပီး အဲဒါကုိ ေဘာေကာက္ေလးက ေနာက္ခံလူေအာ္ရီယာဆီ အလ်င္အျမန္ပစ္ေပးကာ ေအာ္ရီယာရဲ႕လက္ပစ္ေဘာကေန လူးကပ္စ္မိုရာဆီေရာက္သြားၿပီး အဲဒီဘရာဇီးသားရဲ႕ျဖတ္တင္ေဘာကေန ဟယ္ရီကိန္းက ၂-၂ ျဖစ္ေစမယ့္ ေခ်ပဂိုးကို သြင္းႏိုင္ခဲ့တာပါ။

ဒါေၾကာင့္လည္း စပါးနည္းျပဘ၀ သူ႔ရဲ႕ပထမဆုံးအိမ္ကြင္းပြဲမွာ ကူညီေပးႏိုင္ခဲ့တဲ့ေဘာေကာက္ေလးကို ေမာ္ရင္ဟိုဟာ ခ်က္ခ်ငး္ပဲ သြားေရာက္အသိအမွတ္ျပဳခဲ့ပါတယ္။ အဲဒီေဘာေကာက္ေလးရွိရာဆီသြားၿပီး လက္၀ါးခ်င္းရိုက္ကာ ေပြ႔ဖက္ဂုဏ္ျပဳခဲ့တာပါ။ ေမာ္ရင္ဟိုရဲ႕အဲဒီအျပဳအမူဟာ စပါးပရိသတ္ေတြဆီကေန ခ်စ္ခင္အားေပးမႈကို ရရွိေစမယ္ဆိုတာ သံသယရွိစရာမလိုပါဘူး။

ပြဲၿပီးၿပီးခ်င္း BT Sport ရုပ္သံနဲ႔အင္တာဗ်ဴးေတာ့ ေမာ္ရင္ဟုိဟာ အဲဒီေဘာေကာက္ေလးကို အခုလိုပဲ ေက်းဇူးတင္စကားဆိုခဲ့ပါတယ္။ ”ဥာဏ္ေကာင္းတဲ့ေဘာေကာက္ကေလးေတြကို ကၽြန္ေတာ္ခ်စ္ပါတယ္။ ကၽြန္ေတာ္ကေလးဘ၀တုန္းက သိပ္ေတာ္တဲ့ေဘာေကာက္ျဖစ္ခဲ့တာပါ။ ဒီေကာင္ေလးလည္း အလြန္ေတာ္ခဲ့ပါတယ္။ သူဟာ ပြဲအေျခအေနကို နားလည္ၿပီး ဂိုးဖန္တီးမႈတစ္ခုရခဲ့တာပါ”လို႔ ေျပာခဲ့ပါတယ္။ ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာလည္း ေမာ္ရင္ဟိုက ”ဒီကေလးက အဲဒီမွာ ထိုင္ၾကည့္ေနရုံပဲ ရွိေနခဲ့တာ မဟုတ္ပါဘူး။ ပြဲၿပီးေတာ့ သူ႔ကို အ၀တ္အစားလဲခန္းထဲ ဖိတ္ေခၚဖို႔ ကၽြန္ေတာ္ႀကိဳးစားခဲ့ပါတယ္။ ဒါေပမဲ့ သူမရွိေတာ့ဘူး”လို႔ ေဘာေကာက္ေလးနဲ႔ပတ္သက္လို႔ ဆက္လက္ခ်ီးက်ဴးခဲ့ပါတယ္။