ကားလို့စ်တောင် ဂုဏ်ယူရမယ့် ရာဖေးလ်ဖော်စတာရဲ့ ဝါးလုံးထိုးဖရီးကစ်ကန်သွင်းချက်

Photo Credit

Photo Credit

လူဒိုဂိုရက်စ်ဘယ်နောက်ခံလူ ရာဖေးလ်ဖော်စတာဟာ ကြာသပတေးနေ့ညက တရားလွန်ဖြစ်ရလောက်တဲ့ ဝါးလုံးထိုးဖရီးကစ်ကန်သွင်းချက်နဲ့အတူ ယူရိုပါလိဂ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံးသွင်းဂိုးတစ်ဂိုးကို ဖန်တီးနိုင်ခဲ့ပါတယ်။ ဖီရန်ဗားရို့စ်အသင်းကို အဝေးကွင်းမှာ လူဒိုဂိုရက်စ်အသင်း ဝ-၃ ဂိုးနဲ့အနိုင်ရရှိခဲ့ရာမှာ ဖော်စတာက နောက်ခံလူဖြစ်ပေမယ့် အသင်းအတွက် ၂ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit

အဲဒီမှာ ပွဲချိန်မိနစ် ၄၀အရောက် ပြိုင်ဘက်ဂိုးပေါက်နဲ့ ခပ်လှမ်းလှမ်းမှာရရှိတဲ့ပြစ်ဒဏ်ဘောကို ဖော်စတာက ပြင်းထန်အားပါတဲ့ဘယ်ခြေကန်ချက်နဲ့ အားလုံးကို အံ့အားသင့်သွားစေတဲ့ဂိုး ဖန်တီးခဲ့တာဖြစ်ပြီး ဘရာဇီးဂန္ထဝင်ကစားသမားကြီး ရောဘတ်တိုကားလို့စ်ရဲ့ဖရီးကစ်တွေကိုလည်း ပြန်ပြောင်းအမှတ်ရစေခဲ့ပါတယ်။

Photo Credit

သူ့ရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ လူဒိုဂိုရက်စ်အသင်းနည်းပြဖြစ်သူရဲ့ တုံ့ပြန်မှုကလည်း လူမှုမီဒီယာမှာ ရေပန်းစားနေပြီး သူ့ကစားသမား ဂိုးသွင်းလိုက်ချိန်မှာ လုံးဝကိုအံ့အားသင့်သွားတဲ့ပုံစံမျိုးဖြစ်သွားတာပါ။ တွစ်တာမှာလည်း အဲဒီဂိုးနဲ့ပတ်သက်လို့ အတော်လေးလှုပ်ခတ်သွားပါတယ်။

Photo Credit

”လူဒိုဂိုရက်စ်ဘယ်နောက်ခံလူ ဖော်စတာရဲ့သွင်းဂိုးက တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းဝင်လောက်တယ်”။ ”အခုတော့ ဘရာဇီးဘယ်နောက်ခံလူ ရာဖေးလ်ဖော်စတာဟာ တရားဝင် ရောဘတ်တိုကားလို့စ်လက်သစ်ဖြစ်သွားပါပြီ”။ ”ရာဖေးလ်ဖော်စတာကတော့ ကားလို့စ်ရဲ့ပုံစံအတိုင်း မမေ့နိုင်စရာဖရီးကစ်ကန်သွင်းသွားပါတယ်”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Photo Credit

Zawgyi

ကားလုိ႔စ္ေတာင္ ဂုဏ္ယူရမယ့္ ရာေဖးလ္ေဖာ္စတာရဲ႕ ၀ါးလုံးထိုးဖရီးကစ္ကန္သြင္းခ်က္

လူဒိုဂိုရက္စ္ဘယ္ေနာက္ခံလူ ရာေဖးလ္ေဖာ္စတာဟာ ၾကာသပေတးေန႔ညက တရားလြန္ျဖစ္ရေလာက္တဲ့ ၀ါးလုံးထိုးဖရီးကစ္ကန္သြင္းခ်က္နဲ႔အတူ ယူ႐ိုပါလိဂ္သမိုင္းတစ္ေလွ်ာက္ အႀကီးက်ယ္ဆုံးသြင္းဂုိးတစ္ဂိုးကို ဖန္တီးႏိုင္ခဲ့ပါတယ္။ ဖီရန္ဗား႐ို႕စ္အသင္းကို အေ၀းကြင္းမွာ လူဒိုဂုိရက္စ္အသင္း ၀-၃ ဂိုးနဲ႔အႏိုင္ရရွိခဲ့ရာမွာ ေဖာ္စတာက ေနာက္ခံလူျဖစ္ေပမယ့္ အသင္းအတြက္ ၂ဂိုးအထိ သြင္းယူေပးႏုိင္ခဲ့ပါတယ္။
အဲဒီမွာ ပြဲခ်ိန္မိနစ္ ၄၀အေရာက္ ၿပိဳင္ဘက္ဂိုးေပါက္နဲ႔ ခပ္လွမ္းလွမ္းမွာရရွိတဲ့ျပစ္ဒဏ္ေဘာကို ေဖာ္စတာက ျပင္းထန္အားပါတဲ့ဘယ္ေျခကန္ခ်က္နဲ႔ အားလုံးကို အံ့အားသင့္သြားေစတဲ့ဂိုး ဖန္တီးခဲ့တာျဖစ္ၿပီး ဘရာဇီးဂႏၳ၀င္ကစားသမားႀကီး ေရာဘတ္တုိကားလုိ႔စ္ရဲ႕ဖရီးကစ္ေတြကိုလည္း ျပန္ေျပာင္းအမွတ္ရေစခဲ့ပါတယ္။
သူ႕ရဲ႕သြင္းဂိုးနဲ႔ပတ္သက္လုိ႔ လူဒိုဂိုရက္စ္အသင္းနည္းျပျဖစ္သူရဲ႕ တုံ႔ျပန္မႈကလည္း လူမႈမီဒီယာမွာ ေရပန္းစားေနၿပီး သူ႕ကစားသမား ဂိုးသြင္းလုိက္ခ်ိန္မွာ လုံး၀ကိုအ့ံအားသင့္သြားတဲ့ပုံစံမ်ိဳးျဖစ္သြားတာပါ။ တြစ္တာမွာလည္း အဲဒီဂိုးနဲ႔ပတ္သက္လုိ႔ အေတာ္ေလးလႈပ္ခတ္သြားပါတယ္။
”လူဒိုဂိုရက္စ္ဘယ္ေနာက္ခံလူ ေဖာ္စတာရဲ႕သြင္းဂိုးက တစ္ရာသီအတြင္း အေကာင္းဆုံးသြင္းဂိုးဆုအတြက္ ဆန္ခါတင္စာရင္း၀င္ေလာက္တယ္”။ ”အခုေတာ့ ဘရာဇီးဘယ္ေနာက္ခံလူ ရာေဖးလ္ေဖာ္စတာဟာ တရား၀င္ ေရာဘတ္တိုကားလုိ႔စ္လက္သစ္ျဖစ္သြားပါၿပီ”။ ”ရာေဖးလ္ေဖာ္စတာကေတာ့ ကားလုိ႔စ္ရဲ႕ပုံစံအတုိင္း မေမ့ႏုိင္စရာဖရီးကစ္ကန္သြင္းသြားပါတယ္”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။