ကားမှောက်တာတောင် ဒဏ်ရာ မရကံကောင်းခဲ့တဲ့ အာဆင်နယ်ကြယ်ပွင့်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်စတားအိန်စလေမိုင်လန်းနေးလ်ဟာ M25 လမ်းမထက်မှာပေါင် ၁၀၅၀၀၀ တန်မာစီးဒီးစ်ကားတုံးတုံးလဲတဲ့အထိယာဉ်မတော်တဆမှုဖြစ်ခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်ကတော့ အဆိုပါ ကားတိုက်မှုကြောင့်သူတို့ရဲ့ကစားသမား မထိခိုက်ခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။

ပြောရေးဆိုခွင့်ရှိသူက “ကျွန်တော်တို့ သူနဲ့ စကားပြောခဲ့ပြီး သူ ကားတိုက်မှုမှာ ပါဝင်ခဲ့ပေမယ့် မထိခိုက်ဘဲ အိမ်ပြန်ရောက်ခဲ့ပါတယ် ”လို့ ပြောခဲ့ပါတယ်။

အာဆင်နယ် အသင်း ဆရာဝန်ဟာ ကွင်းလယ်လူကို ဖုန်းဆက်ကာ အဆိုပါ အခြေအနေကို မေးမြန်းခဲ့ကြောင်း သိရပါတယ်။

အသက်၂၃နှစ်အရွယ် ကစားသမားရဲ့ Mercedes G-Wagon ကားဟာအခြားကားတစ်စီးကိုတိုက်မိခဲ့တာဖြစ်ပြီးကားတုံးတုံးလဲတဲ့အထိဖြစ်ခဲ့ပါတယ်။

အာဆင်နယ်ကစားသမားရဲ့ကားဟာအသက်အရွယ်ကြီးတဲ့လူတစ်ဦးမောင်းနှင်တဲ့ကားကိုတိုက်မိခဲ့တာဖြစ်ပြီး အဲဒီလူကြီးကို မီးသတ်ဝန်ထမ်းတွေက အကူအညီပေးခဲ့ရပါတယ်။

မိုင်လန်းနေးလ်ဟာ ဝက်စ်ဘရွန်းမှာ အငှားသွားကစားနေကာ ၁၂ပွဲ ပါဝင် ကစားထားခဲ့ပါတယ်။

နေးလ်ဟာ အင်္ဂလန်အတွက် ၅ပွဲ ကစားပေးထားခဲ့ပေမယ့် ယူရို၂၀၂၀ လူစာရင်းမှာတော့ ရွေးချယ်ခံရခြင်း မရှိခဲ့ပါဘူး။

နေးလ်ဟာအာဆင်နယ်အတွက်ကိုတော့ ၆၄ပွဲကစားကာ၁ဂိုးသွင်းထားသူဖြစ်ပါတယ်။

ယခုလအစောပိုင်းအတွင်းကတော့ နေးလ်က အနာဂတ်အပေါ် ရှင်းလင်းမှု ရှာဖွေနေပြီး မကြာခင် အသင်းကို နှုတ်ဆက်ရနိုင်တယ်လို့ ပြောထားပါတယ်။

သူဟာအသက်၆နှစ်အရွယ်ကတည်းကအာဆင်နယ်သို့ရောက်လာခဲ့သူဖြစ်ပြီး၂၀၁၄ခုနှစ်တွင်အာဆင်နယ်အတွက်ပထမဆုံးပွဲကစားခွင့်ရခဲ့ပါတယ်။

အခုအချိန်မှာတော့ နေးလ်ဟာ သေကံမရောက် သက်မပျောက်တဲ့ ကံကောင်းဘောလုံးသမားတစ်ယောက်ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကား​ေမွာက္တာ​ေတာင္ ဒဏ္ရာ မရကံ​ေကာင္းခဲ့တဲ့ အာဆင္နယ္ၾကယ္ပြင့္

အာဆင္နယ္စတားအိန္စေလမိုင္လန္းေနးလ္ဟာ M25 လမ္းမထက္မွာေပါင္၁၀၅၀၀၀တန္မာစီးဒီးစ္ကားတုံးတုံးလဲတဲ့အထိယာဥ္မေတာ္တဆမႈျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ အာဆင္နယ္ကေတာ့ အဆိုပါ ကားတိုက္မႈေၾကာင့္သူတို႔ရဲ႕ကစားသမား မထိခိုက္ခဲ့ဘူးလို႔ ဆိုခဲ့ပါတယ္။

ေျပာေရးဆိုခြင့္ရွိသူက “ကြၽန္ေတာ္တို႔ သူနဲ႔ စကားေျပာခဲ့ၿပီး သူ ကားတိုက္မႈမွာ ပါဝင္ခဲ့​ေပမယ့္ မထိခိုက္ဘဲ အိမ္ျပန္ေရာက္ခဲ့ပါတယ္ ”လို႔ ေျပာခဲ့ပါတယ္။ အာဆင္နယ္ အသင္း ဆရာဝန္ဟာ ကြင္းလယ္လူကို ဖုန္းဆက္ကာ အဆိုပါ အေျခအေနကို ေမးျမန္းခဲ့ေၾကာင္း သိရပါတယ္။

အသက္၂၃ႏွစ္အ႐ြယ္ ကစားသမားရဲ႕ Mercedes G-Wagon ကားဟာအျခားကားတစ္စီးကိုတိုက္မိခဲ့တာျဖစ္ၿပီးကားတုံးတုံးလဲတဲ့အထိျဖစ္ခဲ့ပါတယ္။ အာဆင္နယ္ကစားသမားရဲ႕ကားဟာအသက္အ႐ြယ္ႀကီးတဲ့လူတစ္ဦးေမာင္းႏွင္တဲ့ကားကိုတိုက္မိခဲ့တာျဖစ္ၿပီးအဲဒီလူႀကီးကိုမီးသတ္ဝန္ထမ္း​ေတြကအကူအညီေပးခဲ့ရပါတယ္။

မိုင္လန္းေနးလ္ဟာ ဝက္စ္ဘ႐ြန္းမွာ အငွားသြားကစားေနကာ ၁၂ပြဲ ပါဝင္ ကစားထားခဲ့ပါတယ္။ ​ေနးလ္ဟာ အဂၤလန္အတြက္ ၅ပြဲ ကစားေပးထားခဲ့ေပမယ့္ ယူ႐ို၂၀၂၀ လူစာရင္းမွာေတာ့ ေ႐ြးခ်ယ္ခံရျခင္း မရွိခဲ့ပါဘူး။ ေနးလ္ဟာအာဆင္နယ္အတြက္ကို​ေတာ့ ၆၄ပြဲကစားကာ၁ဂိုးသြင္းထားသူျဖစ္ပါတယ္။ယခုလအေစာပိုင္းအတြင္းကေတာ့ ​ေနးလ္က အနာဂတ္အေပၚ ရွင္းလင္းမႈ ရွာေဖြေနၿပီး မၾကာခင္ အသင္းကို ႏႈတ္ဆက္ရႏိုင္တယ္လို႔ ​ေျပာထားပါတယ္။

သူဟာအသက္၆ႏွစ္အ႐ြယ္ကတည္းကအာဆင္နယ္သို႔ေရာက္လာခဲ့သူျဖစ္ၿပီး၂၀၁၄ခုႏွစ္တြင္အာဆင္နယ္အတြက္ပထမဆုံးပြဲကစားခြင့္ရခဲ့ပါတယ္။အခုအခ်ိန္မွာ​ေတာ့ ​ေနးလ္ဟာ ​ေသကံမ​ေရာက္ သက္မ​ေပ်ာက္တဲ့ ကံ​ေကာင္း​ေဘာလုံးသမားတစ္​ေယာက္ျဖစ္​ေနပါတယ္။