ကာလရှည်ဖြစ်ပေါ်ခဲ့တဲ့အပြောင်းအရွှေ့ပုံပြင်တစ်ပုဒ် အဆုံးသတ်….အဲရစ်ဆင်ကို ၄နှစ်စာချုပ်ချုပ်ဆိုကာ အင်တာ ခေါ်ယူ

Photo Credit

Photo Credit

ပြီးခဲ့တဲ့နွေရာသီကတည်းက ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအရွှေ့ပုံပြင်တစ်ပုဒ်ကတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး နောက်ဆုံးမှာတော့ ကွင်းလယ်လူ အဲရစ်ဆင်တစ်ယောက် စပါးအသင်းကို စွန့်ခွာကာ အင်တာမီလန်အသင်းနဲ့ စာချုပ် ချုပ်ဆိုလိုက်ပြီဖြစ်ကာ သတင်းတွေရဲ့ဖော်ပြချက်အရ ပြောင်းရွှေ့ကြေး ယူရိုသန်း ၂၀ ရှိတယ်လို့ သိရပါတယ်။

Photo Credit

အသက် ၂၇နှစ်အရွယ်ရှိ ဒိန်းမတ်လက်ရွေးစင် အဲရစ်ဆင်ဟာ ၂၀၁၃ ခုနှစ်က အေဂျက်စ်ကနေ ပေါင် ၁၁.၅သန်းတည်းနဲ့ စပါးကို ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၃၀၄ ပွဲကစားခဲ့ရာမှာ ၆၉ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဇွန်လအတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးကို ၂-၀ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် အဲရစ်ဆင်က နေရာသစ်မှာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်လိုတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

Photo Credit

အစောပိုင်းမှာတော့ သူ့ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ ရီးရဲလ်တို့က ဆက်သွယ်ချဉ်းကပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ကတော့ ဖြစ်မလာခဲ့ပါဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လအနည်းငယ်မှာတော့ အင်တာမီလန်က အဲရစ်ဆင်ကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ရေပန်းစားလာပြီး အက်ရှ်လေယန်းနဲ့ ဗစ်တာမော့ဆက်စ်တို့ပြီးနောက် ယခုလအတွင်း အသင်းရဲ့တတိယမြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

Photo Credit

အဲရစ်ဆင်ဟာ အင်တာမီလန်နဲ့ ၄နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယခုရက်သတ္တပတ်အကုန်မှာ စီးရီးအေပွဲစဉ်အဖြစ် ကစားရမယ့် အူဒီးနိစ်နဲ့အဝေးကွင်းပွဲမှာ အသင်းသစ်အတွက် ပွဲဦးထွက်ခွင့်ရလာနိုင်ပေမယ့် ဗုဒ္ဓဟူးညမှာ ကိုပါအီတာလီယာဖလားကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ကစားရမယ့် ဖီအိုရင်တီးနားနဲ့ပွဲမှာတော့ ပါဝင်နိုင်မှာမဟုတ်ပါဘူး။ စပါးအသင်းနည်းပြ မော်ရင်ညိုက အဲရစ်ဆင်ရဲ့ပရော်ဖက်ရှင်နယ်ပီသမှုကို ချီးကျူးခဲ့ပြီး အရင်တုန်းကလည်း အဲရစ်ဆင်အနေနဲ့ အသင်းကနေ ခေါင်းမော့ထွက်ခွာသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။

Photo Credit

အဲရစ်ဆင်ဟာ စပါးကစားသမားဘ၀ နောက်ပိုင်းလတွေမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပေမယ့် ပြီးခဲ့တဲ့ရာသီက စပါးအသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရခဲ့သလို ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ရာမှာ အဓိကနေရာကနေ ခြေစွမ်းပြနိုင်ခဲ့သူဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ အင်တာမီလန်မှာ ကျောနံပါတ် ၂၄ အင်္ကျီဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

Photo Credit

အင်တာမီလန်ဟာ စီးရီးအေပွဲစဉ် ၂၁ပြီးဆုံးချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ဂျူဗင်တပ်စ်နဲ့ ၃ မှတ်အကွာ ဒုတိယနေရာမှာ ရပ်တည်နေပြီး တနင်္ဂနွေနေ့က ကက်ဂလီယာရီအသင်းနဲ့ အိမ်ကွင်းမှာ ၁-၁ ဂိုးသရေကျခဲ့ရပါတယ်။ အင်တာမီလန်ဟာ အူဒီးနိစ်နဲ့ကစားပြီးရင် ဖေဖော်ဝါရီလ ၉ရက်နေ့မှာ အေစီမီလန်နဲ့ မီလန်ဒါဘီပွဲကစားရမှာဖြစ်ပြီး အဲဒီနောက် ရောမမြေမှာ တတိယနေရာက လာဇီယိုနဲ့အဝေးကွင်းပွဲကျပ် ဆက်ကစားရမှာဖြစ်ပါတယ်။

Photo Credit

Zawgyi

ကာလရွည္ျဖစ္ေပၚခဲ့တဲ့အေျပာင္းအေရႊ႕ပုံျပင္တစ္ပုဒ္ အဆုံးသတ္….အဲရစ္ဆင္ကို ၄ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိကာ အင္တာ ေခၚယူ

ၿပီးခဲ့တဲ့ေႏြရာသီကတည္းက ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအေရႊ႕ပုံျပင္တစ္ပုဒ္ကေတာ့ အဆံုးသတ္သြားခဲ့ၿပီျဖစ္ၿပီး ေနာက္ဆုံးမွာေတာ့ ကြင္းလယ္လူ အဲရစ္ဆင္တစ္ေယာက္ စပါးအသင္းကို စြန္႔ခြာကာ အင္တာမီလန္အသင္းနဲ႔ စာခ်ဳပ္ ခ်ဳပ္ဆုိလုိက္ၿပီျဖစ္ကာ သတင္းေတြရဲ႕ေဖာ္ျပခ်က္အရ ေျပာင္းေရႊ႕ေၾကး ယူ႐ိုသန္း ၂၀ ရွိတယ္လုိ႔ သိရပါတယ္။
အသက္ ၂၇ႏွစ္အရြယ္ရွိ ဒိန္းမတ္လက္ေရြးစင္ အဲရစ္ဆင္ဟာ ၂၀၁၃ ခုႏွစ္က ေအဂ်က္စ္ကေန ေပါင္ ၁၁.၅သန္းတည္းနဲ႔ စပါးကို ေရာက္ရွိလာခဲ့သူျဖစ္ၿပီး အသင္းအတြက္ စုစုေပါင္း ၃၀၄ ပဲြကစားခဲ့ရာမွာ ၆၉ဂိုးသြင္းယူႏုိင္ခဲ့ပါတယ္။ ဇြန္လအတြင္း ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ လီဗာပူးကို ၂-၀ ဂိုးနဲ႔အေရးနိမ့္ခဲ့ရၿပီးေနာက္ အဲရစ္ဆင္က ေနရာသစ္မွာ စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆုိင္လုိတယ္လုိ႔ ဖြင့္ဟခဲ့ပါတယ္။
အေစာပိုင္းမွာေတာ့ သူ႕ကို ေခၚယူဖို႔ ယူႏုိက္တက္နဲ႔ ရီးရဲလ္တုိ႔က ဆက္သြယ္ခ်ဥ္းကပ္ခဲ့ေပမယ့္ အေျပာင္းအေရႊ႕ကေတာ့ ျဖစ္မလာခဲ့ပါဘူး။ ဒါေပမဲ့ ၿပီးခဲ့တဲ့လအနည္းငယ္မွာေတာ့ အင္တာမီလန္က အဲရစ္ဆင္ကို ေခၚယူဖို႔ ထိပ္ဆုံးကေန ေရပန္းစားလာၿပီး အက္ရွ္ေလယန္းနဲ႔ ဗစ္တာေမာ့ဆက္စ္တုိ႔ၿပီးေနာက္ ယခုလအတြင္း အသင္းရဲ႕တတိယေျမာက္ေခၚယူမႈျဖစ္လာခဲ့ပါတယ္။
အဲရစ္ဆင္ဟာ အင္တာမီလန္နဲ႔ ၄ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆုိခဲ့ၿပီး ယခုရက္သတၱပတ္အကုန္မွာ စီးရီးေအပြဲစဥ္အျဖစ္ ကစားရမယ့္ အူဒီးနိစ္နဲ႔အေ၀းကြင္းပြဲမွာ အသင္းသစ္အတြက္ ပြဲဦးထြက္ခြင့္ရလာႏိုင္ေပမယ့္ ဗုဒၶဟူးညမွာ ကိုပါအီတာလီယာဖလားကြာတားဖုိင္နယ္ပြဲစဥ္အျဖစ္ ကစားရမယ့္ ဖီအိုရင္တီးနားနဲ႔ပဲြမွာေတာ့ ပါ၀င္ႏိုင္မွာမဟုတ္ပါဘူး။ စပါးအသင္းနည္းျပ ေမာ္ရင္ညိဳက အဲရစ္ဆင္ရဲ႕ပေရာ္ဖက္ရွင္နယ္ပီသမႈကို ခ်ီးက်ဴးခဲ့ၿပီး အရင္တုန္းကလည္း အဲရစ္ဆင္အေနနဲ႔ အသင္းကေန ေခါင္းေမာ့ထြက္ခြာသင့္တယ္လုိ႔ အႀကံျပဳခဲ့ပါတယ္။
အဲရစ္ဆင္ဟာ စပါးကစားသမားဘ၀ ေနာက္ပိုင္းလေတြမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ရာသီက စပါးအသင္း ခ်န္ပီယံလိဂ္၀င္ခြင့္ရခဲ့သလို ခ်န္ပီယံလိဂ္ဗိုလ္လုပဲြအထိ တက္ေရာက္ႏိုင္ခဲ့ရာမွာ အဓိကေနရာကေန ေျခစြမ္းျပႏိုင္ခဲ့သူျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ အင္တာမီလန္မွာ ေက်ာနံပါတ္ ၂၄ အက်ႌ၀တ္ဆင္ကစားမွာျဖစ္ပါတယ္။
အင္တာမီလန္ဟာ စီးရီးေအပြဲစဥ္ ၂၁ၿပီးဆုံးခ်ိန္မွာ အမွတ္ေပးဇယားထိပ္ဆုံးက ဂ်ဴဗင္တပ္စ္နဲ႔ ၃ မွတ္အကြာ ဒုတိယေနရာမွာ ရပ္တည္ေနၿပီး တနဂၤေႏြေန႔က ကက္ဂလီယာရီအသင္းနဲ႔ အိမ္ကြင္းမွာ ၁-၁ ဂိုးသေရက်ခဲ့ရပါတယ္။ အင္တာမီလန္ဟာ အူဒီးနိစ္နဲ႔ကစားၿပီးရင္ ေဖေဖာ္၀ါရီလ ၉ရက္ေန႔မွာ ေအစီမီလန္န႔ဲ မီလန္ဒါဘီပြဲကစားရမွာျဖစ္ၿပီး အဲဒီေနာက္ ေရာမေျမမွာ တတိယေနရာက လာဇီယိုနဲ႔အေ၀းကြင္းပြဲက်ပ္ ဆက္ကစားရမွာျဖစ္ပါတယ္။