ကာလရှည်နားခဲ့ရတဲ့ အဂူရိုနဲ့ဒမ်ဘီလီတို့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်လို့ ဘာကာအတွက် အားတတ်စရာဖြစ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကာလရှည်နားခဲ့ရတဲ့တိုက်စစ်မှုးတွေဖြစ်ကြတဲ့ အဂူရိုနဲ့ဒမ်ဘီလီတို့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ပြီဖြစ်လို့

ယက်ကန်ယက်ကန်ဖြစ်နေတဲ့ဘာစီလိုနာတိုက်စစ်အတွက် အားတက်စရာဖြစ်လာခဲ့ပါတယ်။

ဒမ်ဘီလီဟာ ဟန်ဂေရီနဲ့ကစားခဲ့တဲ့ ပြင်သစ်ရဲ့ယူရိုပွဲစဉ်မှာ ညာဒူးဒဏ်ရာရသွားပြီး ခွဲစိတ်မှုခံခဲ့ရပြီးနောက် အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ ပထမဆုံးအကြိမ်ပါဝင်နိုင်ခဲ့တာပါ။

အဂူရိုကတော့ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ မန်စီးတီးကနေ အလွတ်ထွက်ခွာကြေးနဲ့ ရောက်လာခဲ့ပေမယ့်

ပြီးခဲ့တဲ့သြဂုတ်လ ၈ ရက်နေ့ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ခြေသလုံးဒဏ်ရာရသွားပြီးတည်းက ပထမဆုံးအကြိမ်အနေနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာပါ။

အဲဒါကြောင့်လည်း အဂူရိုဟာ အခုချိန်ထိ အသင်းသစ်ဘာစီလိုနာအတွက် ပွဲဦးထွက်ကစားပေးရခြင်း မရှိသေးပါဘူး။

ကစားသမားနှစ်ယောက်စလုံးဟာ ဘာစီလိုနာရဲ့လေ့ကျင့်ရေးအစီအစဉ်တစ်ခုမှာ ပါဝင်ခဲ့ပေမယ့်

နည်းပြရော်နယ်ကိုးမန်းရွေးချယ်နိုင်ဖို့အတွက် ဆေးစစ်ချက်အလုံးစုံကင်းစင်ဖို့ လိုအပ်နေပါသေးတယ်။

ဘာစီလိုနာဟာ လာမယ့်တနင်္ဂနွေနေ့လာလီဂါမှာ ဗလင်စီယာကို ဧည့်ခံရဖို့ရှိပြီး ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး ၆ ပွဲမှာတော့ တစ်ပွဲသာ အနိုင်ရခဲ့ပါတယ်။

အဲဒီပြိုင်ပွဲစုံနောက်ဆုံး ၆ ပွဲမှာ ဘာစီလိုနာဟာ ၄ ပွဲဂိုးမသွင်းနိုင်ခဲ့တာဖြစ်လို့ မက်ဆီမရှိတော့တဲ့နောက်ပိုင်း အဆိုးဆုံးအခြေအနေတစ်ခုနဲ့ ကြုံတွေ့နေရတာပါ။

ဘာစီလိုနာဟာ ဗလင်စီယာနဲ့ပွဲပြီးရင် လာမယ့်အပတ်ကြားရက်ချန်ပီယံလိဂ်မှာ ဒိုင်နမိုကိဗ်ကို ဧည့်ခံရဖို့ရှိပြီး

အုပ်စုပထမဆုံးနှစ်ပွဲမှာ တစ်မှတ်မှမရသေးလို့ သူတို့အတွက် အရေးကြီးတဲ့ပွဲလည်း ဖြစ်နေပါတယ်။

ဒိုင်နမိုကိဗ်နဲ့ပွဲအပြီး နောက်တစ်ပတ်တနင်္ဂနွေမှာတော့ ဘာစီလိုနာဟာ လာလီဂါဇယားထိပ်ဆုံးက အယ်ကလက်စီကိုပြိုင်ဘက်ရီးရဲလ်ကို အိမ်ကွင်းဧည့်ခံကစားရဖို့ ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာလရွည္နားခဲ့ရတဲ့ အဂူ႐ိုနဲ႔ဒမ္ဘီလီတို႔ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္လို႔ ဘာကာအတြက္ အားတတ္စရာျဖစ္

ကာလရွည္နားခဲ့ရတဲ့တိုက္စစ္မႈးေတြျဖစ္ၾကတဲ့ အဂူ႐ိုနဲ႔ဒမ္ဘီလီတို႔ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ၿပီျဖစ္လို႔ ယက္ကန္ယက္ကန္ျဖစ္ေနတဲ့ဘာစီလိုနာတိုက္စစ္အတြက္ အားတက္စရာျဖစ္လာခဲ့ပါတယ္။

ဒမ္ဘီလီဟာ ဟန္ေဂရီနဲ႔ကစားခဲ့တဲ့ ျပင္သစ္ရဲ႕ယူ႐ိုပြဲစဥ္မွာ ညာဒူးဒဏ္ရာရသြားၿပီး ခြဲစိတ္မႈခံခဲ့ရၿပီးေနာက္ အသင္းရဲ႕ေလ့က်င့္ေရးအစီအစဥ္မွာ ပထမဆုံးအႀကိမ္ပါဝင္ႏိုင္ခဲ့တာပါ။

အဂူ႐ိုကေတာ့ ၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕မွာ မန္စီးတီးကေန အလြတ္ထြက္ခြာေၾကးနဲ႔ ေရာက္လာခဲ့ေပမယ့္ ၿပီးခဲ့တဲ့ၾသဂုတ္လ ၈ ရက္ေန႔ ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္တစ္ခုမွာ

ေျခသလုံးဒဏ္ရာရသြားၿပီးတည္းက ပထမဆုံးအႀကိမ္အေနနဲ႔ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့တာပါ။

အဲဒါေၾကာင့္လည္း အဂူ႐ိုဟာ အခုခ်ိန္ထိ အသင္းသစ္ဘာစီလိုနာအတြက္ ပြဲဦးထြက္ကစားေပးရျခင္း မရွိေသးပါဘူး။ ကစားသမားႏွစ္ေယာက္စလုံးဟာ

ဘာစီလိုနာရဲ႕ေလ့က်င့္ေရးအစီအစဥ္တစ္ခုမွာ ပါဝင္ခဲ့ေပမယ့္ နည္းျပေရာ္နယ္ကိုးမန္းေ႐ြးခ်ယ္ႏိုင္ဖို႔အတြက္ ေဆးစစ္ခ်က္အလုံးစုံကင္းစင္ဖို႔ လိုအပ္ေနပါေသးတယ္။

ဘာစီလိုနာဟာ လာမယ့္တနဂၤေႏြေန႔လာလီဂါမွာ ဗလင္စီယာကို ဧည့္ခံရဖို႔ရွိၿပီး ၿပိဳင္ပြဲအရပ္ရပ္ေနာက္ဆုံး ၆ ပြဲမွာေတာ့ တစ္ပြဲသာ အႏိုင္ရခဲ့ပါတယ္။

အဲဒီၿပိဳင္ပြဲစုံေနာက္ဆုံး ၆ ပြဲမွာ ဘာစီလိုနာဟာ ၄ ပြဲဂိုးမသြင္းႏိုင္ခဲ့တာျဖစ္လို႔ မက္ဆီမရွိေတာ့တဲ့ေနာက္ပိုင္း အဆိုးဆုံးအေျခအေနတစ္ခုနဲ႔ ႀကဳံေတြ႕ေနရတာပါ။

ဘာစီလိုနာဟာ ဗလင္စီယာနဲ႔ပြဲၿပီးရင္ လာမယ့္အပတ္ၾကားရက္ခ်န္ပီယံလိဂ္မွာ ဒိုင္နမိုကိဗ္ကို ဧည့္ခံရဖို႔ရွိၿပီး အုပ္စုပထမဆုံးႏွစ္ပြဲမွာ တစ္မွတ္မွမရေသးလို႔ သူတို႔အတြက္ အေရးႀကီးတဲ့ပြဲလည္း ျဖစ္ေနပါတယ္။

ဒိုင္နမိုကိဗ္နဲ႔ပြဲအၿပီး ေနာက္တစ္ပတ္တနဂၤေႏြမွာေတာ့ ဘာစီလိုနာဟာ လာလီဂါဇယားထိပ္ဆုံးက အယ္ကလက္စီကိုၿပိဳင္ဘက္ရီးရဲလ္ကို အိမ္ကြင္းဧည့္ခံကစားရဖို႔ ရွိပါတယ္။