ကာလတိုအတွင်းမှာပဲ ပရီးမီးယားလိဂ်သမိုင်းဝင် စံချိန်တစ်ခု ရယူခဲ့တဲ့ တူချယ်လ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချယ်လ်ဆီးအသင်းနည်းပြ တူချယ်လ်ဟာ အသင်းကို ကိုင်တွယ်တဲ့ကာလတိုအတွင်းမှာပဲ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ သမိုင်းဝင်စံချိန်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။

မနေ့က အဲဗာတန်နဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းဟာ အဲဗာတန်ကစားသမား ဂေါ့ဒ်ဖရေးရဲ့ OG ဂိုး၊ ယော်ဂျင်ဟိုရဲ့ ပယ်နယ်တီဂိုးတွေနဲ့အတူ (၂-ဝ)ဂိုးရလဒ်နဲ့အနိုင်ရခဲ့တာကြောင့် တူချယ်လ်ဟာ ပရီးမီးယားလိဂ်အသင်းတစ်သင်းကို စတင်ကိုင်တွယ်ပြီး အိမ်ကွင်း(၅)ပွဲဆက် ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက နည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရတဲ့ လမ်းပတ်ရဲ့နေရာမှာ အစားထိုးခန့်အပ်ခံခဲ့ရသူ တူချယ်လ်ဟာ သူ့လက်ထက်မှာ ချယ်လ်ဆီးအသင်းရဲ့ကစားဟန်ကို အပြောင်းအလဲလုပ်ခဲ့သလို သူကိုင်တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲဆက် ရှုံးပွဲမရှိအောင်စွမ်းဆောင်ထားသူပါ။

တူချယ်လ်ရဲ့ ချယ်လ်ဆီးနည်းပြဘ၀ ပထမဆုံးပွဲဦးထွက်ဖြစ်တဲ့ ဝုလ်ဗ်နဲ့ပရီးမီးယားလိဂ်ပွဲမှာ ချယ်လ်ဆီးအသင်းဟာ ဘောလုံးပိုင်ဆိုင်မှု စံချိန်တင်အဖြစ် (၇၈.၉%)၊ စံချိန်တင် ဘောလုံးပေးပို့မှု အကြိမ်ပေါင်(၈၂၀)စတဲ့ မှတ်တမ်းကောင်းတွေပိုင်ဆိုင်ခဲ့သလို အခုလည်း ပရီးမီးယားလိဂ်အိမ်ကွင်း (၅)ပွဲဆက်ပေးဂိုးမရှိဆိုတဲ့ စံချိန်တစ်ခုပါ ရရှိခဲ့တာဖြစ်ပါတယ်။

ဒါဟာ ချယ်လ်ဆီးအသင်းအတွက် ၂၀၁၅ ခုနှစ်နောက်ပိုင်း (၆)နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်အိမ်ကွင်း(၅)ပွဲဆက် ပေးဂိုးမရှိအောင်စွမ်းဆောင်နိုင်ခဲ့တာပါပဲ။ တူချယ်လ်ကိုင်တွယ်ခဲ့တဲ့ ပြိုင်ပွဲစုံ(၁၁)ပွဲမှာ ချယ်လ်ဆီးအသင်းဟာ (၈)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့ပြီး ပေးဂိုးအရေအတွက်က (၂)ဂိုးသာရှိတာကြောင့် ခံစစ်ပိုင်းစွမ်းဆောင်ရည်ပါ တိုးတက်လာတယ်လို့ပြောရမှာပါ။

လမ်းပတ်လက်ထက်တုန်းက ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ မသေချာဖြစ်နေတဲ့ ချယ်လ်ဆီးအသင်းဟာ အခု တူချယ်လ်ရဲ့ ဦးဆောင်မှုနဲ့အတူ အဆင့်(၄)နေရာမှာ ရပ်တည်နေပြီး အဆင့်(၂)နေရာကိုပါ ရယူဖို့ မျှော်လင့်ချက်ရှိနေပါပြီ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကာလတိုအတြင္းမွာပဲ ပရီးမီးယားလိဂ္သမိုင္းဝင္ စံခ်ိန္တစ္ခု ရယူခဲ့တဲ့ တူခ်ယ္လ္

ခ်ယ္လ္ဆီးအသင္းနည္းျပ တူခ်ယ္လ္ဟာ အသင္းကို ကိုင္တြယ္တဲ့ကာလတိုအတြင္းမွာပဲ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ သမိုင္းဝင္စံခ်ိန္တစ္ခုကို ပိုင္ဆိုင္ႏိုင္ခဲ့ပါၿပီ။ မေန႔က အဲဗာတန္နဲ႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ အဲဗာတန္ကစားသမား ေဂါ့ဒ္ဖေရးရဲ႕ OG ဂိုး၊ ေယာ္ဂ်င္ဟိုရဲ႕ ပယ္နယ္တီဂိုးေတြနဲ႔အတူ (၂-ဝ)ဂိုးရလဒ္နဲ႔အႏိုင္ရခဲ့တာေၾကာင့္ တူခ်ယ္လ္ဟာ ပရီးမီးယားလိဂ္အသင္းတစ္သင္းကို စတင္ကိုင္တြယ္ၿပီး အိမ္ကြင္း(၅)ပြဲဆက္ ေပးဂိုးမရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တဲ့ ပထမဆုံးနည္းျပအျဖစ္ မွတ္တမ္းဝင္သြားၿပီျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက နည္းျပရာထူးက ထုတ္ပယ္ခံခဲ့ရတဲ့ လမ္းပတ္ရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ခံခဲ့ရသူ တူခ်ယ္လ္ဟာ သူ႔လက္ထက္မွာ ခ်ယ္လ္ဆီးအသင္းရဲ႕ကစားဟန္ကို အေျပာင္းအလဲလုပ္ခဲ့သလို သူကိုင္တြယ္ခဲ့တဲ့ ၿပိဳင္ပြဲစုံ(၁၁)ပြဲဆက္ ရႈံးပြဲမရွိေအာင္စြမ္းေဆာင္ထားသူပါ။

တူခ်ယ္လ္ရဲ႕ ခ်ယ္လ္ဆီးနည္းျပဘ၀ ပထမဆုံးပြဲဦးထြက္ျဖစ္တဲ့ ဝုလ္ဗ္နဲ႔ပရီးမီးယားလိဂ္ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ ေဘာလုံးပိုင္ဆိုင္မႈ စံခ်ိန္တင္အျဖစ္ (၇၈.၉%)၊ စံခ်ိန္တင္ ေဘာလုံးေပးပို႔မႈ အႀကိမ္ေပါင္(၈၂၀)စတဲ့ မွတ္တမ္းေကာင္းေတြပိုင္ဆိုင္ခဲ့သလို အခုလည္း ပရီးမီးယားလိဂ္အိမ္ကြင္း (၅)ပြဲဆက္ေပးဂိုးမရွိဆိုတဲ့ စံခ်ိန္တစ္ခုပါ ရရွိခဲ့တာျဖစ္ပါတယ္။ ဒါဟာ ခ်ယ္လ္ဆီးအသင္းအတြက္ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း (၆)ႏွစ္အတြင္းပထမဆုံးအႀကိမ္အျဖစ္ ပရီးမီးယားလိဂ္အိမ္ကြင္း(၅)ပြဲဆက္ ေပးဂိုးမရွိေအာင္စြမ္းေဆာင္ႏိုင္ခဲ့တာပါပဲ။ တူခ်ယ္လ္ကိုင္တြယ္ခဲ့တဲ့ ၿပိဳင္ပြဲစုံ(၁၁)ပြဲမွာ ခ်ယ္လ္ဆီးအသင္းဟာ (၈)ပြဲႏိုင္၊ (၃)ပြဲသေရက်ခဲ့ၿပီး ေပးဂိုးအေရအတြက္က (၂)ဂိုးသာရွိတာေၾကာင့္ ခံစစ္ပိုင္းစြမ္းေဆာင္ရည္ပါ တိုးတက္လာတယ္လို႔ေျပာရမွာပါ။ လမ္းပတ္လက္ထက္တုန္းက ခ်န္ပီယံလိဂ္ဝင္ခြင့္ရဖို႔ မေသခ်ာျဖစ္ေနတဲ့ ခ်ယ္လ္ဆီးအသင္းဟာ အခု တူခ်ယ္လ္ရဲ႕ ဦးေဆာင္မႈနဲ႔အတူ အဆင့္(၄)ေနရာမွာ ရပ္တည္ေနၿပီး အဆင့္(၂)ေနရာကိုပါ ရယူဖို႔ ေမွ်ာ္လင့္ခ်က္ရွိေနပါၿပီ။