
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ကာမာဗင်ဂါက ရီးရဲလ်မက်ဒရစ်အသင်းကိုပြောင်းရွှေ့လိုတာကြောင့် ယူနိုက်တက်အသင်းရဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ ရှင်းပြခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရန်းနက်စ်ကွင်းလယ်လူကိုခေါ်ယူဖို့ အပြောင်းအရွှေ့ရာသီစတင်ကတည်းက ခေါ်ယူဖို့ကြိုးစားခဲ့တာဖြစ်ပေမယ့် နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
” ကျွန်တော် တွေးမိတဲ့ ပထမဆုံး အချက်က ငွေကြေး မဟုတ်ခဲ့ရပါဘူး။
ဒီမှာ ကစားခွင့် ရရှိဖို့ ၊ အိပ်မက်တွေ အကောင်အထည် ဖော်ဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော် ရီးရဲလ် မက်ဒရစ် အတွက် ကစားခွင့် ရမယ်လို့ သိခဲ့လိုက်ရချိန်မှာ နှစ်ခါပြန် စဉ်းစားဖို့ မလိုအပ်ခဲ့ပါဘူး ”
” ကျွန်တော်နဲ့ ကျွန်တော့် မိသားစုက အနာဂတ်မှာ ဘာတွေ ဆက်လုပ်မလဲဆိုတာ တွေးတောခဲ့ကြပါတယ်။
ဒါဟာ အသေအချာတွေးတောပြီး လုပ်ဆောင်ခဲ့တဲ့ အပြောင်းအရွှေ့ တစ်ခုပါ။
အသက် 16 နှစ် အရွယ်တုန်းက ကျွန်တော် ကို ဘယ်ကမှ မခေါ်ယူခဲ့ပါဘူး။”
” ရီးရဲလ်မက်ဒရစ် အသင်းက ကျွန်တော့်ကို စိတ်ဝင်စားနေတာ ကျွန်တော် သိခဲ့ရပါတယ်။
အဲဒီကိစ္စကိုတော့ စိတ်ဝင်တစားနဲ့ လိုက်လုပ်ပေးခဲ့တာက ကျွန်တော့် မိဘတွေ ကိုယ်တိုင်ပါပဲ ” လို့ ကာမာဗင်ဂါက ပြောပါတယ်။
ကာမာဗင်ဂါကိုစိတ်ဝင်စားခဲ့တဲ့အသင်းတွေထဲမှာ ယူနိုက်တက်အပြင် ပီအက်စ်ဂျီအသင်းလည်းပါဝင်ခဲ့တာဖြစ်ပြီး ပြင်သစ်သားလေးရဲ့စာချုပ်ဟာ လာမယ့်ရာသီမှာကုန်ဆုံးမှာဖြစ်ပါတယ်။
ကာမာဗင်ဂါဟာ 2019 ခုနှစ် တုန်းက အသက် 16 နှစ် အရွယ်မှာပဲ ရန်းနက်စ်အသင်းအတွက် စတင် ကစားပေးခဲ့ရင်း ထွန်းတောက်လာခဲ့တဲ့ လူငယ် ကစားသမားလေး တစ်ဦး ဖြစ်ပြီး
ပုံစံကောင်း ပြသနိုင်ခဲ့တဲ့ အတွက် ဥရောပ ထိပ်သီး ကလပ်တွေရဲ့ စိတ်ဝင်စားမှု ရရှိခဲ့သလို ပြင်သစ် လက်ရွေးစင် အသင်းမှာလည်း ပါဝင်ခွင့် ရရှိသူ ဖြစ်ခဲ့ရပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
ကာမာဗင္ဂါ ယူႏိုက္တက္ကို မ်က္ႏွာလြဲ ပယ္ခ်ခဲ့တဲ့ အေၾကာင္း
ကာမာဗင္ဂါက ရီးရဲလ္မက္ဒရစ္အသင္းကိုေျပာင္းေ႐ႊ႕လိုတာေၾကာင့္ ယူႏိုက္တက္အသင္းရဲ႕ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ ရွင္းျပခဲ့ပါတယ္။ယူႏိုက္တက္ဟာ ရန္းနက္စ္ကြင္းလယ္လူကိုေခၚယူဖို႔ အေျပာင္းအေ႐ႊ႕ရာသီစတင္ကတည္းက ေခၚယူဖို႔ႀကိဳးစားခဲ့တာျဖစ္ေပမယ့္ ေနာက္ဆုံးမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းထံ ေျပာင္းေ႐ႊ႕သြားခဲ့တာျဖစ္ပါတယ္။
” ကြၽန္ေတာ္ ေတြးမိတဲ့ ပထမဆုံး အခ်က္က ေငြေၾကး မဟုတ္ခဲ့ရပါဘူး ။ ဒီမွာ ကစားခြင့္ ရရွိဖို႔ ၊ အိပ္မက္ေတြ အေကာင္အထည္ ေဖာ္ဖို႔ပဲ ျဖစ္ပါတယ္ ။ ကြၽန္ေတာ္ ရီးရဲလ္ မက္ဒရစ္ အတြက္ ကစားခြင့္ ရမယ္လို႔ သိခဲ့လိုက္ရခ်ိန္မွာ ႏွစ္ခါျပန္ စဥ္းစားဖို႔ မလိုအပ္ခဲ့ပါဘူး ”
” ကြၽန္ေတာ္နဲ႔ ကြၽန္ေတာ့္ မိသားစုက အနာဂတ္မွာ ဘာေတြ ဆက္လုပ္မလဲဆိုတာ ေတြးေတာခဲ့ၾကပါတယ္ ။ ဒါဟာ အေသအခ်ာေတြးေတာၿပီး လုပ္ေဆာင္ခဲ့တဲ့ အေျပာင္္းအေ႐ႊ႕ တစ္ခုပါ ။ အသက္ 16 ႏွစ္ အ႐ြယ္တုန္းက ကြၽန္ေတာ္္ ကို ဘယ္ကမွ မေခၚယူခဲ့ပါဘူး။”
” ရီးရဲလ္မက္ဒရစ္ အသင္းက ကြၽန္ေတာ့္ကို စိတ္ဝင္စားေနတာ ကြၽန္ေတာ္ သိခဲ့ရပါတယ္ ။ အဲဒီကိစၥကိုေတာ့ စိတ္ဝင္တစားနဲ႔ လိုက္လုပ္ေပးခဲ့တာက ကြၽန္ေတာ့္ မိဘေတြ ကိုယ္တိုင္ပါပဲ ” လို႔ ကာမာဗင္ဂါက ေျပာပါတယ္။
ကာမာဗင္ဂါကိုစိတ္ဝင္စားခဲ့တဲ့အသင္းေတြထဲမွာ ယူႏိုက္တက္အျပင္ ပီအက္စ္ဂ်ီအသင္းလည္းပါဝင္ခဲ့တာျဖစ္ၿပီး ျပင္သစ္သားေလးရဲ႕စာခ်ဳပ္ဟာ လာမယ့္ရာသီမွာကုန္ဆုံးမွာျဖစ္ပါတယ္။
ကာမာဗင္ဂါဟာ 2019 ခုႏွစ္ တုန္းက အသက္ 16 ႏွစ္ အ႐ြယ္မွာပဲ ရန္းနက္စ္အသင္းအတြက္ စတင္ ကစားေပးခဲ့ရင္း ထြန္းေတာက္လာခဲ့တဲ့ လူငယ္ ကစားသမားေလး တစ္ဦး ျဖစ္ၿပီး ပုံစံေကာင္း ျပသႏိုင္ခဲ့တဲ့ အတြက္ ဥေရာပ ထိပ္သီး ကလပ္ေတြရဲ႕ စိတ္ဝင္စားမႈ ရရွိခဲ့သလို ျပင္သစ္ လက္ေ႐ြးစင္ အသင္းမွာလည္း ပါဝင္ခြင့္ ရရွိသူ ျဖစ္ခဲ့ရပါတယ္။