
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမား တစ်ဦး ဖြစ်တဲ့ ပြင်သစ်ကလပ် ရန်းနက်စ်အသင်းရဲ့ လူငယ် ကွင်းလယ်လူ ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သိရပါတယ်။
အသက် ၁၈နှစ် အရွယ်သာ ရှိသေးတဲ့ ကာမာဗင်ဂါဟာ အသက် ၁၆နှစ် အရွယ်ကတည်းက ဥရောပတလွှားမှာ အကောင်းဆုံး ဆယ်ကျော်သက် ကွင်းလယ်လူ အဖြစ် သတ်မှတ်ခြင်းကို ခံထားရသူ ဖြစ်ပြီး ယူနိုက်တက်အသင်းဟာ အဲဒီအချိန်ကတည်းက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပဲ ဖြစ်ပါတယ်။
ကာမာဗင်ဂါဟာ ရန်းနက်စ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်တာကြောင့် ရန်းနက်စ်အသင်းဟာ
သူ့ကို ယခုနှစ် နွေဈေးကွက် အတွင်းမှာပဲ မဖြစ်မနေ ရောင်းချရတော့မှာ ဖြစ်ကာ လက်ရှိမှာတော့ ကာမာဗင်ဂါကို ခေါ်ယူဖို့ အတွက် ယူနိုက်တက်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေကြပါတယ်။
ယုံကြည်ရတဲ့ သတင်းထောက် ရိုမန်နိုက “ ယူနိုက်တက်အသင်းဟာအီကွာဒို ကာမာဗင်ဂါကို ခေါ်ယူနိုင်ဖို့ တိုက်ရိုက်ချိတ်ဆက်မှုတွေတိုးမြှင့်လုပ်ဆောင်နေတယ်။
ရန်းနက်စ်က လာမယ့်နွေရာသီမှာ အလွတ်ပြောင်းရွေ့ခွင့်ပြုရမှာ စိုးရိမ်တဲ့အတွက်ပြောင်းရွေ့ကြေးယူရိုသန်း ( ၃၀ ) ဝန်းကျင်နဲ့ ဆွေးနွေးလိုပါတယ်။”
“သူက ယူနိုက်တက်ရဲ့ ကာလာရှည်ပစ်မှတ်တစ်ခုဖြစ်ပြီး ပီအက်ဂျီအသင်းကလည်စိတ်ဝင်စားနေပါတယ်။”လို့ ပြောဆိုပါတယ်။
ကာမာဗင်ဂါက ဥရောပ ဘောလုံးလောကရဲ့ အကောင်းဆုံး လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ပေါလ် ပေါ့ဘာနေရာကာလရှည်အစားထိုးဖို့ ဖြစ်နိုင်ပါတယ်။
အန်ဂိုလိုဖွား ကွင်းလယ်လူဟာ အခုမှ အသက် ၁၈ နှစ်ပဲ ရှိသေးပေမယ့် ရန်းနက်စ်မှာ ပြသနိုင်တဲ့ စွမ်းဆောင်ရည်တွေကြောင့် ပြင်သစ်လက်ရွေးစင်အသင်းအတွက်လည်း ၃ ပွဲ ကစားခွင့်ရထားပြီး ကိုယ်တိုင် ၁ ဂိုး သွင်းယူထားနိုင်သူဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကာမာဗင္ဂါကို ေခၚယူႏိုင္ေတာ့မယ့္ ယူႏိုက္တက္
ယူႏိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ ကာလရွည္ ပစ္မွတ္ ကစားသမား တစ္ဦး ျဖစ္တဲ့ ျပင္သစ္ကလပ္ ရန္းနက္စ္အသင္းရဲ႕ လူငယ္ ကြင္းလယ္လူ ကာမာဗင္ဂါကို ေခၚယူႏိုင္ဖို႔ နီးစပ္ေနေၾကာင္း သိရပါတယ္။
အသက္ ၁၈ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ကာမာဗင္ဂါဟာ အသက္ ၁၆ႏွစ္ အ႐ြယ္ကတည္းက ဥေရာပတလႊားမွာ အေကာင္းဆုံး ဆယ္ေက်ာ္သက္ ကြင္းလယ္လူ အျဖစ္ သတ္မွတ္ျခင္းကို ခံထားရသူ ျဖစ္ၿပီး ယူႏိုက္တက္အသင္းဟာ အဲဒီအခ်ိန္ကတည္းက သူ႔ကို ေခၚယူဖို႔ စိတ္ဝင္စားေနတာပဲ ျဖစ္ပါတယ္။
ကာမာဗင္ဂါဟာ ရန္းနက္စ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္တာေၾကာင့္ ရန္းနက္စ္အသင္းဟာ သူ႔ကို ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာပဲ မျဖစ္မေန ေရာင္းခ်ရေတာ့မွာ ျဖစ္ကာ လက္ရွိမွာေတာ့ ကာမာဗင္ဂါကို ေခၚယူဖို႔ အတြက္ ယူႏိုက္တက္အသင္းနဲ႔ ပီအက္စ္ဂ်ီအသင္းတို႔က စိတ္ဝင္စားေနၾကပါတယ္။
ယုံၾကည္ရတဲ့ သတင္းေထာက္ ႐ိုမန္ႏိုက “ ယူႏိုက္တက္အသင္းဟာအီကြာဒို ကာမာဗင္ဂါကို ေခၚယူႏိုင္ဖို႔ တိုက္႐ိုက္ခ်ိတ္ဆက္မႈေတြတိုးျမႇင့္လုပ္ေဆာင္ေနတယ္။ရန္းနက္စ္က လာမယ့္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ခြင့္ျပဳရမွာ စိုးရိမ္တဲ့အတြက္ေျပာင္းေ႐ြ႕ေၾကးယူ႐ိုသန္း ( ၃၀ ) ဝန္းက်င္နဲ႔ ေဆြးေႏြးလိုပါတယ္။”
“သူက ယူႏိုက္တက္ရဲ႕ ကာလာရွည္ပစ္မွတ္တစ္ခုျဖစ္ၿပီး ပီအက္ဂ်ီအသင္းကလည္စိတ္ဝင္စားေနပါတယ္။”လို႔ ေျပာဆိုပါတယ္။ကာမာဗင္ဂါက ဥေရာပ ေဘာလုံးေလာကရဲ႕ အေကာင္းဆုံး လူငယ္ကစားသမားတစ္ဦးျဖစ္ၿပီး ေပါလ္ ေပါ့ဘာေနရာကာလရွည္အစားထိုးဖို႔ ျဖစ္ႏိုင္ပါတယ္။
အန္ဂိုလိုဖြား ကြင္းလယ္လူဟာ အခုမွ အသက္ ၁၈ ႏွစ္ပဲ ရွိေသးေပမယ့္ ရန္းနက္စ္မွာ ျပသႏိုင္တဲ့ စြမ္းေဆာင္ရည္ေတြေၾကာင့္ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္လည္း ၃ ပြဲ ကစားခြင့္ရထားၿပီး ကိုယ္တိုင္ ၁ ဂိုး သြင္းယူထားႏိုင္သူျဖစ္ပါတယ္။