ကာဗာနီအပြောင်းအရွှေ့အတွက် မန်ယူတိုက်စစ်မှုးဟောင်းဆာဟာရဲ့အမြင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

ကာဗာနီဟာ မန်ယူအတွက် ထိပ်တန်းခေါ်ယူမှုတစ်ခုဖြစ်လာလိမ့်မယ်လို့ အသင်းတိုက်စစ်မှုးဟောင်းဆာဟာက သုံးသပ်ပြောကြားလိုက်ပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေ သဘောတူညီထားပြီးဖြစ်လို့ ၃၃ နှစ်အရွယ် အဲဒီဥရုဂွေးသားတိုက်စစ်မှုးဟာ ဆေးစစ်ဖို့အတွက် ဒီကနေ့(တနင်္ဂနွေနေ့)မှာပဲ  မန်ချက်စတာကို လာရောက်မှာ ဖြစ်ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့ဇွန်လကမှ ပီအက်စ်ဂျီကနေ အလွတ်ထွက်ခွာလာခဲ့တာပါ။ သူဟာ အဲဒီပြင်သစ်ချန်ပီယံအသင်းမှာ ၇ နှစ်ကြာကစားခဲ့ပြီး စုစုပေါင်း ၃၀၁ ပွဲမှာ ဂိုး ၂၀၀ သွင်းခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းသူလည်း ဖြစ်ခဲ့တာပါ။

ဆိုးလ်ရှားဟာ ပြီးခဲ့တဲ့ရာသီက နံပါတ် ၉ နေရာအတွက် မာရှယ်ကိုယုံကြည်ခဲ့သလို အီဂါလိုကိုလည်း  အရန်အဖြစ် အင်အားဖြည့်ပေးခဲ့တာပါ။ ဒါပေမဲ့ တိုက်စစ်ပိုင်းအတွက် ကျေနပ်အားရမှုမရှိသေးတာကြောင့် ဂိုးသွင်းမှတ်တမ်းကောင်းလည်းရှိ၊ အတွေ့ကြုံလည်းရင့်တဲ့ ကာဗာနီကို ခေါ်ယူဖို့လုပ်ခဲ့တာပါ။

ကာဗာနီဟာ မကြာသေးခင်ရက်ပိုင်းကပဲ သူ့ရဲ့ဥရုဂွေးတိုက်စစ်ကစားဖော်ဆွာရက်ဇ်ရှိရာ အက်သလက်တီကိုနဲ့သတင်းထွက်ခဲ့သေးပေမယ့် အခုတော့ အိုးလ်ထရက်ဖို့ဒ်ကို ရောက်လာပါတော့မယ်။ ဆာဟာကလည်း ကာဗာနီဟာ သူ့ရဲ့အသင်းဟောင်းအတွက် အကျိုးပြုပေးနိုင်မယ့်သူလို့ ယုံကြည်နေပြီး ဒီအပြောင်းအရွှေ့အပေါ်မှာ စိတ်လှုပ်ရှားနေပါတယ်။

”ကာဗာနီဟာ ထိပ်တန်းခေါ်ယူမှုတစ်ခုပါပဲ။ ဂိုးသွင်းကောင်းသူဖြစ်သလို ကြိုးပမ်းအားထုတ်မှုကောင်းသူလည်း ဖြစ်ပါတယ်”ဆာဟာက ဆိုရှယ်မီဒီယာပေါ်မှာ ရေးတင်ခဲ့တာပါ။ ဆာဟာဟာ ပြီးခဲ့တဲ့လကတည်းက ကာဗာနီကိုခေါ်ယူဖို့ တိုက်တွန်းခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

Zawgyi

ကာဗာနီအေျပာင္းအေရႊ႕အတြက္ မန္ယူတိုက္စစ္မႈးေဟာင္းဆာဟာရဲ႕အျမင္

ကာဗာနီဟာ မန္ယူအတြက္ ထိပ္တန္းေခၚယူမႈတစ္ခုျဖစ္လာလိမ့္မယ္လုိ႔ အသင္းတိုက္စစ္မႈးေဟာင္းဆာဟာက သုံးသပ္ေျပာၾကားလုိက္ပါတယ္။ ပုဂၢိဳလ္ေရးဆုိင္ရာအခ်က္အလက္ေတြ သေဘာတူညီထားၿပီးျဖစ္လို႔ ၃၃ ႏွစ္အရြယ္ အဲဒီဥရုေဂြးသားတုိက္စစ္မႈးဟာ ေဆးစစ္ဖို႔အတြက္ ဒီကေန႔(တနဂၤေႏြေန႔)မွာပဲ  မန္ခ်က္စတာကို လာေရာက္မွာ ျဖစ္ပါတယ္။

ကာဗာနီဟာ ၿပီးခဲ့တဲ့ဇြန္လကမွ ပီအက္စ္ဂ်ီကေန အလြတ္ထြက္ခြာလာခဲ့တာပါ။ သူဟာ အဲဒီျပင္သစ္ခ်န္ပီယံအသင္းမွာ ၇ ႏွစ္ၾကာကစားခဲ့ၿပီး စုစုေပါင္း ၃၀၁ ပြဲမွာ ဂိုး ၂၀၀ သြင္းခဲ့ကာ အသင္းသမုိင္းတစ္ေလွ်ာက္ ဂိုးအမ်ားဆံုးသြင္းသူလည္း ျဖစ္ခဲ့တာပါ။

ဆိုးလ္ရွားဟာ ၿပီးခဲ့တဲ့ရာသီက နံပါတ္ ၉ ေနရာအတြက္ မာရွယ္ကုိယုံၾကည္ခဲ့သလုိ အီဂါလိုကိုလည္း  အရန္အျဖစ္ အင္အားျဖည့္ေပးခဲ့တာပါ။ ဒါေပမဲ့ တိုက္စစ္ပိုင္းအတြက္ ေက်နပ္အားရမႈမရွိေသးတာေၾကာင့္ ဂိုးသြင္းမွတ္တမ္းေကာင္းလည္းရွိ၊ အေတြ႕ႀကဳံလည္းရင့္တဲ့ ကာဗာနီကို ေခၚယူဖို႔လုပ္ခဲ့တာပါ။

ကာဗာနီဟာ မၾကာေသးခင္ရက္ပိုင္းကပဲ သူ႔ရဲ႕ဥရုေဂြးတိုက္စစ္ကစားေဖာ္ဆြာရက္ဇ္ရွိရာ အက္သလက္တီကိုနဲ႔သတင္းထြက္ခဲ့ေသးေပမယ့္ အခုေတာ့ အိုးလ္ထရက္ဖုိ႔ဒ္ကို ေရာက္လာပါေတာ့မယ္။ ဆာဟာကလည္း ကာဗာနီဟာ သူ႔ရဲ႕အသင္းေဟာင္းအတြက္ အက်ိဳးျပဳေပးႏိုင္မယ့္သူလုိ႔ ယုံၾကည္ေနၿပီး ဒီအေျပာင္းအေရႊ႕အေပၚမွာ စိတ္လႈပ္ရွားေနပါတယ္။

”ကာဗာနီဟာ ထိပ္တန္းေခၚယူမႈတစ္ခုပါပဲ။ ဂုိးသြင္းေကာင္းသူျဖစ္သလို ႀကိဳးပမ္းအားထုတ္မႈေကာင္းသူလညး္ ျဖစ္ပါတယ္”ဆာဟာက ဆုိရွယ္မီဒီယာေပၚမွာ ေရးတင္ခဲ့တာပါ။ ဆာဟာဟာ ၿပီးခဲ့တ့ဲလကတည္းက ကာဗာနီကိုေခၚယူဖို႔ တိုက္တြန္းခ့ဲတာပါ။