ကာဗာနီအတွက် တန်ကြေးပေါင် ၁၂ သန်းရှိတဲ့ အငှားကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ချဲလ်ဆီး

photo-daily mail

photo-gettyimages

ချဲလ်ဆီးအသင်းဟာ ကျန်ရာသီတစ်လျှေက်လုံးအတွက် ပီအက်စ်ဂျီကနေ တိုက်စစ်မှုးကာဗာနီကို အငှားခေါ်ဖို့ ကမ်းလှမ်းမှုတစ်ခုပြုလုပ်လိုက်ကြောင်း The Times သတင်းစာကြီးက ဖော်ပြလိုက်ပါတယ်။ ချဲလ်ဆီးနည်းပြလမ်းပတ်ဟာ တိုက်စစ်မှုးသစ်တစ်ယောက် ရှာဖွေနေတာဖြစ်ပြီး ၃၂ နှစ်အရွယ် အဲဒီဥရုဂွေးသားဟာ သူလေးစားရသူတစ်ဦးဖြစ်ကြောင်းလည်း အခုအပတ်အစောပိုင်းက ဖွင့်ဟခဲ့ပါတယ်။

photo-gettyimages

အခုတော့ ချဲလ်ဆီးဟာ ကာဗာနီအတွက် တရားဝင်ကမ်းလှမ်းမှုတစ်ခု ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ အဲဒီကမ်းလှမ်းမှုမှာ ကာဗာနီရဲ့တစ်ပတ်လစာ ပေါင် ၃၆၀၀၀၀ အပြင် အငှားကြေးလည်း ပါဝင်တာပါ။ လီဂူး ၁ ချန်ပီယံအသင်းကတော့ ဒီလမှာ ထွက်ခွာတော့မယ့် သူတို့ရဲ့တိုက်စစ်မှုးအတွက် အနည်းပေါင် ၅ သန်းလိုချင်နေတယ်လို့ ဆိုကြပါတယ်။ ဒါပေမဲ့ ပီအက်စ်ဂျီနဲ့ကာဗာနီတို့ရဲ့စာချုပ်သက်တမ်းဟာ အခုရာသီကုန်တာနဲ့ သက်တမ်းကုန်မှာပါ။

photo-gettyimages

ဒါ့အပြင် ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေဟာ ဒီလထဲမှာပဲ ကာဗာနီကို အပြီးရောင်းချဖို့ ပိုပြီးဆန္ဒရှိနေကြပါတယ်။ အဲဒီနာပိုလီကြယ်ပွင့်ဟောင်းအတွက် ပေါင် ၂၃ သန်းအထိ ရနိုင်တယ်လို့ သူတို့က ယုံကြည်နေကြတာပါ။ ချဲလ်ဆီးရဲ့အခုကမ်းလှမ်းမှုဟာ ကစားသမား စာချုပ်သက်တမ်းကုန်ဆုံးမယ့်ရာသီကုန်အထိဆိုရင် ပေါင် ၁၂ သန်းအထက် ကုန်ကျမှာ ဖြစ်ပါတယ်။ ကစားသမားကတော့ လာလီဂါအသင်းကြီးတစ်ခုဖြစ်တဲ့ အက်သလက်တီကိုကိုသာ ပိုပြောင်းချင်နေပြီး အခုလအစောပိုင်းမှာ ကာဗာနီအတွက် တီကိုရဲ့ပေါင် ၈.၅ သန်းနဲ့ ကမ်းလှမ်းလာမှုကို ပီအက်စ်ဂျီက ပယ်ချထားပါတယ်။

[Zawgyi]

ကာဗာနီအတြက္ တန္ေၾကးေပါင္ ၁၂ သန္းရွိတဲ့ အငွားကမ္းလွမး္မႈျပဳလုပ္လိုက္တဲ့ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးအသင္းဟာ က်န္ရာသီတစ္ေလွ်က္လုံးအတြက္ ပီအက္စ္ဂ်ီကေန တိုက္စစ္မႈးကာဗာနီကို အငွားေခၚဖုိ႔ ကမ္းလွမ္းမႈတစ္ခုျပဳလုပ္လုိက္ေၾကာင္း The Times သတင္းစာႀကီးက ေဖာ္ျပလိုက္ပါတယ္။ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ဟာ တိုက္စစ္မႈးသစ္တစ္ေယာက္ ရွာေဖြေနတာျဖစ္ၿပီး ၃၂ ႏွစ္အရြယ္ အဲဒီဥရုေဂြးသားဟာ သူေလးစားရသူတစ္ဦးျဖစ္ေၾကာင္းလည္း အခုအပတ္အေစာပိုင္းက ဖြင့္ဟခဲ့ပါတယ္။

အခုေတာ့ ခ်ဲလ္ဆီးဟာ ကာဗာနီအတြက္ တရား၀င္ကမ္းလွမ္းမႈတစ္ခု ျပဳလုပ္လုိက္ၿပီ ျဖစ္ပါတယ္။ အဲဒီကမ္းလွမ္းမႈမွာ ကာဗာနီရဲ႕တစ္ပတ္လစာ ေပါင္ ၃၆၀၀၀၀ အျပင္ အငွားေၾကးလည္း ပါ၀င္တာပါ။ လီဂူး ၁ ခ်န္ပီယံအသင္းကေတာ့ ဒီလမွာ ထြက္ခြာေတာ့မယ့္ သူတုိ႔ရဲ႕တုိက္စစ္မႈးအတြက္ အနည္းေပါင္ ၅ သန္းလိုခ်င္ေနတယ္လုိ႔ ဆိုၾကပါတယ္။ ဒါေပမဲ့ ပီအက္စ္ဂ်ီနဲ႔ကာဗာနီတုိ႔ရဲ႕စာခ်ဳပ္သက္တမ္းဟာ အခုရာသီကုန္တာနဲ႔ သက္တမ္းကုန္မွာပါ။

ဒါ့အျပင္ ပီအက္စ္ဂ်ီအသင္းတာ၀န္ရွိသူေတြဟာ ဒီလထဲမွာပဲ ကာဗာနီကို အၿပီးေရာင္းခ်ဖို႔ ပိုၿပီးဆႏၵရွိေနၾကပါတယ္။ အဲဒီနာပိုလီၾကယ္ပြင့္ေဟာင္းအတြက္ ေပါင္ ၂၃ သန္းအထိ ရႏိုင္တယ္လို႔ သူတို႔က ယုံၾကည္ေနၾကတာပါ။ ခ်ဲလ္ဆီးရဲ႕အခုကမ္းလွမ္းမႈဟာ ကစားသမား စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ရာသီကုန္အထိဆိုရင္ ေပါင္ ၁၂ သန္းအထက္ ကုန္က်မွာ ျဖစ္ပါတယ္။ ကစားသမားကေတာ့ လာလီဂါအသင္းႀကီးတစ္ခုျဖစ္တဲ့ အက္သလက္တီကိုကုိသာ ပိုေျပာင္းခ်င္ေနၿပီး အခုလအေစာပိုင္းမွာ ကာဗာနီအတြက္ တီကိုရဲ႕ေပါင္ ၈.၅ သန္းနဲ႔ ကမ္းလွမ္းလာမႈကို ပီအက္စ္ဂ်ီက ပယ္ခ်ထားပါတယ္။