ကာဗာနီအကြောင်း နဲ့ အခြား သတင်းတိုများ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တိုက်စစ်မှူး ကာဗာနီဟာ မန်ချက်စတာမြို့သို့ရောက်ရှိ လာပြီဖြစ်ကြောင်းသိရပါတယ်။

ဒါပေမယ့် ယူနိုက် တက်နှင့် လေ့ကျင့်ခန်းအစီအစဉ်အားယခုတစ်ပတ်တည်းတွင် မပူးပေါင်းနိုင်ရင်တောင် လာမယ့် တစ်ပတ်တွင်ပူးပေါင်းဖို့ သေချာမှုရှိပါတယ်။

ချယ်လ်ဆီး နဲ့ အက်သလက်တီကို မက်ဒရစ် တိုက်စစ်မှူးဟောင်းကြီး ဒီယေဂို ကော်စတာ ကတော့ ဘရာဇီး ပြည်တွင်း ကလပ် အက်သလက်တစ် မင်နဲရိုး အသင်းနဲ့ ၁ ရာသီ ကစားဖို့ စာချုပ် ချုပ်ဆို တော့မယ်လို့ သတင်း ကြားသိရပါတယ်။

ဥရောပ ဘောလုံး အဖွဲ့ချုပ် UEFA ဟာ လက်ရှိ ကလပ် အသင်းတွေ အပေါ် အသုံးပြု နေတဲ့ ဘဏ္ဍာရေး စည်းမျဉ်း ( Financial Fair Play – FFP ) ကို လုပ်ခ လစာ နဲ့ အထူးအခွန် ခံစားခွင့် စည်းမျဉ်းတွေ နဲ့ ပြောင်းလဲ အစားထိုးဖို့ အဆိုပြု ထားတယ်လို့ သိရ ပါတယ်။

ယူနိုက်တက်ဘုတ်အဖွဲ့အနေနဲ့ ပါရဲရားကို ရောင်းချပြီး ကွင်းလယ်ပစ်မှတ် ၃ ဦးဖြစ်တဲ့ အက်ဒွာဒို ကာမာဗင်ဂါနဲ့ ဆာအူးလ် ညီးရက်ဇ်တို့ထဲက တစ်ဦးကို အပြောင်းအရွှေ့တံခါးမပိတ်ခင် အိုးထရက်ဖို့ဒ်ဆီ ခေါ်ဆောင်နိုင်ဖို့ ညှိနှိုင်းမှုအဆင့်တွေကို အရှိန်မြှင့်လုပ်ဆောင်နေကြောင်း ကြားသိရပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ကွင်းလယ်လူ သောမတ်စ် ပါတေးကို သုံးပတ်လောက် ဆုံးရှုံးရဖို့ ရှိနေသလို ဘရာဇီးလ် အိုလံပစ်အသင်းရဲ့ ပြိုင်ပွဲကြို လေ့ကျင့်ခန်း အစီအစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး အနားယူနေရတဲ့ နောက်ခံလူ ဂါဘရီယယ်လ်ကိုလည်း ဩဂုတ်လကုန်မှာမှ ပြန်လည်အသုံးပြုနိုင်ဖို့ရှိနေပါတယ်။

၂၀၂၁ တစ်နှစ်လုံး မရပ် မနား ကစား ထားခဲ့တဲ့ စပိန် ကြယ်ပွင့်လေး ပီဒရီ ဟာ အိုလံပစ် ပြိုင်ပွဲ အပြီး ၅ ရက် အကြာမှာပဲ ဘာစီလိုနာ အသင်းနဲ့ ရာသီကြို လေ့ကျင့်မှုတွေကို ပြန်လည် ပြုလုပ် ခဲ့ပြီလို့ သိရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကာဗာနီအ​ေၾကာင္း နဲ႔ အျခား သတင္းတိုမ်ား

တိုက္စစ္မႉး ကာဗာနီဟာ မန္ခ်က္စတာၿမိဳ႕သို႔ေရာက္ရွိ လာၿပီျဖစ္ေၾကာင္းသိရပါတယ္။ဒါ​ေပမယ့္ ယူႏိုက္ တက္ႏွင့္ ေလ့က်င့္ခန္းအစီအစဥ္အားယခုတစ္ပတ္တည္းတြင္ မပူးေပါင္းႏိုင္ရင္ေတာင္ လာမယ့္ တစ္ပတ္တြင္ပူးေပါင္းဖို႔ ေသခ်ာမႈရွိပါတယ္။

ခ်ယ္လ္ဆီး နဲ႔ အက္သလက္တီကို မက္ဒရစ္ တိုက္စစ္မႉးေဟာင္းႀကီး ဒီေယဂို ေကာ္စတာ ကေတာ့ ဘရာဇီး ျပည္တြင္း ကလပ္ အက္သလက္တစ္ မင္နဲ႐ိုး အသင္းနဲ႔ ၁ ရာသီ ကစားဖို႔ စာခ်ဳပ္ ခ်ဳပ္ဆို ေတာ့မယ္လို႔ သတင္း ၾကားသိရ ပါတယ္။

ဥေရာပ ေဘာလုံး အဖြဲ႕ခ်ဳပ္ UEFA ဟာ လက္ရွိ ကလပ္ အသင္းေတြ အေပၚ အသုံးျပဳ ေနတဲ့ ဘ႑ာေရး စည္းမ်ဥ္း ( Financial Fair Play – FFP ) ကို လုပ္ခ လစာ နဲ႔ အထူးအခြန္ ခံစားခြင့္ စည္းမ်ဥ္းေတြ နဲ႔ ေျပာင္းလဲ အစားထိုးဖို႔ အဆိုျပဳ ထားတယ္လို႔ သိရ ပါတယ္ ။

ယူႏိုက္တက္ဘုတ္အဖြဲ႕အေနနဲ႔ ပါရဲရားကို ေရာင္းခ်ၿပီး ကြင္းလယ္ပစ္မွတ္ ၃ ဦးျဖစ္တဲ့ အက္ဒြာဒို ကာမာဗင္ဂါနဲ႔ ဆာအူးလ္ ညီးရက္ဇ္တို႔ထဲက တစ္ဦးကို အေျပာင္းအေ႐ႊ႕တံခါးမပိတ္ခင္ အိုးထရက္ဖို႔ဒ္ဆီ ေခၚေဆာင္ႏိုင္ဖို႔ ညႇိႏႈိင္းမႈအဆင့္ေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနေၾကာင္း ၾကားသိရပါတယ္။

အာဆင္နယ္အသင္းအေနနဲ႔ ကြင္းလယ္လူ ေသာမတ္စ္ ပါေတးကို သုံးပတ္ေလာက္ ဆုံးရႈံးရဖို႔ ရွိေနသလို ဘရာဇီးလ္ အိုလံပစ္အသင္းရဲ႕ ၿပိဳင္ပြဲႀကိဳ ေလ့က်င့္ခန္း အစီအစဥ္မွာ ဒူးဒဏ္ရာရရွိခဲ့ၿပီး အနားယူေနရတဲ့ ေနာက္ခံလူ ဂါဘရီယယ္လ္ကိုလည္း ဩဂုတ္လကုန္မွာမွ ျပန္လည္အသုံးျပဳႏိုင္ဖို႔ရွိေနပါတယ္။

၂၀၂၁ တစ္ႏွစ္လုံး မရပ္ မနား ကစား ထားခဲ့တဲ့ စပိန္ ၾကယ္ပြင့္ေလး ပီဒရီ ဟာ အိုလံပစ္ ၿပိဳင္ပြဲ အၿပီး ၅ ရက္ အၾကာမွာပဲ ဘာစီလိုနာ အသင္းနဲ႔ ရာသီႀကိဳ ေလ့က်င့္မႈေတြကို ျပန္လည္ ျပဳလုပ္ ခဲ့ၿပီလို႔ သိရပါတယ္။