
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
ဖူလ်ဟမ်နဲ့ပွဲမှာ ကာဗာနီတစ်ယောက် အလန်းစားဂိုးမသွင်းခင် သူ့ဆီကို ဖာနန်ဒက်စ်က ဘောလုံးကို ဘောလုံး ကို ဖနောင့် နဲ့ လမ်းကြောင်းလွှဲပြီး လှလှပပ ဖန်တီးပေးခဲ့တယ်လို့ ထင်စရာဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကာယံကံရှင် ဖာနန်ဒကစ်ကတော့ သူဟာ အသင်းဖော် ကာဗာနီရဲ့ သွင်းဂိုးမှာ ဂိုးဖန်တီးပေး မိတယ်လို့ မခံစားမိခဲ့ကြောင်း ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။
ပရိသတ်တွေ ပြန်လည်ဝင်ရောက်ခွင့်ရခဲ့တဲ့ အိုးထရက်ဖိုဒ့်ကွင်းက ဖူလ်ဟမ်နဲ့ ပွဲစဉ်မှာ ကာဗာနီဟာ သူ့ရဲ့ ပထမဆုံးသော မိတ်ဆက်ပွဲအတွက် အကောင်းဆုံး စွမ်းဆောင်ခဲ့ပါတယ်။
ဒီဂီယာ ဆီကနေ ထွက်လာတဲ့ ဘောလုံးကို ဖာနန်ဒက်စ်က ဖနောင့်နဲ့ လမ်းကြောင်း လွှဲပေးခဲ့ရာမှာ ကာဗာနီက ရှေ့တက်နေတဲ့ ဖူလ်ဟမ် ဂိုးသမားကို ကျော်ကာ ဂိုးပေါက်ထဲကို ကန်သွင်း ရယူခဲ့တာပဲ ဖြစ်ပါတယ်။
ကာဗာနီ ရဲ့ သွင်းဂိုးကို ဖာနန်ဒက်စ် ဖန်တီးပေးခဲ့တယ်လို့ သတ်မှတ်ခဲ့ပေမယ့် ကာယကံရှင်ကတော့ ဘောလုံးကို သူထိမိခဲ့တယ်လို့ မခံစားမိကြောင်း ပွဲအပြီးမှာ ပြောဆိုသွားခဲ့တာပါ။
“အရိုးသားဆုံး ပြောရရင်တော့ ထိမိလိုက်တယ်လို့ မခံစားမိပါဘူး ။ ဒိုင်လူကြီးကတော့ ကျွန်တော် ဖန်တီးခဲ့တယ်လို့ ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် ဒါကို ကျွန်တော် ဂရုမစိုက် မနေတော့ပါဘူး။ အဓိကက ဂိုးပိုက်ထဲကို ဘောလုံး ရောက်သွားဖို့ပါ၊ ဘယ်သူပဲ သွင်းသွင်း ၊
ဘယ်သူပဲ ဖန်တီးဖန်တီး အရေးမကြီးပါဘူး” လို့ ဖာနန်ဒက်စ် က ပြောဆိုသွားခဲ့ပါတယ်။
ယူနိုက်တက်ဟာ ဒီနှစ် ပရီးမီးယားလိဂ်ရဲ့ နောက်ဆုံး အိမ်ကွင်းပွဲစဉ်ကို ကစားသွားခဲ့တာဖြစ်ပြီး ကိုဗစ်ဗိုင်းရပ်စ် ကူးစက်မှုတွေ လျော့နည်းလာတဲ့အတွက် ပရိသတ် ၁ သောင်းကို ကွင်းအတွင်းမှာ ပြန်လည်ကြည့်ရှုခွင့်ပြုခဲ့တာဖြစ်ပါတယ်။
ပရိသတ်တွေဟာ ယူနိုက်တက် အသင်းပိုင်ရှင် ဂလေဇာမိသားစုကို ဆန့်ကျင်ကြောင်း စာတမ်းတွေ ကိုင်ဆောင် ထုတ်ဖော်ခဲ့ကြပေမယ့် မမြင်တွေ့ရတာ ကြာပြီဖြစ်တဲ့ အသင်းကစားသမားတွေကိုတော့ လက်ခုပ်တီးပြီး အားပေးခဲ့ကြပါတယ်။
ပရိသတ်တွေကို ပြန်မြင်တွေ့ရတာနဲ့ ပတ်သတ်ပြီးလည်း ဖာနန်ဒက်စ်က “တကယ်ကောင်းပါတယ် ၊ ဘောလုံးမှာ ပရိသတ်တွေက ဘယ်လောက် အရေးကြီးသလဲဆိုတာ အားလုံးအသိပါပဲ။
ဒါကြောင့် သူတို့ကို ပြန်တွေ့ရတာက တကယ်ကောင်းပါတယ်။ သူတို့ကို အနိုင်ရလဒ် လက်ဆောင်မပေးနိုင်လိုက်တာ စိတ်မကောင်းစရာပါပဲ။
ကျွန်တော်တို့ အခွင့်အရေးတွေ အများကြီးရပေမယ့် ဂိုးမရခဲ့ပါဘူး။ နောက်လာမယ့် ပွဲမှာတော့ ဒီအားနည်းချက်တွေကို ပြင်ဆင် နိုင်ဖို့ ကြိုးစားရမှာပါ” လို့ ပြောဆို သွားခဲ့ပါတယ်။
နည်းပြ ဆိုးရှား ကလည်း ပွဲအပြီးမှာ အသင်းသားတွေနဲ့အတူ ပရိသတ်တွေကို လိုက်လံ နှုတ်ဆက်သွားခဲ့ပါတယ်။
ဒီပွဲမှာ သရေကျခဲ့ပေမယ့် လက်စတာရဲ့ ရှုံးပွဲကြောင့် ယူနိုက်တက်က အဆင့် ၂ နေရာ သေချာသွားစေခဲ့ပါတယ်။
ယူနိုက်တက်ဟာ ရာသီပိတ်ပွဲစဉ်မှာ ဝုလ် အသင်းနဲ့ အဝေးကွင်းပွဲစဉ် ကစားရမှာဖြစ်ပြီး မေလ ၂၆ ရက်နေ့ မှာတော့ ယူရိုပါလိဂ် ဗိုလ်လုပွဲအဖြစ် ဗီလာရီးရဲလ်အသင်းနဲ့ ယှဉ်ပြိုင် ကစားရမှာပဲ ဖြစ်ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကာဗာနီရဲ႕ သြင္းဂိုးမွာ သူရဲ႕ ဖန္တီးေပးပို႔မႈမပါဘူးလို႔ ဖာနန္ဒက္စ္ ႐ိုး႐ိုးသားသား ဝန္ခံ
ဖူလ္ဟမ္နဲ႔ပြဲမွာ ကာဗာနီတစ္ေယာက္ အလန္းစားဂိုးမသြင္းခင္ သူ႔ဆီကို ဖာနန္ဒက္စ္က ေဘာလုံးကို ေဘာလုံး ကို ဖေနာင့္ နဲ႔ လမ္းေၾကာင္းလႊဲၿပီး လွလွပပ ဖန္တီးေပးခဲ့တယ္လို႔ ထင္စရာျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ကာယံကံရွင္ ဖာနန္ဒကစ္ကေတာ့ သူဟာ အသင္းေဖာ္ ကာဗာနီရဲ႕ သြင္းဂိုးမွာ ဂိုးဖန္တီးေပး မိတယ္လို႔ မခံစားမိခဲ့ေၾကာင္း ထုတ္ေဖာ္ ေျပာဆိုသြားခဲ့ပါတယ္။ ပရိသတ္ေတြ ျပန္လည္ဝင္ေရာက္ခြင့္ရခဲ့တဲ့ အိုးထရက္ဖိုဒ့္ကြင္းက ဖူလ္ဟမ္နဲ႔ ပြဲစဥ္မွာ ကာဗာနီဟာ သူ႔ရဲ႕ ပထမဆုံးေသာ မိတ္ဆက္ပြဲအတြက္ အေကာင္းဆုံး စြမ္းေဆာင္ခဲ့ပါတယ္။ ဒီဂီယာ ဆီကေန ထြက္လာတဲ့ ေဘာလုံးကို ဖာနန္ဒက္စ္က ဖေနာင့္နဲ႔ လမ္းေၾကာင္း လႊဲေပးခဲ့ရာမွာ ကာဗာနီက ေရွ႕တက္ေနတဲ့ ဖူလ္ဟမ္ ဂိုးသမားကို ေက်ာ္ကာ ဂိုးေပါက္ထဲကို ကန္သြင္း ရယူခဲ့တာပဲ ျဖစ္ပါတယ္ ။
ကာဗာနီ ရဲ႕ သြင္းဂိုးကို ဖာနန္ဒက္စ္ ဖန္တီးေပးခဲ့တယ္လို႔ သတ္မွတ္ခဲ့ေပမယ့္ ကာယကံရွင္ကေတာ့ ေဘာလုံးကို သူထိမိခဲ့တယ္လို႔ မခံစားမိေၾကာင္း ပြဲအၿပီးမွာ ေျပာဆိုသြားခဲ့တာပါ။ “အ႐ိုးသားဆုံး ေျပာရရင္ေတာ့ ထိမိလိုက္တယ္လို႔ မခံစားမိပါဘူး ။ ဒိုင္လူႀကီးကေတာ့ ကြၽန္ေတာ္ ဖန္တီးခဲ့တယ္လို႔ ေျပာပါတယ္။
ဘာပဲျဖစ္ျဖစ္ ဒါကို ကြၽန္ေတာ္ ဂ႐ုမစိုက္ မေနေတာ့ပါဘူး။ အဓိကက ဂိုးပိုက္ထဲကို ေဘာလုံး ေရာက္သြားဖို႔ပါ၊ ဘယ္သူပဲ သြင္းသြင္း ၊ ဘယ္သူပဲ ဖန္တီးဖန္တီး အေရးမႀကီးပါဘူး” လို႔ ဖာနန္ဒက္စ္ က ေျပာဆိုသြားခဲ့ပါတယ္။
ယူႏိုက္တက္ဟာ ဒီႏွစ္ ပရီးမီးယားလိဂ္ရဲ႕ ေနာက္ဆုံး အိမ္ကြင္းပြဲစဥ္ကို ကစားသြားခဲ့တာျဖစ္ၿပီး ကိုဗစ္ဗိုင္းရပ္စ္ ကူးစက္မႈေတြ ေလ်ာ့နည္းလာတဲ့အတြက္ ပရိသတ္ ၁ ေသာင္းကို ကြင္းအတြင္းမွာ ျပန္လည္ၾကည့္ရႈခြင့္ျပဳခဲ့တာျဖစ္ပါတယ္။ ပရိသတ္ေတြဟာ ယူႏိုက္တက္ အသင္းပိုင္ရွင္ ဂေလဇာမိသားစုကို ဆန႔္က်င္ေၾကာင္း စာတမ္းေတြ ကိုင္ေဆာင္ ထုတ္ေဖာ္ခဲ့ၾကေပမယ့္ မျမင္ေတြ႕ရတာ ၾကာၿပီျဖစ္တဲ့ အသင္းကစားသမားေတြကိုေတာ့ လက္ခုပ္တီးၿပီး အားေပးခဲ့ၾကပါတယ္ ။
ပရိသတ္ေတြကို ျပန္ျမင္ေတြ႕ရတာနဲ႔ ပတ္သတ္ၿပီးလည္း ဖာနန္ဒက္စ္က “တကယ္ေကာင္းပါတယ္ ၊ ေဘာလုံးမွာ ပရိသတ္ေတြက ဘယ္ေလာက္ အေရးႀကီးသလဲဆိုတာ အားလုံးအသိပါပဲ ။ ဒါေၾကာင့္ သူတို႔ကို ျပန္ေတြ႕ရတာက တကယ္ေကာင္းပါတယ္။ သူတို႔ကို အႏိုင္ရလဒ္ လက္ေဆာင္မေပး ႏိုင္လိုက္တာ စိတ္မေကာင္း စရာပါပဲ။ ကြၽန္ေတာ္တို႔ အခြင့္အေရးေတြ အမ်ားႀကီးရေပမယ့္ ဂိုးမရခဲ့ပါဘူး။ ေနာက္လာမယ့္ ပြဲမွာေတာ့ ဒီအားနည္းခ်က္ေတြကို ျပင္ဆင္ ႏိုင္ဖို႔ ႀကိဳးစားရမွာပါ” လို႔ ေျပာဆို သြားခဲ့ပါတယ္။ နည္းျပ ဆိုးရွား ကလည္း ပြဲအၿပီးမွာ အသင္းသားေတြနဲ႔အတူ ပရိသတ္ေတြကို လိုက္လံ ႏႈတ္ဆက္သြားခဲ့ပါတယ္။
ဒီပြဲမွာ သေရက်ခဲ့ေပမယ့္ လက္စတာရဲ႕ ရႈံးပြဲေၾကာင့္ ယူႏိုက္တက္က အဆင့္ ၂ ေနရာ ေသခ်ာသြားေစခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ရာသီပိတ္ပြဲစဥ္မွာ ဝုလ္ အသင္းနဲ႔ အေဝးကြင္းပြဲစဥ္ ကစားရမွာျဖစ္ၿပီး ေမလ ၂၆ ရက္ေန႔ မွာေတာ့ ယူ႐ိုပါလိဂ္ ဗိုလ္လုပြဲအျဖစ္ ဗီလာရီးရဲလ္အသင္းနဲ႔ ယွဥ္ၿပိဳင္ ကစားရမွာပဲ ျဖစ္ပါတယ္။