ကာဗာနီရဲ့နေရာမှာ အစားထိုးဖို့ အူဘာမီယန်းကို ပီအက်စ်ဂျီလည်း စိတ်ဝင်စားလာ

Photo Credit

Photo Credit

ပီအက်စ်ဂျီအသင်းဟာ ယခုလအတွင်း အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်းကို ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

Photo Credit

FootMercato သတင်းဌာနရဲ့ဖော်ပြချက်အရ လီဂူး-၁ ချန်ပီယံ ပီအက်စ်ဂျီဟာ အူဘာမီယန်းကို ကနဦးအငှားနဲ့ ခေါ်ယူကာ အငှားသက်တမ်းကုန်ဆုံးချိန်မှာ အပြီးသတ်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ကြောင်း သိရပါတယ်။ ပီအက်စ်ဂျီဟာ အသင်းပြောင်းရွှေ့ဖု့ိ နီးစပ်နေတဲ့ တိုက်စစ်မှူးကာဗာနီရဲ့နေရာမှာ အစားထိုးဖို့ အူဘာမီယန်းကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Photo Credit

ပီအက်စ်ဂျီအနေနဲ့ ဒေါ့မွန်တိုက်စစ်မှူးဟောင်း အူဘာမီယန်းကိုသာ ခေါ်ယူလိုရင် အလျင်အမြန်လက်ဦးမှုရယူနိုင်ဖို့တော့ လိုအပ်နေပြီး သူ့ကို ခေါ်ယူဖို့ လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းကပါ စိတ်ဝင်စားနေသလို Mundo Deportivo သတင်းစာရဲ့ဖော်ပြချက်အရ ကစားသမားကိုယ်တိုင်ကပါ သူ့ကို ခေါ်ယူဖို့ နူးကမ့်အခြေစိုက်အသင်းထံ အကြောင်းကြားခဲ့ကြောင်း သိရပါတယ်။

Photo Credit

အူဘာမီယန်းဟာ ၂၀၂၁ နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပေမယ့် အခုချိန်အထိ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးမှုတွေတော့မရှိသေးပါဘူး။ အူဘာမီယန်းက စာချုပ်သစ်ချုပ်ဆိုဖို့ မဆုံးဖြတ်ခင် နည်းပြသစ် အာတီတာလက်ထက် အသင်းရဲ့အခြေအနေတိုးတက်မှုရှိ၊ မရှိ စောင့်ကြည့်ချင်သေးသလို ချန်ပီယံလိဂ်ဝင်ခွင့်ရ၊ မရအပေါ်မှာလည်း မူတည်ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

Photo Credit

သူ့အနေနဲ့ ဒီလထဲမှာပဲ အသင်းကနေ ထွက်ခွာဖွယ်ရှိနေပြီး တကယ်လို့ ဘာစီလိုနာအသင်းကသာ အာဆင်နယ်အသင်း လက်ခံလောက်တဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းလာရင် အပြောင်းအရွှေ့ဖြစ်မြောက်လာမှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းဟာ အရင်ကတည်းက အူဘာမီယန်းကို ခေါ်ယူဖို့ ဆက်သွယ်ခဲ့ဖူးပြီး ယခုအခါ ဒူးဒဏ်ရာကြောင့် ၄လကြာအနားယူနေရတဲ့ ဆွာရက်ဇ်ရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖွယ်ရှိနေပါတယ်။

Photo Credit

Zawgyi

ကာဗာနီရဲ႕ေနရာမွာ အစားထိုးဖို႔ အူဘာမီယန္းကို ပီအက္္စ္ဂ်ီလည္း စိတ္၀င္စားလာ

ပီအက္စ္ဂ်ီအသင္းဟာ ယခုလအတြင္း အာဆင္နယ္တုိက္စစ္မွဴး အူဘာမီယန္းကို ေခၚယူႏိုင္ေရးအတြက္ ကစားသမားရဲ႕ကုိယ္စားလွယ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးဖို႔ ျပင္ဆင္ေနတယ္လုိ႔ သိရပါတယ္။
FootMercato သတင္းဌာနရဲ႕ေဖာ္ျပခ်က္အရ လီဂူး-၁ ခ်န္ပီယံ ပီအက္စ္ဂ်ီဟာ အူဘာမီယန္းကို ကနဦးအငွားနဲ႔ ေခၚယူကာ အငွားသက္တမ္းကုန္ဆုံးခ်ိန္မွာ အၿပီးသတ္ေခၚယူဖုိ႔ စီစဥ္ေနတာျဖစ္ေၾကာင္း သိရပါတယ္။ ပီအက္စ္ဂ်ီဟာ အသင္းေျပာင္းေရႊ႕ဖု႔ိ နီးစပ္ေနတဲ့ တုိက္စစ္မွဴးကာဗာနီရဲ႕ေနရာမွာ အစားထိုးဖို႔ အူဘာမီယန္းကို ေခၚယူလိုေနတာျဖစ္ပါတယ္။
ပီအက္စ္ဂ်ီအေနနဲ႔ ေဒါ့မြန္တုိက္စစ္မွဴးေဟာင္း အူဘာမီယန္းကိုသာ ေခၚယူလိုရင္ အလ်င္အျမန္လက္ဦးမႈရယူႏိုင္ဖို႔ေတာ့ လုိအပ္ေနၿပီး သူ႕ကို ေခၚယူဖုိ႔ လာလီဂါခ်န္ပီယံ ဘာစီလုိနာအသင္းကပါ စိတ္၀င္စားေနသလုိ Mundo Deportivo သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ကစားသမားကုိယ္တုိင္ကပါ သူ႕ကို ေခၚယူဖုိ႔ ႏူးကမ့္အေျခစုိက္အသင္းထံ အေၾကာင္းၾကားခဲ့ေၾကာင္း သိရပါတယ္။
အူဘာမီယန္းဟာ ၂၀၂၁ ေႏြရာသီမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ အခုခ်ိန္အထိ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးမႈေတြေတာ့မရွိေသးပါဘူး။ အူဘာမီယန္းက စာခ်ဳပ္သစ္ခ်ဳပ္ဆုိဖို႔ မဆုံးျဖတ္ခင္ နည္းျပသစ္ အာတီတာလက္ထက္ အသင္းရဲ႕အေျခအေနတုိးတက္မႈရွိ၊ မရွိ ေစာင့္ၾကည့္ခ်င္ေသးသလုိ ခ်န္ပီယံလိဂ္၀င္ခြင့္ရ၊ မရအေပၚမွာလည္း မူတည္ဆုံးျဖတ္ဖြယ္ရွိေနပါတယ္။
သူ႕အေနနဲ႔ ဒီလထဲမွာပဲ အသင္းကေန ထြက္ခြာဖြယ္ရွိေနၿပီး တကယ္လုိ႔ ဘာစီလုိနာအသင္းကသာ အာဆင္နယ္အသင္း လက္ခံေလာက္တ့ဲေျပာင္းေရႊ႕ေၾကးနဲ႔ ကမ္းလွမ္းလာရင္ အေျပာင္းအေရႊ႕ျဖစ္ေျမာက္လာမွာျဖစ္ပါတယ္။ ဘာစီလုိနာအသင္းဟာ အရင္ကတည္းက အူဘာမီယန္းကို ေခၚယူဖုိ႔ ဆက္သြယ္ခဲ့ဖူးၿပီး ယခုအခါ ဒူးဒဏ္ရာေၾကာင့္ ၄လၾကာအနားယူေနရတဲ့ ဆြာရက္ဇ္ရဲ႕ေနရာမွာ အစားထုိးဖို႔ တုိက္စစ္မွဴးတစ္ဦး ေခၚယူဖြယ္ရွိေနပါတယ္။