ကာဗာနီရဲ့စွမ်းဆောင်နိုင်မှုကို ရှရင်ဂမ်ရဲ့ပုံစံနဲ့ ဆိုးလ်ရှားနှိုုင်းယှဥ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက လက်ရှိမှာ ကာဗာနီရဲ့စွမ်းဆောင်မှုကို ၁၉၉၀ ပြည့်လွန်နှစ်တွေက တက်ဒီ ရှရင်ဂမ်ရဲ့ ပုံစံနဲ့နှိုင်းယှဥ် လိုက်ပါတယ်။ ဆိုးလ်ရှားဟာ မန်ယူကို ၈ နှစ်အတွင်းမှာ ပထမဆုံးပရီးမီးယားလိဂ် ဆုဖလား ရယူနိုင်အောင်ကြိုးစားပေးနေပြီး ဒီနေရာမှာ ကာဗာနီရဲ့ခြေစွမ်းနဲ့ အတွေ့အကြုံက အများကြီးအရေးပါတယ်လို့ ခံယူထားသူဖြစ်ပါတယ်။

ကာဗာနီဟာ ပြီးခဲ့တဲ့နွေရာသီဈေးကွက်အတွင်းမှာ မန်ယူကိုအလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီကုန်ချိန်က ပီအက်စ်ဂျီအသင်းနဲ့ လမ်းခွဲခဲ့တဲ့ ကာဗာနီဟာ ဒီရာသီမှာ မန်ယူအတွက် ၅ ဂိုးသွင်းယူထားနိုင်သူဖြစ်ပါတယ်။ ရှရင်ဂမ်ဟာ ၁၉၉၇ က မန်ယူကို ပြောင်းလာပြီးနောက် လေ့ကျင့်ရေးကွင်းမှာ ဆိုးလ်ရှားအပါအဝင် လူငယ်ကစားသမားတွေကို သူ့အတွေ့အကြုံကိုအသုံးချကာ တိုးတက်စေခဲ့သူဖြစ်ပါတယ်။

ဒါကြောင့်လည်း အသက် ၃၃ နှစ်ရှိတဲ့ ကာဗာနီဟာလည်းအလားတူ ပုံစံမျိုးပြသနိုင်တယ်လို့ ဆိုးလ်ရှားက ယုံကြည်နေတာပါ။ သူက” ရှရင်ဂမ်ဟာ ၁၉၉၇ မှာ မန်ယူကိုပြောင်းလာခဲ့တာပါ။ သူ့အတွေ့အကြုံတွေကြောင့် ကျွန်တော်အပါအဝင် ကျန်တဲ့လူငယ်တွေဟာ သူ့ဆီကနေသင်ယူခဲ့ကြရပါတယ်။ ကျွန်တော့်အထင်ပြောရရင် ကာဗာနီဟာလည်း ရှရင်ဂမ်လိုပုံစံမျိုးနဲ့ အသင်းအပေါ်လွှမ်းမိုးနိုင်မှုက ပုံစံအတူတူပါဘဲ။

ကျွန်တော်တို့က ရှရင်ဂမ်ဆီကနေ သင်ယူခဲ့ရသလို ဂရင်းဝုဒ်၊ ရက်ရှ်ဖို့ဒ်နဲ့ မာရှယ်တို့ဟာလည်း ကာဗာနီ ဆီကနေသင်ယူနေကြတာပါ။ သူ့ကိုခေါ်လိုက်တာဟာ သိပ်ကိုကောင်းတဲ့ အားဖြည့်မှုပါဘဲ။ ကာဗာနီဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ပီသမှုနဲ့အတူ စံနမူနာပြအ ဖြစ် ဦးဆောင်သူလည်းဖြစ်ပါတယ်။ သူဟာ စိတ်ဓါတ်လည်းကောင်းမွန်ပြီး အမှားလုပ်လိုက်မိတာနဲ့ ဒီအမှားကို ပြန်ချေနိုင်အောင် ပြင်းပြင်းထန်ထန် ကြိုးစားတဲ့သူလည်းဖြစ်ပါတယ်” လို့ပြောသွားပါတယ်။

ဥရုဂွေးလက်ရွေးစင်ဖြစ်သူ ကာဗာနီဟာ ပီအက်စ်ဂျီအသင်းမှာ ၇ ရာသီကြာကစားခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအ သင်းရဲ့ စံချိန်တင်ဂိုးသွင်းရှင်လည်းဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီ မတိုင်ခင် နာပိုလီအသင်းမှာ ကစားခဲ့ပြီး နာ မည်ကျော်ကြားလာခဲ့သူဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကာဗာနီရဲ့စွမ်းဆောင်နိုင်မှုကို ရှရင်ဂမ်ရဲ့ပုံစံနဲ့ ဆိုးလ်ရှားနှိုင်းယှဉ်



