ကာဗာနီရဲ့ဂိုးကို ခွင့်မပြုခဲ့တဲ့ ကွင်းလယ်ဒိုင်ဟာ ဆွန်ဟောင်မင် နှပ်ချတာခံလိုက်ရတယ်လို့ ဆိုးလ်ရှားဝေဖန်
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
စပါးနဲ့ပွဲမှာ ကာဗာနီရဲ့ အဖွင့်ဂိုးကို ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ဆွန်ဟောင်မင်အပေါ် တွန်မီနေးလ်က ပြစ်ဒဏ်ကျူးလွန် ဘောလုံးရယူသွားတယ်လို့ ဆုံးဖြတ်ခဲ့တာဟာ ဒိုင်လူကြီး နှပ်ချခံလိုက်ရတာဖြစ်တယ်လို့ မန်ယူနည်းပြဆိုးလ်ရှားက ပွဲအပြီးမှာ ဝေဖန်ပြောကြားသွားပါတယ်။
ဒီဂိုးဟာ နှစ်ဖက်စလုံး ဂိုးမသွင်းနိုင်သေးတဲ့အချိန်မှာဖြစ်ခဲ့တာဖြစ်ပြီး ဒိုင်ရဲ့ ဆုံးဖြတ်ချက်ကို ဆိုးလ်ရှားသာမက ဘောလုံးပွဲတင်ဆက်သူတွေဖြစ်တဲ့ ရွိုင်ကိန်း၊ မီကာရစ်ချက်နဲ့ ဂျေမီရက်နက်တို့ကလည်း စိတ်ပျက်စရာ အဖြစ်အပျက်အဖြစ် ပြောဆိုခဲ့ကြပါတယ်။
ဆိုးလ်ရှားက ” ကာဗာနီရဲ့ သွင်းဂိုးဟာ ပေါ့ဂ်ပေးလိုက်တဲ့ ဘောလုံးကို ချိန်သားကိုက် သွင်းယူနိုင်ခဲပြီး ကောင်းမွန်တဲ့ဂိုတစ်ဂိုးပါ။ ဒါကို ဒိုင်လူကြီးက VAR ပြန်ကြည့်ပြီး ဆွန်ဟောင်မင်အပေါ် တွန်မီနေးလ်က ပြစ်ဒဏ်လုပ်တယ်ဆိုပြီး ခွင့်မပြုတာ အံံ့သြစရာပါ။ တကယ်တော့ ဒိုင်လူကြီးက နှပ်ချခံလိုက်ရတာပါ။ တကယ်လို့ ကျွန်တော့သားသာ ကွင်းထဲမှာ လဲကျနေပြီး သူ့ကို အသင်းဖော် ၁၀ယောက်လောက်က လာထူမှ ပြန်ထနိုင်ခဲ့ရင် ခွဲခန်းဝင်ရမလား စိုးရိမ်ရလို့ အိမ်ပြန်ရောက်တဲ့အချိန် ဘာအစာမှ ကျွေးမှာမဟုတ်ပါဘူး။ ဒီဂိုးမပေးလိုက်တော့ ဒီပွဲတော့ သွားြ့ပီ ငါတို့ နှပ်ချခံရြ့ပီလို့ ထင်ခဲ့သေးပါ” လို့ ဝေဖန်ခဲ့ပါတယ်။
အလားတူ ဒီပွဲမှာ အကောင်းဆုံး ကစားသွားနိုင်တဲ့ သူ့အသင်းနဲ့ တိုက်စစ်မှုးကာဗာနီကိုလည်း ဆိုးလ်ရှားက ” ပထမပိုင်းမှာ ဖြစ်ခဲ့တဲ့ ဂိုးကိစ္စက မတရားခံရတယ်လို့ ကျွန်တော်တို့ အားလုံး ခံစားရတဲ့အတွက် ဒုတိယပိုင်းမှာ မခံချင်စိတ်နဲ့ ပိုကောင်းအောင် ကစားပြပြီး အနိုင်ယူခဲ့တာပါ။ ကာဗာနီကတော့ သူဘာကြောင့် ကျောနံပါတ် ၉ တိုက်စစ်မှုးဖြစ်ရလဲဆိုတာ ပြသနိုင်ခဲ့ပါတယ်။ ဒါဟာ သူ့ရဲ့ skill ပါပဲ။
ခွင့်မပြုခဲ့တဲ့ ဂိုးကတော့ ကံဆိုးလွန်းတာဖြစ်ပြီး ဒိုင်လူကြီးက VAR ကြည့်ပြီး ကျွန်တော်တို့ ဘောလုံးကို အဓိက မကစားဖူးလို့ ဆုံးဖြတ်လိုက်တာပဲ ဖြစ်ပါတယ်” လို့ ဆိုသွားခဲ့ပါတယ်။
ရုပ်သံတင်ဆက်နေတဲ့ ရွိုင်ကိန်းကလည်း ဒီလို ဘောလုံးလုတာမျိုးက ဘောလုံးပွဲတွေမှာ သာမန်ဖြစ်ပျက်နေတဲ့ အနေအထားတွေသာဖြစ်ပြီး ဒါကို ပြစ်ဒဏ်သတ်မှတ်မယ်ဆိုရင် ဘောလုံးပရီသတ်တွေအနေနဲ့ အိမ်ပြန်သွားကြဖို့ပဲရှိတယ်လို့ ဝေဖန်ခဲ့ပါတယ်။ ရွိုင်ကိန်းရဲ့ ဝေဖန်ချက်ကို မီကာရစ်ချက်နဲ့ ဂျေမီရက်နက်ဒ်တို့ကလည်း ထောက်ခံခဲ့ကြပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi