ကာဗာနီနဲ့ ဗန်ဒီဘိခ်တို့ပွဲထွက်လာနိုင်ပြီး တိုက်စစ်အသားပေးမယ့် မန်ယူရဲ့ဖြစ်နိုင်ဖွယ်လူစာရင်း
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ယူအသင်းဟာ ဒီကနေ့ည အစ္စတန်ဘူလ်နဲ့ ကစားမယ့် ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာ ကာဗာနီနဲ့ ဗန်ဒီဘိခ်တို့ကို ပွဲထွက်လူစာရင်ကနေ နည်းပြဆိုးလ်ရှားက ထည့်သွင်းအသုံးပြုဖွယ်ရှိနေကြောင်းသိရပါတယ်။
မန်ယူဟာ ဒီပွဲအနိုင်ရဖို့အရေးပါနေတဲ့အတွက် ၄-၂-၃-၁ ကစားကွက်အစား ၄-၄-၂ ကိုအသုံးပြုပြီး တိုက်စ်ကိုဦးစားပေးမယ့် လူနေရာချထားမှုပြုလုပ်ဖို့ရှိနေပါတယ်။
မန်ယူဟာ နိုင်ငံတကာပွဲတွေမတိုင်ခင်က အစ္စတန်ဘူလ်နဲ့အဝေကွင်း ကစားခဲ့ရာမှာ ခံစစ်ရဲ့ဆိုးရွားတဲ့အမှားတွေနဲ့အတူ ၂-၁ နဲ့ရှုံးထားပါတယ်။ ဒါကြောင့် အိမ်ကွင်းမှာပြန်အနိုင်ရဖို့ လိုနေသလို ဒီပွဲနိုင်ရင် အုပ်စုကနေတက်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်လို့တိုက်စစ်ကိုအသားပေးဖို့ ဆိုးလ်ရှားက စီစဉ်ထားတာဖြစ်ပါတယ်။
ဒီအတွက်လည်း ကွင်းလယ်လူနေရာချထားမှုကို စိန်ပွင့်ပုံစံနဲ့ဖော်ဆောင်သွားဖို့ရှိနေပါတယ်။ မန်ယူဟာအုပ်စုပွဲစဉ် ၁ နဲ့ ၂ တွေမှာ ပီအက်စ်ဂျီနဲ့ လိုက်ပ်ဇစ်တို့ကို အနိုင်ရထားပြီးမှာ ဒီအုပ်စုရဲ့အာအနည်းဆုံးဖြစ်တဲ့ အစ္စတန်ဘူလ်ကိုရှုံးသွားတာဖြစ်ပါတယ်။
ဝေဖန်မှုတွေခံနေရတဲ့ ပေါ့ဂ်ဘာဟာ ဝက်စ်ဘရွန်းနဲ့ပွဲလူစာရင်းမှာ မပါခဲ့ပေမယ့် မနေ့ကတည်းက လေ့ကျင့်ခန်းတွေပြန်ဆင်း နေလို့ သူပြန်ပါလာမှာဖြစ်ပေမယ့် ပွဲထွက်စာရင်းမှာတော့ နေရာရဖွယ်မရှိပါဘူး။
အစ္စတန်ဘူလ်ဟာ အားနည်းတဲ့အသင်းဖြစ်လို့ ဆိုးလ်ရှားဟာ ကွင်းလယ်ခံစစ်မှာ တွန်မီနေးတစ်ယောက်တည်းကိုသာ အသုံးပြုဖို့ရှိနေပြီး ဗန်ဒီဘိခ်နဲ့ ဖရက်ဒ်တို့ကို တိုက်စစ်ပိုမိုလိုက်ပါစေမှာဖြစ်ပါတယ်။
၄-၄-၂ ကစားကွက်အရ တိုက်စစ်မှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်(သို့) ကာဗာနီ၊ ကွင်းလယ်မှာ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်၊ ဖရက်ဒ်၊ တွန်မီနေး၊ နောက်တန်မှာ တဲလက်စ်၊ မက်ဂွိုင်းယား၊ လင်ဒီလော့ဖ်နဲ့ ဘစ်ဆာကာ တို့ဖြစ်ဖို့များနေပါတယ်။ ဆိုးလ်ရှားဟာ ဖာနန်ဒက်စ်၊ ဗန်ဒီဘိခ်၊ တွန်မီနေးနဲ့ ဖရက်ဒ် တို့ကိုစိန်ပွင့်ပုံစံနေရာချထားမှာ ဖြစ်ပြီး ဒီကစားကွက်ဟာ တိုက်စစ်ပိုကောင်းစေမယ့်အပြင် ဟန်ချက်လည်းပိုညီစေ လိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
၄-၂-၃-၁ ပုံစံနဲ့ နေရာချထားရင်လည်း မာရှယ်နဲ့ ပေါ့ဂ်ဘာတို့ နေရာပျောက်ဖွယ်ရှိနေပြီး ကာဗာနီနဲ့ ဗန်ဒီဘိခ် တို့သာလျင်ပွဲထွက်ရဖို့များပါတယ်။ ဒီကစားကွက်အရဆိုရင် ကွင်းလယ်ခံစစ်မှာ တွန်မီနေးနဲ့ ဖရက်ဒ် တို့ပြန်တွဲမှာဖြစ်ပြီး အထောင်တိုက်စစ်မှာ ကာဗာနီ၊ ဘယ်တောင်ပံမှာ ရက်ရှ်ဖို့ဒ်၊ တိုက်စစ်မှူးရဲ့နောက်မှာ ဖာနန်ဒက်စ်၊ ညာတောင်ပံမှာ ဗန်ဒီဘိခ် တို့ကစားရဖို့ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
zawgyi
၎-၂-၃-၁ ပုံစံနဲ့ နေရာချထားရင်လည်း မာရှယ်နဲ့ ပေါ့ဂ်ဘာတို့ နေရာပျောက်ဖွယ်ရှိနေပြီး ကာဗာနီနဲ့ ဗန်ဒီဘိခ် တို့သာလျင်ပွဲထွက်ရဖို့များပါ