ကာဗာနီထွက်ရင် အစားထိုးဖို့ ဆိုးလ်ရှားပေါ်လစီအတိုင်း လူငယ်တိုက်စစ်မှုးဖြစ်တဲ့ ဆီမာကို ဦးစားပေးခေါ်ယူရန်ရှိနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လတ်တလောမှာ အသင်းအတွက် သွင်းဂိုးတွေ ဆက်တိုက်သွင်းယူပေးနေပေမယ့်

ဒီနှစ် ဘောလုံးရာသီအကုန်မှာ စာချုပ်သက်တမ်းတိုးဖို့ မသေချာတဲ့ ဝါရင့်တိုက်စစ်မှူး ကာဗာနီရဲ့နေရာမှာ

အစားထိုးသွားဖို့အတွက် တိုက်စစ်မှုး ရှာဖွေနေတဲ့ မန်ယူအသင်းဟာ ဆလားဗီးယားပရပ်ဂ်အသင်းရဲ့ တိုက်စစ်မှူး ဆီမာကို

ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရပါတယ်။

အသက် ၁၉နှစ ်အရွှယ်သာ ရှိနေသေးတဲ့ ဆယ်ကျော်သက်အရွှယ် ဆီနီဂေါတိုက်စစ်ကစားသမား ဆီမာဟာ

ချက်ကလပ် ဆလားဗီးယားပရပ်ဂ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြနေသူဖြစ်ပြီးတော့
လက်စတာစီးတီးအသင်းနဲ့ ယူရိုပါလိဂ်မှာ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာလည်း အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

အရပ် ၆ပေ ၂လက်မ မြင့်မားတဲ့ ဆီမာဟာ ညာခြမ်းတိုက်စစ်နေရာမှာ အဓိက ပါဝင်ကစားတတ်သူ ဖြစ်ပေမယ့် အထောင်တိုက်စစ်နေရာမှာရော ဘယ်ခြမ်းမှာပါ

ကစားနိုင်တဲ့သူဖြစ်ပါတယ်။

သူရဲ့တိုက်စစ်ကစားဟန်ကြောင့် အာဆင်နယ်ဂန္တဝင် တိုက်စစ်မှူးဟောင်း
အွန်နရီလက်သစ်လို့ တင်စားခံနေရသူလည်းဖြစ်ပါတယ်။

ဒီနှစ် ဘောလုံးရာသီမှာ ဆလားဗီယားအသင်းအတွက် ပြိုင်ပွဲစုံ သွင်းဂိုးပေါင်း ၁၅ဂိုးအထိ သွင်းယူထားနိုင်ခဲ့တဲ့

ဆီမာကို မန်ယူအပြင် အာဆင်နယ်၊ ဝက်စ်ဟမ်းတို့လို ပရီးမီးယားလိဂ် ကလပ်အသင်းတွေကလည်း စိတ်ဝင်စားနေကြပြီး

ဝက်စ်ဟမ်းကတော့ ဆီမာရဲ့ အသင်းဖော်ဟောင်း ဆူရှက်ခ်ရဲ့ အကူအညီနဲ့ ဆီမာကို ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။

အာဆင်နယ်ကလည်း သူတို့အသင်းနဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ်မှာ ဆုံတွေ့ခဲ့ရတဲ့ ဆလားဗီးယားအသင်းက ဆီမာကို

အသင်းဆီ ခေါ်ဆောင်သွားဖို့ စိတ်ဝင်စားနေတာကြောင့် မန်ယူအနေနဲ့ ဆီမာကို ဒီအသင်းတွေနဲ့အပြိုင် ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

ဆီမာရဲ့လက်ရှိတန်ကြေးက ယူရို ၁၁သန်း ခန့်သာ ရှိနေပေမယ့် အနည်းဆုံး ယူရို၂၅သန်း လောက်နဲ့ ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

တဆက်တည်းမှာပဲ မန်ယူအသင်းဟာ အသက် ၁၇နှစ် အရွယ် နောက်ခံလူ မက်ဂျူရာဒို ကိုပရော်ဖက်ရှင်နယ် စာချုပ်ကို ချုပ်ဆိုလိုကပြီလို့ သိရပါတယ်။

မက်ဂျူရာဒိုဟာ ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့တုန်းက ဘာစီလိုနာအကယ်ဒမီအသင်းကနေ မန်ယူကို ပြောင်းရွှေ့လာခဲ့တဲ့သူလည်း ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

(Zawgyi Version)

ကာဗာနီထြက္ရင္ အစားထိုးဖို႔ ဆိုးလ္ရွားေပၚလစီအတိုင္း လူငယ္တိုက္စစ္မႈးျဖစ္တဲ႔ ဆီမာကို ဦးစားေပးေခၚယူရန္ရွိေန

လတ္တေလာမွာ အသင္းအတြက္ သြင္းဂိုးေတြ ဆက္တိုက္သြင္းယူေပးေနေပမယ့္ ဒီႏွစ္ ေဘာလုံးရာသီအကုန္မွာ စာခ်ဳပ္သက္တမ္းတိုးဖို႔ မေသခ်ာတဲ႔ ဝါရင့္တိုက္စစ္မႉး ကာဗာနီရဲ႕ေနရာမွာ
အစားထိုးသြားဖို႔အတြက္ တိုက္စစ္မႈး ရွာေဖြေနတဲ့ မန္ယူအသင္းဟာ ဆလားဗီးယားပရပ္ဂ္အသင္းရဲ႕ တိုက္စစ္မႉး ဆီမာကို ေခၚယူသြားဖို႔ စိတ္ဝင္စားလ်က္

ရွိေနတယ္လို႔ သိရပါတယ္။

အသက္ ၁၉ႏွစ ္အ႐ႊယ္သာ ရွိေနေသးတဲ့ ဆယ္ေက်ာ္သက္အ႐ႊယ္ ဆီနီေဂါတိုက္စစ္ကစားသမား ဆီမာဟာ ခ်က္ကလပ္ ဆလားဗီးယားပရပ္ဂ္အသင္းမွာ

အေတာ္ေလးကို ေျခစြမ္းျပေနသူျဖစ္ၿပီးေတာ့ လက္စတာစီးတီးအသင္းနဲ႔ ယူ႐ိုပါလိဂ္မွာ ရင္ဆိုင္ခဲ့ရတဲ့ ပြဲစဥ္မွာလည္း အသင္းအတြက္ သြင္းဂိုးတစ္ဂိုး သြင္းယူႏိုင္ခဲ့ပါတယ္။

အရပ္ ၆ေပ ၂လက္မ ျမင့္မားတဲ့ ဆီမာဟာ ညာျခမ္းတိုက္စစ္ေနရာမွာ အဓိက ပါဝင္ကစားတတ္သူ ျဖစ္ေပမယ့္ အေထာင္တိုက္စစ္ေနရာမွာေရာ ဘယ္ျခမ္းမွာပါ

ကစားႏိုင္တဲ႔သူျဖစ္ပါတယ္။

သူရဲ႕တိုက္စစ္ကစားဟန္ေၾကာင့္ အာဆင္နယ္ဂႏၲဝင္ တိုက္စစ္မႉးေဟာင္း အြန္နရီလက္သစ္လို႔ တင္စားခံေနရသူလည္းျဖစ္ပါတယ္။ ဒီႏွစ္ ေဘာလုံးရာသီမွာ ဆလားဗီယားအသင္းအတြက္ ၿပိဳင္ပြဲစုံ သြင္းဂိုးေပါင္း

၁၅ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တဲ့ ဆီမာကို မန္ယူအျပင္ အာဆင္နယ္၊ ဝက္စ္ဟမ္းတို႔လို ပရီးမီးယားလိဂ္ ကလပ္အသင္းေတြကလည္းစိတ္ဝင္စားေနၾကၿပီး ဝက္စ္ဟမ္းကေတာ့ ဆီမာရဲ႕ အသင္းေဖာ္ေဟာင္း ဆူရွက္ခ္ရဲ႕

အကူအညီနဲ႔ ဆီမာကို ေခၚယူသြားဖို႔ ႀကိဳးပမ္းေနပါတယ္။

အာဆင္နယ္ကလည္း သူတို႔အသင္းနဲ႔ ယူ႐ိုပါလိဂ္ ကြာတားဖိုင္နယ္မွာ ဆုံေတြ႕ခဲ့ရတဲ့ ဆလားဗီးယားအသင္းက ဆီမာကို အသင္းဆီ ေခၚေဆာင္သြားဖို႔ စိတ္ဝင္စားေနတာေၾကာင့္ မန္ယူအေနနဲ႔ ဆီမာကို ဒီအသင္းေတြနဲ႔အၿပိဳင္

ကမ္းလွမ္းရဖြယ္ ရွိေနပါတယ္။ ဆီမာရဲ႕လက္ရွိတန္ေၾကးက ယူ႐ို ၁၁သန္း ခန႔္သာ ရွိေနေပမယ့္ အနည္းဆုံး ယူ႐ို၂၅သန္း ေလာက္နဲ႔ကမ္းလွမ္းရဖြယ္ ရွိေနပါတယ္။

တဆက္တည္းမွာပဲ မန္ယူအသင္းဟာ အသက္ ၁၇ႏွစ္ အ႐ြယ္ ေနာက္ခံလူ မက္ဂ်ဴရာဒို ကိုပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ကို ခ်ဳပ္ဆိုလိုကျပီလို႔ သိရပါတယ္။ မက္ဂ်ဴရာဒိုဟာ ျပီးခဲ႔တဲ႔ ေႏြအေျပာင္းအေ႐ႊ႕တုန္းက

ဘာစီလိုနာအကယ္ဒမီအသင္းကေန မန္ယူကို ေျပာင္းေရႊ႕လာခဲ႔တဲ႔သူလည္း ျဖစ္ပါတယ္။