ကာဗာနီဆီ ဖုန်းဆက်ခဲ့တဲ့ စီရော်နယ်ဒို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် အသင်းရဲ့ နည်းပြ ဖြစ်သူ အိုလီ ဂန်နာ ဆိုးလ်ရှား ကတော့ နယူးကာဆယ် အသင်းနဲ့ ရင်ဆိုင် ကစားရမယ့် ပရီးမီးယားလိဂ် ပွဲစဉ် 4 မတိုင်မီမှာ တိုက်စစ်မှူး ကာဗာနီကို ချီးကျူးစကားဆိုထားပါတယ်။

ကာဗာနီဟာပြီးခဲ့တဲ့ ဘောလုံး ရာသီတုန်းက ယူနိုက်တက် အသင်းဆီ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရောက်လာခဲ့သူ ဖြစ်ပြီး အသင်းရဲ့ သမိုင်းဝင် နံပါတ် 7 ဂျာစီကို ဝတ်ဆင်ခွင့် ရရှိခဲ့ပါတယ်။ အခုတော့ စီရော်နယ်ဒိုက ဂျာစီနံပါတ်ကို လွဲပြောင်းရယူခဲ့ပါပြီ။

နည်းပြ ဆိုးလ်ရှားက ရော်နယ်ဒို လိုချင်ခဲ့တဲ့ နံပါတ် 7 ဂျာစီကို အလွယ်တကူ ပေးဆောင်သွားခဲ့တဲ့ ကာဗာနီရဲ့ လုပ်ရပ်ကို ချီးကျူးသွားခဲ့လိုက်ပြီး သူဟာ အသင်းဖော်အပေါ် လေးစားသမှု ထားရှိသူ တစ်ဦး ဖြစ်ကြောင်း ပြောပြခဲ့ ပါတယ်။

” အဲဒါဟာ သူ့ရဲ့ ကောင်းကွက်တွေထဲက တစ်ခုပါ။

အီဒင်ဆန်ရဲ့ လုပ်ဆောင်ချက်က အမှတ်ရစရာတွေချည်းပါပဲ။

သူဟာ ပြီးခဲ့တဲ့ ရာသီက တကယ်ပဲ ကစားပုံ ကောင်းမွန်ခဲ့ပါတယ်။

ရော်နယ်ဒိုဟာ အီဒင်ဆန် ကို ဖုန်းဆက်ခဲ့သေးပြီး သူတို့ အချင်းချင်း စကားတွေ ပြောဖြစ်ခဲ့ကြပါသေးတယ် ”

” အခုလို ဂျာစီ လွှဲပေးလိုက်တာက သူဟာ ရော်နယ်ဒို အပေါ် လေးစားသမှု ထားရှိတယ် ဆိုတာကို ပြသလိုက်ခြင်းပါပဲ။

အဲဒီလိုပါပဲရော်နယ်ဒိုဖက်က အီဒင်ဆန် ဆီကို ဖုန်းခေါ်ခဲ့တယ် ဆိုတာကလည်း လေးစားသမှုပြသလိုက်ခြင်းပါပဲ။

သူတို့တွေက တကယ့်ကို ပရော်ဖက်ရှင်နယ်ဆန်တဲ့ ကစားသမား နဲ့ လူသား နှစ်ဦးပါပဲ ” လို့ ဆိုးလ်ရှား က ချီးကျူး သွားခဲ့တာပဲ ဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့ကျောနံပါတ် ၇ ဂျာစီဟာ ၄ နာရီအတွင်း ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဗာနီဆီ ဖုန္းဆက္ခဲ့တဲ့ စီ​ေရာ္နယ္ဒို

ယူႏိုက္တက္ အသင္းရဲ႕ နည္းျပ ျဖစ္သူ အိုလီ ဂန္နာ ဆိုးလ္ရွား ကေတာ့ နယူးကာဆယ္ အသင္းနဲ႔ ရင္ဆိုင္ ကစားရမယ့္ ပရီးမီးယားလိဂ္ ပြဲစဥ္ 4 မတိုင္မီမွာ တိုက္စစ္မႉး ကာဗာနီကို ခ်ီးက်ဴးစကားဆိုထားပါတယ္။ ကာဗာနီဟာၿပီးခဲ့တဲ့ ေဘာလုံး ရာသီတုန္းက ယူႏိုက္တက္ အသင္းဆီ အလြတ္ ေျပာင္္းေ႐ႊ႕ေၾကးနဲ႔ ေရာက္လာခဲ့သူ ျဖစ္ၿပီး အသင္းရဲ႕ သမိုင္းဝင္ နံပါတ္ 7 ဂ်ာစီကို ဝတ္ဆင္ခြင့္ ရရွိခဲ့ပါတယ္။ အခု​ေတာ့ စီ​ေရာ္နယ္ဒိုက ဂ်ာစီနံပါတ္ကို လြဲ​ေျပာင္းရယူခဲ့ပါၿပီ။

နည္းျပ ဆိုးလ္ရွားက ေရာ္နယ္ဒို လိုခ်င္ခဲ့တဲ့ နံပါတ္ 7 ဂ်ာစီကို အလြယ္တကူ ေပးေဆာင္္သြားခဲ့တဲ့ ကာဗာနီရဲ႕ လုပ္ရပ္ကို ခ်ီးက်ဴးသြားခဲ့လိုက္ၿပီး သူဟာ အသင္းေဖာ္အေပၚ ေလးစားသမႈ ထားရွိသူ တစ္ဦး ျဖစ္ေၾကာင္း ေျပာျပခဲ့ ပါတယ္။

” အဲဒါဟာ သူ႔ရဲ႕ ေကာင္းကြက္ေတြထဲက တစ္ခုပါ ။ အီဒင္ဆန္ရဲ႕ လုပ္ေဆာင္ခ်က္က အမွတ္ရစရာေတြခ်ည္းပါပဲ ။ သူဟာ ၿပီးခဲ့တဲ့ ရာသီက တကယ္ပဲ ကစားပုံ ေကာင္းမြန္ခဲ့ပါတယ္။ ​ေရာ္နယ္ဒိုဟာ အီဒင္ဆန္ ကို ဖုန္းဆက္ခဲ့ေသးၿပီး သူတို႔ အခ်င္းခ်င္း စကားေတြ ေျပာျဖစ္ခဲ့ၾကပါေသးတယ္ ”

” အခုလို ဂ်ာစီ လႊဲေပးလိုက္တာက သူဟာ ​ေရာ္နယ္ဒို အေပၚ ေလးစားသမႈ ထားရွိတယ္ ဆိုတာကို ျပသလိုက္ျခင္္းပါပဲ ။ အဲဒီလိုပါပဲ​ေရာ္နယ္ဒိုဖက္က အီဒင္ဆန္ ဆီကို ဖုန္းေခၚခဲ့တယ္ ဆိုတာကလည္း ေလးစားသမႈျပသလိုက္ျခင္းပါပဲ။ သူတို႔​ေတြက တကယ့္ကို ပေရာ္ဖက္ရွင္နယ္ဆန္တဲ့ ကစားသမား နဲ႔ လူသား ႏွစ္ဦးပါပဲ ” လို႔ ဆိုးလ္ရွား က ခ်ီိးက်ဴး သြားခဲ့တာပဲ ျဖစ္ပါတယ္။

ေရာ္နယ္ဒိုရဲ႕ေက်ာနံပါတ္ ၇ ဂ်ာစီဟာ ၄ နာရီအတြင္း ေရာင္းအားအေကာင္းဆုံးျဖစ္ခဲ့ပါတယ္။