

စာချုပ်သက်တမ်းကုန်ဆုံးဖို့နီးကပ်လာတာနဲ့အမျှ အနာဂတ်မတည်ငြိမ်တဲ့သတင်းတွေထွက်နေပေမယ့် တိုက်စစ်မှူးကာဗာနီဟာ သူ့ရဲ့အနာဂတ်အစီအစဉ်မှာ ပြီးပြည့်စုံစွာပါဝင်နေသူတစ်ယောက်လို့ ပီအက်စ်ဂျီနည်းပြသောမတ်စ်တူချယ်က အခိုင်အမာပြောကြားလိုက်ပါတယ်။ဥရုဂွေးတိုက်စစ်မှူးရဲ့ ပီအက်စ်ဂျီနဲ့လက်ရှိစာချုပ်သက်တမ်းက ဒီရာသီအပြီးမှာကုန်ဆုံးမှာဖြစ်ပြီး စီးရီးအေထိပ်သီးဂျူဗင်တပ်ကိုပြောင်းရွှေ့လိမ့်မယ်လို့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။

အသက် ၃၂နှစ်ရှိနေပြီဖြစ်တဲ့ ကာဗာနီဟာ ၂၀၁၃ခုနှစ်မှာ ပြင်သစ်ကလပ်ကိုစတင်ရောက်ရှိခဲ့တာဖြစ်ပြီး အသင်းရဲ့ထာဝရဂိုးအများဆုံးသွင်းသူဖြစ်နေပါပြီ။လက်ရှိအချိန်မှာ တင်ပါးဒဏ်ရာကြောင့် နိုက်စ်နဲ့ကစားရမယ့် သောကြာနေ့ လီဂူး-၁ပွဲအတွက်မသေချာတဲ့တိုင် သူ့ကိုအပြီးသတ်ဆုံးရှုံးရမှာဟာ ပြင်းထန်တဲ့ခံစားမှုတွေကိုပေါ်ပေါက်စေလိမ့်မယ်လို့ တူချယ်ကယုံကြည်ထားပါတယ်။

“ စာချုပ်သစ်ချုပ်ဖို့ သူ သဘောတူမယ်လို့ယုံကြည်ထားသလားဆိုတဲ့ မေးခွန်းမျိုးအတွက် ဖြေဖို့စောပါသေးတယ်။အသင်းနဲ့သူ စကားပြောနေတယ်ဆိုတာတော့ ကျွန်တော် အသေအချာပြောနိုင်ပါတယ်။ဒါဟာ သူ့ကလပ်ဆိုတာ သူလည်းသိပါတယ်။သူ့စိတ်ထဲက အကြောင်းအရာအတိအကျကိုတော့ ကျွန်တော်လည်း ဘယ်သိနိုင်မလဲဗျာ။ဒဏ်ရာကြောင့် သူ့ကိုသီတင်းပတ်အချို့ဆုံးရှုံးခဲ့ရပေမယ့် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့၊ ကွင်းထဲပြန်ရောက်အောင်လုပ်ဖို့က ကျွန်တော့်ရဲ့အဓိကတာဝန်ပါပဲ။

သူဟာ အသင်းအတွက် ဂိုးအများဆုံးသွင်းပေးထားတယ်။သိပ်ကိုအရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်နေတယ်။ကျွန်တော်အမြဲတမ်း စိတ်ဝင်တစားတိုင်ပင်ရတဲ့ ကစားသမား ၅ဦးထဲက တစ်ဦးဖြစ်နေတယ်။တကယ်တော့ ကာဗာနီဟာ ကွင်းတွင်းရောကွင်းပြင်မှာပါ အတော့်ကိုအရေးပါတဲ့သူပါ ” လို့ တူချယ်ကဖွင့်ဟသွားပါတယ်။
(zawgyi)
စာခ်ဳပ္သက္တမ္းကုန္ဆံုးဖို႔နီးကပ္လာတာနဲ႔အမွ် အနာဂတ္မတည္ၿငိမ္တဲ့သတင္းေတြထြက္ေနေပမယ့္ တိုက္စစ္မွဴးကာဗာနီဟာ သူ႔ရဲ႕အနာဂတ္အစီအစဥ္မွာ ၿပီးျပည့္စံုစြာပါ၀င္ေနသူတစ္ေယာက္လို႔ ပီအက္စ္ဂ်ီနည္းျပေသာမတ္စ္တူခ်ယ္က အခိုင္အမာေျပာၾကားလိုက္ပါတယ္။ဥရုေဂြးတိုက္စစ္မွဴးရဲ႕ ပီအက္စ္ဂ်ီနဲ႔လက္ရွိစာခ်ဳပ္သက္တမ္းက ဒီရာသီအၿပီးမွာကုန္ဆံုးမွာျဖစ္ၿပီး စီးရီးေအထိပ္သီးဂ်ဴဗင္တပ္ကိုေျပာင္းေရႊ႕လိမ့္မယ္လို႔ သတင္းေတြက်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေပၚေနပါတယ္။အသက္ ၃၂ႏွစ္ရွိေနၿပီျဖစ္တဲ့ ကာဗာနီဟာ ၂၀၁၃ခုႏွစ္မွာ ျပင္သစ္ကလပ္ကိုစတင္ေရာက္ရွိခဲ့တာျဖစ္ၿပီး အသင္းရဲ႕ထာ၀ရဂိုးအမ်ားဆံုးသြင္းသူျဖစ္ေနပါၿပီ။လက္ရွိအခ်ိန္မွာ တင္ပါးဒဏ္ရာေၾကာင့္ ႏိုက္စ္နဲ႔ကစားရမယ့္ ေသာၾကာေန႔ လီဂူး-၁ပြဲအတြက္မေသခ်ာတဲ့တိုင္ သူ႔ကိုအၿပီးသတ္ဆံုးရံႈးရမွာဟာ ျပင္းထန္တဲ့ခံစားမႈေတြကိုေပၚေပါက္ေစလိမ့္မယ္လို႔ တူခ်ယ္ကယံုၾကည္ထားပါတယ္။“ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ သူ သေဘာတူမယ္လို႔ယံုၾကည္ထားသလားဆိုတဲ့ ေမးခြန္းမ်ိဳးအတြက္ ေျဖဖို႔ေစာပါေသးတယ္။အသင္းနဲ႔သူ စကားေျပာေနတယ္ဆိုတာေတာ့ ကၽြန္ေတာ္ အေသအခ်ာေျပာႏိုင္ပါတယ္။ဒါဟာ သူ႔ကလပ္ဆိုတာ သူလည္းသိပါတယ္။သူ႔စိတ္ထဲက အေၾကာင္းအရာအတိအက်ကိုေတာ့ ကၽြန္ေတာ္လည္း ဘယ္သိႏိုင္မလဲဗ်ာ။ဒဏ္ရာေၾကာင့္ သူ႔ကိုသီတင္းပတ္အခ်ိဳ႔ဆံုးရံႈးခဲ့ရေပမယ့္ ၾကံ့ခိုင္မႈျပန္လည္ျပည့္၀ဖို႔၊ ကြင္းထဲျပန္ေရာက္ေအာင္လုပ္ဖို႔က ကၽြန္ေတာ့္ရဲ႕အဓိကတာ၀န္ပါပဲ။သူဟာ အသင္းအတြက္ ဂိုးအမ်ားဆံုးသြင္းေပးထားတယ္။သိပ္ကိုအေရးပါတဲ့ ကစားသမားတစ္ေယာက္ျဖစ္ေနတယ္။ကၽြန္ေတာ္အၿမဲတမ္း စိတ္၀င္တစားတိုင္ပင္ရတဲ့ ကစားသမား ၅ဦးထဲက တစ္ဦးျဖစ္ေနတယ္။တကယ္ေတာ့ ကာဗာနီဟာ ကြင္းတြင္းေရာကြင္းျပင္မွာပါ အေတာ့္ကိုအေရးပါတဲ့သူပါ ” လို႔ တူခ်ယ္ကဖြင့္ဟသြားပါတယ္။