

တိုက်စစ်မှူးကာဗာနီဟာ သူ့ရဲ့အနာဂတ်အစီအစဉ်မှာပါဝင်နေသလို အသင်းအတွက်အရေးအကြီးဆုံးကစားသမားတစ်ယောက်ဖြစ်နေဆဲလို့ ပီအက်စီဂျီနည်းပြတူချယ်က ထုတ်ဖော်ဖွင့်ဟထားပေမယ့် ဥရုဂွေးတိုက်စစ်မှူးကိုထိန်းသိမ်းနိုင်ဖို့တော့ အတော်လေးအခက်တွေ့နေရပါတယ်။အသက် ၃၂နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူးကို မန်ယူအပါအဝင် အင်တာမီလန်၊နာပိုလီနဲ့ဂျူဗင်တပ်တို့က စိတ်ဝင်စားနေကြသလို လက်ရှိအချိန်မှာ အက်သလက်တီကိုလည်း ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။

လာမယ့်နွေရာသီမှာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကာဗာနီဟာ ပဲရစ်အခြေစိုက်ကလပ်အတွက် ၇ ရာသီအတွင်းမှာ ၁၉၅ဂိုးသွင်းယူပေးခဲ့သူပါ။ဒဏ်ရာပြသနာနဲ့စာချုပ်သက်တမ်းတိုးဖို့ကြန့်ကြာနေတာက ကာဗာနီကို လက်လွှတ်ရမယ့်အနေအထားဖြစ်နေပြီး တကယ်လို့စာချုပ်သစ်မချုပ်နိုင်ရင် လာမယ့်နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာခွင့်ရမှာဖြစ်ပါတယ်။

” ကာဗာနီဘာဆက်လုပ်မလဲဆိုတာ အခုချိန်မှာ တိတိကျကျမသိရသေးပါဘူး။သူ့ကို အသင်းအတွက်ရာနှုန်းပြည့်အားထားနေတယ်ဆိုတာကိုတော့ သိမှာပါ။ဒဏ်ရာကြောင့် နားနေရတာဖြစ်ပြီး သူ့ကို ကွင်းထဲပြန်ရောက်အောင်လုပ်ဖို့က ကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်ပါပဲ။အသင်းရဲ့ထာဝရဂိုးအများဆုံးသွင်းသူဖြစ်နေတဲ့သူဟာ ကျွန်တော်တို့အတွက် သိပ်ကိုအရေးကြီးတဲ့သူပါ ” လို့ တူချယ်ကဆိုပေမယ့် ကာဗာနီအတွက် အက်သလက်တီကိုလည်း ခြေလှမ်းစနေပြီလို့ ပြင်သစ်မီဒီယာတွေက ဖေါ်ပြလာခဲ့တာပါ။
(zawgyi)
တိုက္စစ္မွဴးကာဗာနီဟာ သူ႔ရဲ႕အနာဂတ္အစီအစဥ္မွာပါ၀င္ေနသလို အသင္းအတြက္အေရးအႀကီးဆံုးကစားသမားတစ္ေယာက္ျဖစ္ေနဆဲလို႔ ပီအက္စီဂ်ီနည္းျပတူခ်ယ္က ထုတ္ေဖာ္ဖြင့္ဟထားေပမယ့္ ဥရုေဂြးတိုက္စစ္မွဴးကိုထိန္းသိမ္းႏိုင္ဖို႔ေတာ့ အေတာ္ေလးအခက္ေတြ႔ေနရပါတယ္။အသက္ ၃၂ႏွစ္အရြယ္ ဥရုေဂြးတိုက္စစ္မွဴးကို မန္ယူအပါအ၀င္ အင္တာမီလန္၊နာပိုလီနဲ႔ဂ်ဴဗင္တပ္တို႔က စိတ္၀င္စားေနၾကသလို လက္ရွိအခ်ိန္မွာ အက္သလက္တီကိုလည္း ပါ၀င္လာခဲ့ၿပီျဖစ္ပါတယ္။လာမယ့္ေႏြရာသီမွာ ပီအက္စ္ဂ်ီနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆံုးမယ့္ ကာဗာနီဟာ ပဲရစ္အေျခစိုက္ကလပ္အတြက္ ၇ ရာသီအတြင္းမွာ ၁၉၅ဂိုးသြင္းယူေပးခဲ့သူပါ။ဒဏ္ရာျပသနာနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ၾကန္႔ၾကာေနတာက ကာဗာနီကို လက္လႊတ္ရမယ့္အေနအထားျဖစ္ေနၿပီး တကယ္လို႔စာခ်ဳပ္သစ္မခ်ဳပ္ႏိုင္ရင္ လာမယ့္ေႏြေစ်းကြက္မွာ အလြတ္ေျပာင္းေရႊ႔ေၾကးနဲ႔ထြက္ခြာခြင့္ရမွာျဖစ္ပါတယ္။” ကာဗာနီဘာဆက္လုပ္မလဲဆိုတာ အခုခ်ိန္မွာ တိတိက်က်မသိရေသးပါဘူး။သူ႔ကို အသင္းအတြက္ရာႏႈန္းျပည့္အားထားေနတယ္ဆိုတာကိုေတာ့ သိမွာပါ။ဒဏ္ရာေၾကာင့္ နားေနရတာျဖစ္ၿပီး သူ႔ကို ကြင္းထဲျပန္ေရာက္ေအာင္လုပ္ဖို႔က ကၽြန္ေတာ့္ရဲ႕အဓိကရည္ရြယ္ခ်က္ပါပဲ။အသင္းရဲ႕ထာ၀ရဂိုးအမ်ားဆံုးသြင္းသူျဖစ္ေနတဲ့သူဟာ ကၽြန္ေတာ္တို႔အတြက္ သိပ္ကိုအေရးႀကီးတဲ့သူပါ ” လို႔ တူခ်ယ္ကဆိုေပမယ့္ ကာဗာနီအတြက္ အက္သလက္တီကိုလည္း ေျခလွမ္းစေနၿပီလို႔ ျပင္သစ္မီဒီယာေတြက ေဖၚျပလာခဲ့တာပါ။