ကာဒစ်ဖ်မှာတုန်းကထက် ပိုဆိုးတဲ့ ဆိုးလ်ရှားရဲ့မန်ယူက အနိုင်ရာခိုင်နှုန်း

photo-gettyimages

photo-gettyimages

မနေ့ညက အက်ဖ်အေဖလားတတိယအဆင့်ပွဲစဉ် အဝေးကွင်းမှာ ဝုဗ်နဲ့စိတ်ပျက်ဖွယ်ဂိုးမရှိသရေပွဲအပြီးမှာတော့ မန်ယူနဲ့ပတ်သက်ပြီး အနုတ်လက္ခဏာဆန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေ ထွက်ပေါ်လာပါတယ်။ နှစ်သစ်ရဲ့ပထမဆုံးနေ့မှာ အာဆင်နယ်ကို ၂-၀ ဂိုးနဲ့ရှုံ့းပြီးတဲ့နောက် ဝုဗ်ကိုလည်း စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ သရေကျခဲ့တာကြောင့် မန်ယူဟာ ၂၀၂၀ မှာ တာထွက်မကောင်းခဲ့သလို နိုင်ပွဲလည်း မရှိသေးပါဘူး။ ပိုဆိုးတာက အက်ဖ်အေဖလားမှာ ပြန်ကန်ပွဲကစားရတော့မှာမို့ ဆိုးလ်ရှားရဲ့အသင်းဟာ ၂၅ ရက်အတွင်းမှာ ၈ ပွဲဆက်တိုက်ကစားရဖို့ ဖြစ်သွားတယ်။

photo-gettyimages

ဒါ့အပြင် ဝုဗ်နဲ့ပွဲမှာ မန်ယူဟာ မိနစ် ၉၀ တစ်လျှောက်လုံး ဂိုးပေါက်တည့်ကန်ချက်တစ်ချက်တောင် မရှိခဲ့ဘဲ ဒါဟာ ၂၀၁၅ ဇန်နဝါရီက ဆောက်သမ်တန်နဲ့ပွဲနောက်ပိုင်း ပြည်တွင်းအမှတ်ပေးနဲ့ဖလားပွဲတွေမှာ သူတို့ကြုံတွေ့ခဲ့ရတဲ့ ပထမဆုံးအကြိမ် ဖြစ်လာပါတယ်။ ၂၀၁၉ စကတည်းကဆိုရင် မန်ယူဟာ ဒီလိုပွဲမျိုး ၃ပွဲအထိအောင် ရှိလာခဲ့ပါတယ်။ အရင်ဆယ်စုနှစ်တုန်းကဆိုရင် ဒါမျိုးဖြစ်တာ ၃ ကြိမ်သာ ရှိခဲ့ပါတယ်။

photo-gettyimages

ဒီအတွက် ဖိအားဒဏ်ပြန်ခံစားလာရတာက နည်းပြဆိုးလ်ရှားဖြစ်ပါတယ်။ ဝုဗ်နဲ့ပွဲက သရေပွဲကြောင့် အဲဒီနော်ဝေသားရဲ့အိုးလ်ထရက်ဖို့ဒ်က အနိုင်ရာခိုင်နှုန်းဟာ အမြဲတမ်းနည်းပြဖြစ်လာပြီးနောက်ပိုင်းမှာ ၂၇ ရာခိုင်နှုန်းသာ ရှိတော့တယ်။ သူ့အသင်းဟောင်းကာဒစ်ဖ်မှာတုန်းကထက်တောင် ပိုဆိုးသွားပါတယ်။ ကာဒစ်ဖ်ကို သူကိုင်တုန်းက အနိုင်ရာခိုင်နှုန်း ၃၀ ရှိခဲ့တာပါ။ ဒါတောင် အဲဒီအသင်းမှာ ၉ လတောင် မခံခဲ့ဘဲ သူကိုင်တွယ်စဉ်ကာလအတွင်းမှာပဲ ကာဒစ်ဖ်ဟာ ပရီးမီးယားလိဂ်က တန်းဆင်းခဲ့ရကာ သူအထုတ်ခံရတော့ အသင်းဟာ ချန်ပီယံရှစ်မှာ အဆင့် ၁၇ ရောက်နေခဲ့တာပါ။ ဒါကြောင့် ဆိုးလ်ရှားကို အချိန်ပေးတာဟာ မန်ယူအတွက် မှန်ကန်ပါရဲ့လား။

[Zawgyi]

ကာဒစ္ဖ္မွာတုန္းကထက္ ပိုဆိုးတဲ့ ဆိုးလ္ရွားရဲ႕မန္ယူက အႏိုင္ရာခိုင္ႏႈန္း

မေန႔ညက အက္ဖ္ေအဖလားတတိယအဆင့္ပြဲစဥ္ အေ၀းကြင္းမွာ ၀ုဗ္နဲ႔စိတ္ပ်က္ဖြယ္ဂိုးမရွိသေရပြဲအၿပီးမွာေတာ့ မန္ယူနဲ႔ပတ္သက္ၿပီး အႏုတ္လကၡဏာဆန္တဲ့ ကိန္းဂဏန္းအခ်က္အလက္ေတြ ထြက္ေပၚလာပါတယ္။ ႏွစ္သစ္ရဲ႕ပထမဆုံးေန႔မွာ အာဆင္နယ္ကုိ ၂-၀ ဂိုးနဲ႔ရႈ့ံးၿပီးတ့ဲေနာက္ ၀ုဗ္ကုိလည္း စိတ္ပ်က္ဖြယ္ေျခစြမ္းနဲ႔ သေရက်ခဲ့တာေၾကာင့္ မန္ယူဟာ ၂၀၂၀ မွာ တာထြက္မေကာင္းခဲ့သလုိ ႏိုင္ပြဲလည္း မရွိေသးပါဘူး။ ပိုဆုိုးတာက အက္ဖ္ေအဖလားမွာ ျပန္ကန္ပြဲကစားရေတာ့မွာမို႔ ဆုိးလ္ရွားရဲ႕အသင္းဟာ ၂၅ ရက္အတြင္းမွာ ၈ ပြဲဆက္တိုက္ကစားရဖို႔ ျဖစ္သြားတယ္။

ဒါ့အျပင္ ၀ုဗ္နဲ႔႔ပြဲမွာ မန္ယူဟာ မိနစ္ ၉၀ တစ္ေလွ်ာက္လုံး ဂိုးေပါက္တည့္ကန္ခ်က္တစ္ခ်က္ေတာင္ မရွိခဲ့ဘဲ ဒါဟာ ၂၀၁၅ ဇန္န၀ါရီက ေဆာက္သမ္တန္နဲ႔ပြဲေနာက္ပိုင္း ျပည္တြင္းအမွတ္ေပးနဲ႔ဖလားပြဲေတြမွာ သူတုိ႔ႀကဳံေတြ႕ခဲ့ရတဲ့ ပထမဆုံးအႀကိမ္ ျဖစ္လာပါတယ္။ ၂၀၁၉ စကတည္းကဆုိရင္ မန္ယူဟာ ဒီလိုပြဲမ်ိဳး ၃ပြဲအထိေအာင္ ရွိလာခဲ့ပါတယ္။ အရင္ဆယ္စုႏွစ္တုနး္ကဆုိရင္ ဒါမ်ိဳးျဖစ္တာ ၃ ႀကိမ္သာ ရွိခဲ့ပါတယ္။

ဒီအတြက္ ဖိအားဒဏ္ျပန္ခံစားလာရတာက နည္းျပဆုိးလ္ရွားျဖစ္ပါတယ္။ ၀ုဗ္နဲ႕ပြဲက သေရပြဲေၾကာင့္ အဲဒီေနာ္ေ၀သားရဲ႕အုိးလ္ထရက္ဖုိ႔ဒ္က အႏိုင္ရာခုိင္ႏႈန္းဟာ အၿမဲတမ္းနည္းျပျဖစ္လာၿပီးေနာက္ပိုင္းမွာ ၂၇ ရာခိုင္ႏႈန္းသာ ရွိေတာ့တယ္။ သူ႔အသင္းေဟာင္းကာဒစ္ဖ္မွာတုန္းကထက္ေတာင္ ပိုဆိုးသြားပါတယ္။ ကာဒစ္ဖ္ကို သူကိုင္တုန္းက အႏိုင္ရာခုိင္ႏႈနး္ ၃၀ ရွိခဲ့တာပါ။ ဒါေတာင္ အဲဒီအသင္းမွာ ၉ လေတာင္ မခံခဲ့ဘဲ သူကိုင္တြယ္စဥ္ကာလအတြင္းမွာပဲ ကာဒစ္ဖ္ဟာ ပရီးမီးယားလိဂ္က တန္းဆင္းခ့ဲရကာ သူအထုတ္ခံရေတာ့ အသင္းဟာ ခ်န္ပီယံရွစ္မွာ အဆင့္ ၁၇ ေရာက္ေနခဲ့တာပါ။ ဒါေၾကာင့္ ဆုိးလ္ရွားကို အခ်ိန္ေပးတာဟာ မန္ယူအတြက္ မွန္ကန္ပါရဲ႕လား။