ကာဆယ်နဲ့ပွဲက ပင်နယ်တီလွဲမှုအတွက် ဖခင်ဖြစ်သူက ဝေဖန်ခဲ့တာကို ဖာနန်ဒက်စ်ဖွင့်ဟ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

သူ့ရဲ့အနိုင်ရလိုစိတ်ဟာ နိုင်လိုစိတ်ပြင်းတဲ့ သူ့မိသားစုထဲကနေ ဘယ်လိုပေါက်ဖွားလာတယ်ဆိုတာကို မန်ယူကွင်းလယ်လူဘရူနိုဖာနန်ဒက်စ်က မီးမောင်းထိုးပြလိုက်ပြီး သူကိုယ်တိုင်ကလည်း ပိုကောင်းအောင် အမြဲတွန်းအားပေးနေသူ ဖြစ်ပါတယ်။

ရာသီအစောပိုင်းက နယူးကာဆယ်နဲ့ပွဲမှာ သူပင်နယ်တီလွဲခဲ့ပြီးနောက် ဖခင်ဖြစ်သူက ဝေဖန်ခဲ့တဲ့အကြောင်းကို ဖာနန်ဒက်စ်က ဖွင့်ဟခဲ့တာဖြစ်ပြီး ဒါတောင် သူဟာ မန်ယူအတွက် ပထမဆုံးအကြိမ်အဖြစ် ပင်နယ်တီလွဲခဲ့တာပါ။

ပင်နယ်တီလွဲခဲ့ပေမယ့် ဖာနန်ဒက်စ်ဟာ ၄-၁ နဲ့ နိုင်ခဲ့တဲ့ အဲဒီပွဲရဲ့ပွဲချိန်နှောင်းပိုင်းမှာ တစ်ဂိုးသွင်းနိုင်ခဲ့သေးတာပါ။ ဒါပေမဲ့ သူ့ဖခင်ရဲ့ဝေဖန်မှုနဲ့ မလွတ်ကင်းခဲ့ပါဘူး။

”နယူးကာဆယ်နဲ့ပွဲအပြီး နောက်နေ့မှာ ကျွန်တော့်အဖေက မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါတယ်။ သူ ဘယ်တော့မှ ကျွန်တော့်ကို မက်ဆေ့ချ်မပို့ပါဘူး။ ပွဲပြီးရင် သူအမြဲတမ်းပဲ ဖုန်းခေါ်နေကျပါ။ အဲဒီမက်ဆေ့ချ်မှာတော့ ‘မင်းရဲ့ဂိုးအတွက် ကွန်ဂရက်ကျူလေးရှင်းပါ။ ဒါပေမဲ့ မနက်ဖြန်ကစပြီး ပင်နယ်တီဘယ်လိုကန်ရသလဲဆိုတာ မင်းကို စရှင်းပြမယ်’တဲ့။

ပင်နယ်တီ ၁၁ လုံးမှာ ၁ လုံးပဲ လွဲတဲ့သူကို အဲဒီလိုပြောတာပါ။ သူ ဘောလုံးကစားခဲ့စဉ်တုန်းကဆိုရင် တစ်ခါမှ ပင်နယ်တီမသွင်းခဲ့ဖူးပါဘူး။ ဒါပေမဲ့ ဒီလိုအခြေအနေက ကိုယ်တိုးတက်အောင် ကူညီပေးပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ့်နောက်မှာ ကိုယ့်ဆီကနေ အမြဲပိုပြီးတောင်းဆိုတတ်တဲ့သူတွေ အမြဲရှိနေတယ်ဆိုတာကို သိနေရလို့ပါ”လို့ဖာနန်ဒက်စ်က ဖွင့်ဟခဲ့တာပါ။

ဒါ့အပြင် ဖာနန်ဒက်စ်က သူ့ရဲ့အနိုင်ရလိုစိတ်ပြင်းပြမှုဟာ ဘောလုံးကွင်းထဲမှာတင်မဟုတ်ဘဲ ၃ နှစ်အရွယ်သမီးဖြစ်သူနဲ့ ယူနိုဂိမ်း(ကတ်ဂိမ်း)ကစားရာမှာတောင် ရှုံးမှာကို မုန်းတဲ့အကြောင်း ဆက်လက်ဖွင့်ဟခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကာဆယ္နဲ႔ပြဲက ပင္နယ္တီလြဲမႈအတြက္ ဖခင္ျဖစ္သူက ေ၀ဖန္ခဲ့တာကို ဖာနန္ဒက္စ္ဖြင့္ဟ

သူ႔ရဲ႕အႏိုင္ရလိုစိတ္ဟာ ႏိုင္လုိစိတ္ျပင္းတဲ့ သူ႔မိသားစုထဲကေန ဘယ္လိုေပါက္ဖြားလာတယ္ဆိုတာကို မန္ယူကြင္းလယ္လူဘရူႏိုဖာနန္ဒက္စ္က မီးေမာင္းထုိးျပလိုက္ၿပီး သူကိုယ္တုိင္ကလည္း ပိုေကာင္းေအာင္ အၿမဲတြန္းအားေပးေနသူ ျဖစ္ပါတယ္။

ရာသီအေစာပိုင္းက နယူးကာဆယ္နဲ႔ပြဲမွာ သူပင္နယ္တီလြဲခဲ့ၿပီးေနာက္ ဖခင္ျဖစ္သူက ေ၀ဖန္ခဲ့တဲ့အေၾကာင္းကို ဖာနန္ဒက္စ္က ဖြင့္ဟခဲ့တာျဖစ္ၿပီး ဒါေတာင္ သူဟာ မန္ယူအတြက္ ပထမဆုံးအႀကိမ္အျဖစ္ ပင္နယ္တီလြဲခဲ့တာပါ။

ပင္နယ္တီလြဲခဲ့ေပမယ့္ ဖာနန္ဒက္စ္ဟာ ၄-၁ နဲ႔ ႏိုင္ခဲ့တဲ့ အဲဒီပြဲရဲ႕ပြဲခ်ိန္ေႏွာင္းပိုင္းမွာ တစ္ဂိုးသြင္းႏိုင္ခဲ့ေသးတာပါ။ ဒါေပမဲ့ သူ႔ဖခင္ရဲ႕ေ၀ဖန္မႈနဲ႔ မလြတ္ကင္းခဲ့ပါဘူး။

”နယူးကာဆယ္နဲ႔ပြဲအၿပီး ေနာက္ေန႔မွာ ကၽြန္ေတာ့္အေဖက မက္ေဆ့ခ်္တစ္ေစာင္ ပို႔လိုက္ပါတယ္။ သူ ဘယ္ေတာ့မွ ကၽြန္ေတာ့္ကုိ မက္ေဆ့ခ်္မပို႔ပါဘူး။ ပြဲၿပီးရင္ သူအၿမဲတမ္းပဲ ဖုန္းေခၚေနက်ပါ။ အဲဒီမက္ေဆ့ခ်္မွာေတာ့ ‘မင္းရဲ႕ဂိုးအတြက္ ကြန္ဂရက္က်ဴေလးရွင္းပါ။ ဒါေပမဲ့ မနက္ျဖန္ကစၿပီး ပင္နယ္တီဘယ္လိုကန္ရသလဲဆုိတာ မင္းကို စရွင္းျပမယ္’တဲ့။

ပင္နယ္တီ ၁၁ လုံးမွာ ၁ လုံးပဲ လြဲတဲ့သူကို အဲဒီလိုေျပာတာပါ။ သူ ေဘာလုံးကစားခဲ့စဥ္တုန္းကဆုိရင္ တစ္ခါမွ ပင္နယ္တီမသြင္းခဲ့ဖူးပါဘူး။ ဒါေပမဲ့ ဒီလုိအေျခအေနက ကိုယ္တိုးတက္ေအာင္ ကူညီေပးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ့္ေနာက္မွာ ကိုယ့္ဆီကေန အၿမဲပိုၿပီးေတာင္းဆုိတတ္တဲ့သူေတြ အၿမဲရွိေနတယ္ဆိုတာကို သိေနရလို႔ပါ”လို႔ဖာနန္ဒက္စ္က ဖြင့္ဟခဲ့တာပါ။

ဒါ့အျပင္ ဖာနန္ဒက္စ္က သူ႔ရဲ႕အႏိုင္ရလိုစိတ္ျပင္းျပမႈဟာ ေဘာလုံးကြင္းထဲမွာတင္မဟုတ္ဘဲ ၃ ႏွစ္အရြယ္သမီးျဖစ္သူနဲ႔ ယူႏိုဂိမ္း(ကတ္ဂိမ္း)ကစားရာမွာေတာင္ ရံႈးမွာကို မုန္းတဲ့အေၾကာင္း ဆက္လက္ဖြင့္ဟခဲ့ပါတယ္။