ကာဂျစ္စတန်ကို ၇ဂိုးပြတ်အရေးနိမ့်ကာ ၃ပွဲကစား ရဂိုးမရှိ၊ ပေးဂိုး ၁၀ဂိုးနဲ့ မြန်မာရဲ့မပြီးဆုံးနိုင်သေးတဲ့အိပ်မက်ဆိုး

Photo Credit

Photo Credit ; MFF

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ အာရှဇုန်ပွဲတွေကို ယနေ့မှာ ဆက်လက်ကျင်းပခဲ့ရာ ပွဲတိုင်းရှုံးနိမ့်ထားတဲ့ မြန်မာအသင်းက ဒီပွဲမှာလည်း အိမ်ရှင်ကာဂျစ္စတန်ကို ၇ဂိုးပြတ်အရေးနိမ့်ကာ နောက်တစ်ဆင့်တက်ရောက်ရေးမျှော်လင့်ချက် အတော်လေးနည်းပါးသွားခဲ့ရပါတယ်။

Photo Credit ; MFF

စက်တင်ဘာလအတွင်း ကစားခဲ့တဲ့ပွဲတွေမှာ မွန်ဂိုလီးယားနဲ့ ဂျပန်တို့ကို ရဂိုးမရှိ အသီးသီးအရေးနိမ့်ခဲ့တဲ့ မြန်မာအသင်းဟာ ဒီပွဲမှာလည်း ပထမပိုင်းပြီးကတည်းက ၅ဂိုးပြတ်အရေးနိမ့်ခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ ၂ဂိုးပဲပေးလိုက်ရလို့သာ ၇ဂိုးပြတ်နဲ့အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။

Photo Credit

မြန်မာအသင်းဟာ ပထမပိုင်းကစားပုံ အတော်လေးဆိုးရွားခဲ့ပြီး ပထမပိုင်းအပြီးမှာကတည်းက ၅ဂိုးပြတ်အရေးနိမ့်နေခဲ့တာဖြစ်ပါတယ်။ ပွဲအစ ၁၀ မိနစ်အတွင်းမှာပဲ ၂ဂိုးပေးလိုက်ရပြီး ပွဲချိန် ၅မိနစ်မှာ ဘားနက်က ဂိုးဧရိယာထိပ်ကနေ ကန်သွင်းယူခဲ့တာဖြစ်သလို ပွဲချိန် ၁၀မိနစ်မှာလည်း အဖွင့်ဂိုးသွင်းယူခဲ့တဲ့ ဘားနက်ကပဲ ယူလူးရဲ့ဖြတ်တင်ဘောကို ပြင်းထန်အားပါတဲ့ခေါင်းတိုက်ချက်နဲ့ ဒုတိယမြောက်ဦးဆောင်ဂိုးသွင်းယူသွားပါတယ်။

Photo Credit

ဒီလိုပွဲအစ ၁၀မိနစ်အတွင်း ၂ဂိုးဆက်ပေးလိုက်ရလို့ မြန်မာအသင်းအနေနဲ့ အကောင်းဆုံးတုံ့ပြန်နိုင်ဖို့ လိုအပ်ခဲ့ပေမယ့် ချေပဂိုးမသွင်းနိုင်ခဲ့တဲ့အပြင် နောက် ၁၀မိနစ်အကြာမှာပဲ တတိယမြောက်ဦးဆောင်ဂိုးပေးလိုက်ရသလို ပွဲချိန် ၂၆ မိနစ်မှာ စတုတ္ထမြောက်ဂိုးပေးလိုက်ရပါတယ်။

Photo Credit

ပွဲအစ ၂၆ မိနစ်ပဲရှိသေးတယ်၊ ပွဲက သေချာသလောက်ဖြစ်သွားပြီး မြန်မာအသင်းလည်း ပွဲချိန် ၄၅မိနစ်၊ ၇၁မိနစ်နဲ့ ၈၇ မိနစ်တွေမှာ ဂိုးတွေဆက်တိုက်ပေးခဲ့ရပြီး ပွဲအပြီးမှာ ၇ဂိုးပြတ်အရေးနိမ့်သွားခဲ့ပါတယ်။ မြန်မာအသင်းအနေနဲ့ ဒီရက်သတ္တပတ်မှာ နောက်ထပ်ကစားစရာမရှိတော့ဘဲ နိုဝင်ဘာလထဲရောက်မှ အိမ်ကွင်းမှာ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နဲ့ ဆက်တိုက်ကစားရမှာဖြစ်ပါတယ်။ မြန်မာအသင်းဟာ နည်းပြသစ်ရာဒူလိုဗစ်လက်ထက် စင်ကာပူကို ခြေစမ်းပွဲမှာအနိုင်ရခဲ့ပြီးနောက် အခုခြေစစ်ပွဲ ၃ပွဲဆက် တစ်ဂိုးမှမရ၊ ပွဲတိုင်းရှုံးနိမ့်ထားတဲ့အပြင် ကာဂျစ္စတန်ကို ဂိုးအလှူပေးခဲ့ရတာဖြစ်ပါတယ်။

Photo Credit

Zawgyi

ကာဂ်စၥတန္ကို ၇ဂိုးျပတ္အေရးနိမ့္ကာ ၃ပဲြကစား ရဂိုးမရွိ၊ ေပးဂိုး ၁၀ဂိုးနဲ႔ ျမန္မာရဲ႕မၿပီးဆုံးႏိုင္ေသးတဲ့အိပ္မက္ဆိုး

၂၀၂၂ ကမၻာ့ဖလားေျခစစ္ပြဲ အာရွဇုန္ပြဲေတြကို ယေန႔မွာ ဆက္လက္က်င္းပခဲ့ရာ ပဲြတုိင္း႐ံႈးနိမ့္ထားတဲ့ ျမန္မာအသင္းက ဒီပြဲမွာလည္း အိမ္ရွင္ကာဂ်စၥတန္ကို ၇ဂိုးျပတ္အေရးနိမ့္ကာ ေနာက္တစ္ဆင့္တက္ေရာက္ေရးေမွ်ာ္လင့္ခ်က္ အေတာ္ေလးနည္းပါးသြားခဲ့ရပါတယ္။
စက္တင္ဘာလအတြင္း ကစားခ့ဲတဲ့ပြဲေတြမွာ မြန္ဂိုလီးယားနဲ႔ ဂ်ပန္တုိ႔ကုိ ရဂိုးမရွိ အသီးသီးအေရးနိမ့္ခဲ့တဲ့ ျမန္မာအသင္းဟာ ဒီပြဲမွာလည္း ပထမပိုင္းၿပီးကတည္းက ၅ဂိုးျပတ္အေရးနိမ့္ခဲ့တာျဖစ္ၿပီး ဒုတိယပိုင္းမွာ ၂ဂိုးပဲေပးလုိက္ရလုိ႔သာ ၇ဂိုးျပတ္နဲ႔အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။
ျမန္မာအသင္းဟာ ပထမပိုင္းကစားပုံ အေတာ္ေလးဆိုးရြားခဲ့ၿပီး ပထမပိုင္းအၿပီးမွာကတည္းက ၅ဂိုးျပတ္အေရးနိမ့္ေနခဲ့တာျဖစ္ပါတယ္။ ပဲြအစ ၁၀ မိနစ္အတြင္းမွာပဲ ၂ဂိုးေပးလုိက္ရၿပီး ပြဲခ်ိန္ ၅မိနစ္မွာ ဘားနက္က ဂိုးဧရိယာထိပ္ကေန ကန္သြင္းယူခဲ့တာျဖစ္သလုိ ပြဲခ်ိန္ ၁၀မိနစ္မွာလည္း အဖြင့္ဂိုးသြင္းယူခဲ့တဲ့ ဘားနက္ကပဲ ယူလူးရဲ႕ျဖတ္တင္ေဘာကို ျပင္းထန္အားပါတဲ့ေခါင္းတိုက္ခ်က္နဲ႔ ဒုတိယေျမာက္ဦးေဆာင္ဂုိးသြင္းယူသြားပါတယ္။
ဒီလုိပြဲအစ ၁၀မိနစ္အတြင္း ၂ဂိုးဆက္ေပးလုိက္ရလုိ႔ ျမန္မာအသင္းအေနနဲ႔ အေကာင္းဆုံးတုံ႔ျပန္ႏိုင္ဖို႔ လိုအပ္ခဲ့ေပမယ့္ ေခ်ပဂုိးမသြင္းႏိုင္ခဲ့တဲ့အျပင္ ေနာက္ ၁၀မိနစ္အၾကာမွာပဲ တတိယေျမာက္ဦးေဆာင္ဂိုးေပးလုိက္ရသလုိ ပြဲခ်ိန္ ၂၆ မိနစ္မွာ စတုတၳေျမာက္ဂိုးေပးလုိက္ရပါတယ္။
ပဲြအစ ၂၆ မိနစ္ပဲရွိေသးတယ္၊ ပြဲက ေသခ်ာသေလာက္ျဖစ္သြားၿပီး ျမန္မာအသင္းလည္း ပြဲခ်ိန္ ၄၅မိနစ္၊ ၇၁မိနစ္နဲ႔ ၈၇ မိနစ္ေတြမွာ ဂိုးေတြဆက္တုိက္ေပးခဲ့ရၿပီး ပြဲအၿပီးမွာ ၇ဂိုးျပတ္အေရးနိမ့္သြားခဲ့ပါတယ္။ ျမန္မာအသင္းအေနနဲ႔ ဒီရက္သတၱပတ္မွာ ေနာက္ထပ္ကစားစရာမရွိေတာ့ဘဲ ႏို၀င္ဘာလထဲေရာက္မွ အိမ္ကြင္းမွာ တာဂ်စ္ကစၥတန္၊ မြန္ဂိုလီးယားတို႔နဲ႔ ဆက္တုိက္ကစားရမွာျဖစ္ပါတယ္။
ျမန္မာအသင္းဟာ နည္းျပသစ္ရာဒူလုိဗစ္လက္ထက္ စင္ကာပူကို ေျခစမ္းပြဲမွာအႏိုင္ရခဲ့ၿပီးေနာက္ အခုေျခစစ္ပြဲ ၃ပဲြဆက္ တစ္ဂိုးမွမရ၊ ပြဲတုိင္း႐ံႈးနိမ့္ထားတဲ့အျပင္ ကာဂ်စၥတန္ကို ဂိုးအလွဴေပးခဲ့ရတာျဖစ္ပါတယ္။