ကလေးငယ်တစ်ဦးအတွက် အလှူငွေရဖို့ စီရော်နယ်လ်ဒိုရဲ့လက်ပတ်ကို လေလံတင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ဆားဘီးယားနဲ့ပေါ်တူဂီအသင်းတို့ကစားခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒို လွှင့်ပစ်ခဲ့တဲ့ အသင်းခေါင်းဆောင်လက်ပတ်ကို ကောက်ရခဲ့တဲ့ ကွင်းထဲက အလုပ်သမားတစ်ဦးက အွန်လိုင်းမှာ လေလံတင်ပြီး ရရှိလာတဲ့ငွေတွေကို ဆားဘီးယားက ကလေးငယ်တစ်ဦးဆေးကုသစရိတ်အဖြစ် လှူဒါန်းသွားမှာဖြစ်ပါတယ်။

ဆားဘီးယားနဲ့ ပေါ်တူဂီအသင်းတို့ (၂)ဂိုးစီသရေကျခဲ့တဲ့ပွဲမှာ စီရော်နယ်လ်ဒိုဟာ ပွဲပြီးခါနီးအချိန်မှာ အသင်းအတွက် ဂိုးသွင်းယူခဲ့ချိန်မှာ ဘောလုံးက ဂိုးစည်းကိုကျော်ပြီးမှ ဆားဘီးယားနောက်ခံလူ ရှင်းထုတ်နိုင်ခဲ့ပြီး ကွင်းလယ်ဒိုင်က ဂိုးမပေးခဲ့ပါဘူး။

အဲဒီအတွက် စီရော်နယ်လ်ဒိုဟာ ဒေါသပေါက်ကွဲခဲ့ပြီး သူ့အသင်းခေါင်းဆောင်လက်ပတ်ကို ဒေါသတကြီးလွှင့်ပစ်ခဲ့သလို ဒိုင်လူကြီးကို အပြင်းအထန်စောဒကတက်ခဲ့တဲ့အတွက် အဝါကတ်အပြခံခဲ့ရပါတယ်။

စီရော်နယ်လ်ဒို လွှင့်ပတ်ခဲ့တဲ့အသင်းခေါင်းဆောင်လက်ပတ်ကို ကွင်းထဲက အလုပ်သမားတစ်ဦးက ကောက်ယူခဲ့ပြီး အွန်လိုင်းကနေ လေလံတင်ရောင်းချသွားမှာဖြစ်သလို ရရှိတဲ့ငွေကြေးတွေကို အသက်(၆)လသားအရွယ်သာရှိသေးတဲ့ ဆားဘီးယားကလေးငယ်လေး ကျောရိုးချည့်နဲ့တဲ့ရောဂါကို ခွဲစိတ်ကုသနိုင်ဖို့အတွက် စရိတ်စကအဖြစ်လှူဒါန်းသွားမှာဖြစ်ပါတယ်။

အပြာရောင်လက်ပတ်ပေါ်မှာ ”C”ဆိုတဲ့စာလုံးရိုက်နှိပ်ထားတဲ့ စီရော်နယ်လ်ဒိုရဲ့အသင်းခေါင်းဆောင်လက်ပတ်ကို အွန်လိုင်းပေါ်မှာ (၃)ရက်ကြာလေလံပစ်သွားမယ်လို့လည်း သိရပါတယ်။

ဆားဘီးယားနဲ့ပွဲတုန်းက အသင်းခေါင်းဆောင်လက်ပတ်ကို လွှင့်ပစ်ခဲ့တဲ့အပြုအမူကြောင့် ဝေဖန်ခံခဲ့ရတဲ့ စီရော်နယ်လ်ဒိုရဲ့လုပ်ရပ်ဟာ အခုတော့ အကျိုးရှိစရာကိစ္စအဖြစ်ပြောင်းလဲသွားတယ်လို့ ပြောရမှာပါ။

စီရော်နယ်လ်ဒိုဟာ ဆားဘီးယားနဲ့ပွဲမှာဂိုးမသွင်းနိုင်ခဲ့ပေမယ့် မနေ့က လူဇင်ဘတ်အသင်းနဲ့ကစားခဲ့တဲ့ခြေစစ်ပွဲမှာ အသင်းအတွက်တစ်ဂိုးသွင်းယူခဲ့တာကြောင့် အခုဆိုရင် လက်ရွေးစင်အသင်းအတွက် သူ့သွင်းဂိုးက (၁၀၃)ဂိုးအထိရှိလာပြီး ဘောလုံးသမိုင်းတစ်လျှောက် နိုင်ငံအသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားဖြစ်သူ အီရန်ဂန္ထဝင်တိုက်စစ်မှူးအလီဒါအီ(၁၀၉ဂိုး)ကို ကျော်ဖြတ်ဖို့ (၇)ဂိုးသာလိုတော့တာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကေလးငယ္တစ္ဦးအတြက္ အလႉေငြရဖို႔ စီေရာ္နယ္လ္ဒိုရဲ႕လက္ပတ္ကို ေလလံတင္

ၿပီးခဲ့တဲ့ရက္ပိုင္းတုန္းက ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲအျဖစ္ ဆားဘီးယားနဲ႔ေပၚတူဂီအသင္းတို႔ကစားခဲ့တဲ့ပြဲမွာ စီေရာ္နယ္လ္ဒို လႊင့္ပစ္ခဲ့တဲ့ အသင္းေခါင္းေဆာင္လက္ပတ္ကို ေကာက္ရခဲ့တဲ့ ကြင္းထဲက အလုပ္သမားတစ္ဦးက အြန္လိုင္းမွာ ေလလံတင္ၿပီး ရရွိလာတဲ့ေငြေတြကို ဆားဘီးယားက ကေလးငယ္တစ္ဦးေဆးကုသစရိတ္အျဖစ္ လႉဒါန္းသြားမွာျဖစ္ပါတယ္။ ဆားဘီးယားနဲ႔ ေပၚတူဂီအသင္းတို႔ (၂)ဂိုးစီသေရက်ခဲ့တဲ့ပြဲမွာ စီေရာ္နယ္လ္ဒိုဟာ ပြဲၿပီးခါနီးအခ်ိန္မွာ အသင္းအတြက္ ဂိုးသြင္းယူခဲ့ခ်ိန္မွာ ေဘာလုံးက ဂိုးစည္းကိုေက်ာ္ၿပီးမွ ဆားဘီးယားေနာက္ခံလူ ရွင္းထုတ္ႏိုင္ခဲ့ၿပီး ကြင္းလယ္ဒိုင္က ဂိုးမေပးခဲ့ပါဘူး။ အဲဒီအတြက္ စီေရာ္နယ္လ္ဒိုဟာ ေဒါသေပါက္ကြဲခဲ့ၿပီး သူ႔အသင္းေခါင္းေဆာင္လက္ပတ္ကို ေဒါသတႀကီးလႊင့္ပစ္ခဲ့သလို ဒိုင္လူႀကီးကို အျပင္းအထန္ေစာဒကတက္ခဲ့တဲ့အတြက္ အဝါကတ္အျပခံခဲ့ရပါတယ္။

စီေရာ္နယ္လ္ဒို လႊင့္ပတ္ခဲ့တဲ့အသင္းေခါင္းေဆာင္လက္ပတ္ကို ကြင္းထဲက အလုပ္သမားတစ္ဦးက ေကာက္ယူခဲ့ၿပီး အြန္လိုင္းကေန ေလလံတင္ေရာင္းခ်သြားမွာျဖစ္သလို ရရွိတဲ့ေငြေၾကးေတြကို အသက္(၆)လသားအ႐ြယ္သာရွိေသးတဲ့ ဆားဘီးယားကေလးငယ္ေလး ေက်ာ႐ိုးခ်ည့္နဲ႔တဲ့ေရာဂါကို ခြဲစိတ္ကုသႏိုင္ဖို႔အတြက္ စရိတ္စကအျဖစ္လႉဒါန္းသြားမွာျဖစ္ပါတယ္။ အျပာေရာင္လက္ပတ္ေပၚမွာ ”C”ဆိုတဲ့စာလုံး႐ိုက္ႏွိပ္ထားတဲ့ စီေရာ္နယ္လ္ဒိုရဲ႕အသင္းေခါင္းေဆာင္လက္ပတ္ကို အြန္လိုင္းေပၚမွာ (၃)ရက္ၾကာေလလံပစ္သြားမယ္လို႔လည္း သိရပါတယ္။ ဆားဘီးယားနဲ႔ပြဲတုန္းက အသင္းေခါင္းေဆာင္လက္ပတ္ကို လႊင့္ပစ္ခဲ့တဲ့အျပဳအမူေၾကာင့္ ေဝဖန္ခံခဲ့ရတဲ့ စီေရာ္နယ္လ္ဒိုရဲ႕လုပ္ရပ္ဟာ အခုေတာ့ အက်ိဳးရွိစရာကိစၥအျဖစ္ေျပာင္းလဲသြားတယ္လို႔ ေျပာရမွာပါ။

စီေရာ္နယ္လ္ဒိုဟာ ဆားဘီးယားနဲ႔ပြဲမွာဂိုးမသြင္းႏိုင္ခဲ့ေပမယ့္ မေန႔က လူဇင္ဘတ္အသင္းနဲ႔ကစားခဲ့တဲ့ေျခစစ္ပြဲမွာ အသင္းအတြက္တစ္ဂိုးသြင္းယူခဲ့တာေၾကာင့္ အခုဆိုရင္ လက္ေ႐ြးစင္အသင္းအတြက္ သူ႔သြင္းဂိုးက (၁၀၃)ဂိုးအထိရွိလာၿပီး ေဘာလုံးသမိုင္းတစ္ေလွ်ာက္ ႏိုင္ငံအသင္းအတြက္ သြင္းဂိုးအမ်ားဆုံးကစားသမားျဖစ္သူ အီရန္ဂႏၴဝင္တိုက္စစ္မႉးအလီဒါအီ(၁၀၉ဂိုး)ကို ေက်ာ္ျဖတ္ဖို႔ (၇)ဂိုးသာလိုေတာ့တာျဖစ္ပါတယ္။