ကလော့ပ်ရဲ့ ဝေဖန်မှုတွေကို ပြန်လည်လှောင်ပြောင်လိုက်တဲ့ ဖာနန်ဒက်စ်ရဲ့အစ်ကို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးနဲ့ပွဲမှာ ဘရူနိုဖာနန်ဒက်စ်တစ်ယောက် ဖရီးကစ်ကနေလှပစွာဂိုးသွင်းခဲ့ပြီးနောက် သူ့အစ်ကိုဖြစ်တဲ့ ရီကာဒိုဖာနန်ဒက်စ် ကလီဗာပူးနည်းပြ ကလော့ပ်ကိုလှောင်ပြောင်ခဲကြောင်း သိရပါတယ်။ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဥ်မှာ မန်ယူနဲ့ လီဗာပူးတို့ ၂-၂ သရေကျနေချိန်ဖြစ်တဲ့ ပွဲချိန် ၇၇ မိနစ်မှာ ဖရီးကစ်ကနေတစ် ဆင့် ဖာနန်ဒက်စ်က လှပစွာကန်သွင်းပြီး အနိုင်ဂိုးရယူပေးခဲ့လို့ မန်ယူက ၃-၂ နဲ့နိုင်ကာ ကွာတားဖိုင်နယ်အ ဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

ကလော့ပ်ဟာ ဇန်နဝါရီလဆန်းပိုင်းက ဆောက်သမ်တန်ကိုရှုံးခဲ့တဲ့ပွဲအပြီး မှာ မန်ယူအသင်း ပင်နယ်တီမကြာခဏရရှိနေမှု ကိုရည်ရွယ်ပြီး ဝေဖန်မှုတွေပြုလုပ်ခဲ့တဲ့သူပါ။ အဲဒီအချိန်တုန်း က လီဗာပူးဟာ မန်ယူနဲ့ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားတို့မှာတွေ့ရတော့မယ့်အချိန်ဖြစ်လို့ သူတို့နှစ်သင်း တွေ့မယ့်အခြေအနေတွေအပေါ် အများကအာရုံစိုက်နေကြတာပါ။

ဒါကြောင့်လည်း ကလော့ပ်က ဒိုင်တွေကိုဖိအားပေးဖို့ရည်ရွယ်ပြီး မန်ယူကိုပင်နယ်မကြာခဏရနေတာကို ဝေဖန်သွားခဲ့တာပါ။ ဖာနန်ဒက်စ်ဟာ မန်ယူကိုရောက်ပြီးနောက်ပိုင်းမှာ ပင်နယ်တီ ၁၆ ကြိမ်ကန်ခဲ့ရပြီး ၁၅ ကြိမ်ဂိုးဝင်ခဲ့ပါတယ်။ ဒါကြောင့်သူ့ကို penalty merchant (ပင်နယ်တီဘဲကန်တတ်တဲ့သူ) အဖြစ်ဝေဖန်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ရီကာဒိုဖာနန်ဒက်စ်က တွစ်တာကနေတစ်ဆင့် နောက်ထပ်ဂိုး၊ နောက်ထပ်ပင်နယ်တီ(‘Another Goal, another penalty’) ဆိုတဲ့စာသားနဲ့ စဥ်းစားခန်းဝင်နေတဲ့ အီမိုဂျီ တို့ကိုတွဲလျက်တင်ခဲ့ပါတယ်။ ဒါဟာ က လော့ပ်ကိုသာမက ပင်နယ်တီနဲ့ပတ်သက်ပြီးဝေဖန်မှုတွေကိုပါ ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်ပါတယ်။

အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ ရီကာဒိုဟာလည်း ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပြီး ပေါ်တို၊ စပို့တင်းလစ္စဘွန်း၊ အေပိုးလ်၊ အနော်သိုဆစ် အစရှိတဲ့အသင်းတွေအပါအဝင် ကလပ်ပေါင်း ၂၀ မှာကစားခဲ့ဘူးသူဖြစ်ပါတယ်။ ဖာနန်ဒက်စ်တစ်ယောက် ဖရီးကစ်ကနေ ဂိုးသွင်းယူခဲ့ပြီးချိန်မှာ မန်ယူနည်းပြ ဆိုးလ်ရှားကလည်းချီးကျူးခဲ့ပြီး ဒီပေါ်တူဂီသားဟာ လေ့ကျင့်ခန်းပြီးရင်လည်း ဖရီးကစ်တွေကို ဆက်လက်လေ့ကျင့်သူဖြစ်လို့ အခုလိုဂိုးသွင်း ယူနိုင်တာကို မအံဩဘူးလို့ပြောသွားပါတယ်။

ဖာနန်ဒက်စ်ဟာ မန်ယူကိုပြောင်းလာပြီးနောက် ပရီးမီးယား လိဂ် ၃၃ ပွဲကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းပြီး ၁၄ ဂိုးဖန်တီးပေးထားလို့ သူ့ရဲ့သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုနှုန်းထားက တစ် ပွဲကိုတစ်ကြိမ်နှုန်းဖြစ်နေပါတယ်။

Zawgyi

ကေလာ့ပ္ရဲ႕ ေဝဖန္မႈေတြကို ျပန္လည္ေလွာင္ေျပာင္လိုက္တဲ့ ဖာနန္ဒက္စ္ရဲ႕အစ္ကို

လီဗာပူးနဲ႔ပြဲမွာ ဘ႐ူႏိုဖာနန္ဒက္စ္တစ္ေယာက္ ဖရီးကစ္ကေနလွပစြာဂိုးသြင္းခဲ့ၿပီးေနာက္ သူ႔အစ္ကိုျဖစ္တဲ့ ရီကာဒိုဖာနန္ဒက္စ္ ကလီဗာပူးနည္းျပ ကေလာ့ပ္ကိုေလွာင္ေျပာင္ခဲေၾကာင္း သိရပါတယ္။ အက္ဖ္ေအဖလား စတုတၳအဆင့္ပြဲစဥ္မွာ မန္ယူနဲ႔ လီဗာပူးတို႔ ၂-၂ သေရက်ေနခ်ိန္ျဖစ္တဲ့ ပြဲခ်ိန္ ၇၇ မိနစ္မွာ ဖရီးကစ္ကေနတစ္ ဆင့္ ဖာနန္ဒက္စ္က လွပစြာကန္သြင္းၿပီး အႏိုင္ဂိုးရယူေပးခဲ့လို႔ မန္ယူက ၃-၂ နဲ႔ႏိုင္ကာ ကြာတားဖိုင္နယ္အ ဆင့္ကို တက္ေရာက္သြားခဲ့ပါတယ္။

ကေလာ့ပ္ဟာ ဇန္နဝါရီလဆန္းပိုင္းက ေဆာက္သမ္တန္ကိုရႈံးခဲ့တဲ့ပြဲအၿပီး မွာ မန္ယူအသင္း ပင္နယ္တီမၾကာခဏရရွိေနမႈ ကိုရည္႐ြယ္ၿပီး ေဝဖန္မႈေတြျပဳလုပ္ခဲ့တဲ့သူပါ။ အဲဒီအခ်ိန္တုန္း က လီဗာပူးဟာ မန္ယူနဲ႔ ပရီးမီးယားလိဂ္၊ အက္ဖ္ေအဖလားတို႔မွာေတြ႕ရေတာ့မယ့္အခ်ိန္ျဖစ္လို႔ သူတို႔ႏွစ္သင္း ေတြ႕မယ့္အေျခအေနေတြအေပၚ အမ်ားကအာ႐ုံစိုက္ေနၾကတာပါ။ ဒါေၾကာင့္လည္း ကေလာ့ပ္က ဒိုင္ေတြကိုဖိ အားေပးဖို႔ရည္႐ြယ္ၿပီး မန္ယူကိုပင္နယ္မၾကာခဏရေနတာကို ေဝဖန္သြားခဲ့တာပါ။ ဖာနန္ဒက္စ္ဟာ မန္ယူကိုေရာက္ၿပီးေနာက္ပိုင္းမွာ ပင္နယ္တီ ၁၆ ႀကိမ္ကန္ခဲ့ရၿပီး ၁၅ ႀကိမ္ဂိုးဝင္ခဲ့ပါတယ္။

ဒါေၾကာင့္သူ႔ကို penalty merchant (ပင္နယ္တီဘဲကန္တတ္တဲ့သူ) အျဖစ္ေဝဖန္ခဲ့ၾကပါတယ္။ ဒါေၾကာင့္ လည္း ရီကာဒိုဖာနန္ဒက္စ္က တြစ္တာကေနတစ္ဆင့္ ေနာက္ထပ္ဂိုး၊ ေနာက္ထပ္ပင္နယ္တီ(‘Another Goal, another penalty’) ဆိုတဲ့စာသားနဲ႔ စဥ္းစားခန္းဝင္ေနတဲ့ အီမိုဂ်ီ တို႔ကိုတြဲလ်က္တင္ခဲ့ပါတယ္။ ဒါဟာ က ေလာ့ပ္ကိုသာမက ပင္နယ္တီနဲ႔ပတ္သက္ၿပီးေဝဖန္မႈေတြကိုပါ ျပန္လည္တုံ႔ျပန္လိုက္ျခင္းျဖစ္ပါတယ္။ အသက္ ၄၂ ႏွစ္ရွိၿပီျဖစ္တဲ့ ရီကာဒိုဟာလည္း ေဘာလုံးသမားေဟာင္းတစ္ဦးျဖစ္ၿပီး ေပၚတို၊ စပို႔တင္းလစၥဘြန္း၊ ေအပိုးလ္၊ အေနာ္သိုဆစ္ အစရွိတဲ့အသင္းေတြအပါအဝင္ ကလပ္ေပါင္း ၂၀ မွာကစားခဲ့ဘူးသူျဖစ္ပါတယ္။

ဖာနန္ဒက္စ္တစ္ေယာက္ ဖရီးကစ္ကေန ဂိုးသြင္းယူခဲ့ၿပီးခ်ိန္မွာ မန္ယူနည္းျပ ဆိုးလ္ရွားကလည္းခ်ီးက်ဴးခဲ့ၿပီး ဒီေပၚတူဂီသားဟာ ေလ့က်င့္ခန္းၿပီးရင္လည္း ဖရီးကစ္ေတြကို ဆက္လက္ေလ့က်င့္သူျဖစ္လို႔ အခုလိုဂိုးသြင္း ယူႏိုင္တာကို မအံဩဘူးလို႔ေျပာသြားပါတယ္။ ဖာနန္ဒက္စ္ဟာ မန္ယူကိုေျပာင္းလာၿပီးေနာက္ ပရီးမီးယား လိဂ္ ၃၃ ပြဲကစားခဲ့ရာမွာ ၁၉ ဂိုးသြင္းၿပီး ၁၄ ဂိုးဖန္တီးေပးထားလို႔ သူ႔ရဲ႕သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈႏႈန္းထားက တစ္ ပြဲကိုတစ္ႀကိမ္ႏႈန္းျဖစ္ေနပါတယ္။