ကလော့ပ်ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်တဲ့ မာနီ

photo-gettyimages

photo-gettyimages

လီဗာပူးတိုက်စစ်မှုးမာနီဟာ မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ နည်းပြဂျာဂင်ကလော့ပ်ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကို ဖွင့်ဟလိုက်ပါတယ်။ အဲဒါကတော့ ကလော့ပ်ဟာ အဝတ်အစားလဲခန်းထဲမှာ ကစားသမားတွေအတွက် ဖခင်တစ်ယောက်လိုပုံစံရှိခဲ့တာပါပဲ။ Ballon d’Or ဆုရွေးချယ်ချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းနဲ့အင်တာဗျူးမှာ အဲဒီဆီနီဂေါသားဟာ အန်ဖီးလ်အဝတ်အစားလဲခန်းထဲက အနေအထားနဲ့ ၂၀၁၅ မှာရောက်ရှိလာပြီးနောက်ပိုင်း အသင်းကို ဂျာဂင်ကလော့ပ်ဘယ်လိုပြောင်းလဲခဲ့တယ်ဆိုတာတွေကို ဖွင့်ဟရှင်းပြသွားခဲ့တာပါ။

photo-gettyimages

”သူ့ရဲ့အောင်မြင်မှုလျှို့ဝှက်ချက်ကတော့ ကျွန်တော်ထင်တာပြောရရင် အသင်းသားတွေရဲ့ဖခင်တစ်ယောက်လိုရှိခဲ့တာပါ။ ကျွန်တော်တို့ကြားထဲမှာ အရာအားလုံးက ချက်ချင်းအဆင်ပြေပါတယ်။ ကျွန်တော်တို့အားလုံးက သူ့ကို ဖခင်တစ်ယောက်လို ချစ်သလို ဖခင်တစ်ယောက်လိုလည်း ကြောက်ကြပါတယ်။ သူဟာ ဘောလုံးတင်မဟုတ်ဘဲ ကျွန်တော့်ဘဝထဲမှာလည်း နေရာအများကြီးယူခဲ့တာပါ။ သူဟာ လူပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ ကြီးကျယ်ပါတယ်။ အဝတ်အစားလဲခန်းထဲက အများစုလိုပဲ ကျွန်တော် သူ့ကို မျက်စိမှိတ်ယုံကြည်တယ်လို့ ထင်ပါတယ်”လု့ိ ကလော့ပ်နဲ့ပတ်သက်ပြီး မာနီက ပြောကြားခဲ့တာပါ။

photo-gettyimages

၂၀၁၅ မှာ အန်ဖီးလ်ကို ရောက်လာပြီးကတည်းက ကလော့ပ်ဟာ လီဗာပူးကို အစစအရာရာ ပြောင်းလဲပေးနိုင်ခဲ့ပါတယ်။ သူ့လက်ထက်မှာ ကစားသမားတွေဟာ ပိုမိုကြိုးစားအားထုတ်လာခဲ့ကြပြီး အသင်းဟာလည်း ပြည်တွင်းမှာရော ဥရောပအဆင့်မှာပါ ချန်ပီယံဆုစိန်ခေါ်နိုင်တဲ့အသင်းတစ်သင်းအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ဗိုလ်စွဲခဲ့သလို ဒီရာသီမှာလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ၆ မှတ်ဖြတ်ဦးဆောင်နေတာပါ။

[Zawgyi]

ကေလာ့ပ္ရဲ႕ေအာင္ျမင္မႈလွ်ိဳ႕၀ွက္ခ်က္ကို ဖြင့္ဟလိုက္တဲ့ မာနီ

လီဗာပူးတုိက္စစ္မႈးမာနီဟာ မၾကာေသးခင္က အင္တာဗ်ဴးတစ္ခုမွာ နည္းျပဂ်ာဂင္ကေလာ့ပ္ရဲ႕ေအာင္ျမင္မႈလွ်ိဳ႕၀ွက္ခ်က္ကို ဖြင့္ဟလိုက္ပါတယ္။ အဲဒါကေတာ့ ကေလာ့ပ္ဟာ အ၀တ္အစားလဲခန္းထဲမွာ ကစားသမားေတြအတြက္ ဖခင္တစ္ေယာက္လိုပုံစံရွိခဲ့တာပါပဲ။ Ballon d’Or ဆုေရြးခ်ယ္ခ်ီးျမွင့္တဲ့ ျပင္သစ္ေဘာလုံးမဂၢဇင္းနဲ႔အင္တာဗ်ဴးမွာ အဲဒီဆီနီေဂါသားဟာ အန္ဖီးလ္အ၀တ္အစားလဲခန္းထဲက အေနအထားနဲ႔ ၂၀၁၅ မွာေရာက္ရွိလာၿပီးေနာက္ပိုင္း အသင္းကို ဂ်ာဂင္ကေလာ့ပ္ဘယ္လိုေျပာင္းလဲခဲ့တယ္ဆိုတာေတြကို ဖြင့္ဟရွင္းျပသြားခဲ့တာပါ။

”သူ႔ရဲ႕ေအာင္ျမင္မႈလွ်ိဳ႕၀ွက္ခ်က္ကေတာ့ ကၽြန္ေတာ္ထင္တာေျပာရရင္ အသင္းသားေတြရဲ႕ဖခင္တစ္ေယာက္လုိရွိခဲ့တာပါ။ ကၽြန္ေတာ္တုိ႔ၾကားထဲမွာ အရာအားလုံးက ခ်က္ခ်င္းအဆင္ေျပပါတယ္။ ကၽြန္ေတာ္တို႔အားလုံးက သူ႔ကို ဖခင္တစ္ေယာက္လို ခ်စ္သလို ဖခင္တစ္ေယာက္လုိလည္း ေၾကာက္ၾကပါတယ္။ သူဟာ ေဘာလုံးတင္မဟုတ္ဘဲ ကၽြန္ေတာ့္ဘ၀ထဲမွာလည္း ေနရာအမ်ားႀကီးယူခဲ့တာပါ။ သူဟာ လူပုဂၢိဳလ္တစ္ေယာက္အေနနဲ႔ ႀကီးက်ယ္ပါတယ္။ အ၀တ္အစားလဲခန္းထဲက အမ်ားစုလုိပဲ ကၽြန္ေတာ္ သူ႔ကို မ်က္စိမွိတ္ယုံၾကည္တယ္လုိ႔ ထင္ပါတယ္”လု႔ိ ကေလာ့ပ္န႔ဲပတ္သက္ၿပီး မာနီက ေျပာၾကားခဲ့တာပါ။

၂၀၁၅ မွာ အန္ဖီးလ္ကို ေရာက္လာၿပီးကတည္းက ကေလာ့ပ္ဟာ လီဗာပူးကို အစစအရာရာ ေျပာင္းလဲေပးႏိုင္ခဲ့ပါတယ္။ သူ႔လက္ထက္မွာ ကစားသမားေတြဟာ ပိုမိုႀကိဳးစားအားထုတ္လာခဲ့ၾကၿပီး အသင္းဟာလည္း ျပည္တြင္းမွာေရာ ဥေရာပအဆင့္မွာပါ ခ်န္ပီယံဆုစိန္ေခၚႏိုင္တဲ့အသင္းတစ္သင္းအျဖစ္ ေျပာင္းလဲလာခဲ့ပါတယ္။ လီဗာပူးဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲခဲ့သလို ဒီရာသီမွာလည္း ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ၆ မွတ္ျဖတ္ဦးေဆာင္ေနတာပါ။