ကလော့ပ်နဲ့ဂွါဒီယိုလာတို့မရှိမှ မန်ယူဗိုလ်စွဲနိုင်မယ်လို့ ဆိုလိုက်တဲ့ ဂယ်ရီနဗီးလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

မန်ယူဟာ ပရီးမီးယားလိဂ်မှာ ထပ်မံဗိုလ်စွဲနိုင်မယ်လို့ အသင်းနောက်ခံလူဟောင်းဂယ်ရီနဗီးလ်က ခန့်မှန်းလိုက်ပေမယ့် အဲဒါဟာ ကလော့ပ်နဲ့ဂွါဒီယိုလာတို့မရှိတော့မှသာ ဖြစ်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

အဲဒီကမ္ဘာ့အကောင်းဆုံးနည်းပြစာရင်းဝင်နှစ်ယောက်ဟာ မကြာသေးခင်နှစ်တွေမှာ အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးခဲ့ကြပြီး အခုရာသီသစ်မှာလည်း သူတို့ကိုယ်တွယ်နေတဲ့နှစ်သင်းကသာ ပရီးမီးယားလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်နေတာပါ။

မန်ယူဟာ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်တုန်းက ပရီးမီးယားလိဂ်ကို ကြီးစိုးနိုင်ခဲ့ဖူးပေမယ့် အဲဒီရွှေထီးဆောင်းခဲ့တဲ့နှစ်တွေဟာ အတော်လေးဝေးကွာခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူရဲ့ပရီးမီးယားလိဂ်အောင်မြင်မှု ၁၃ ကြိမ်မှာ နောက်ဆုံးရရှိခဲ့တာက ၂၀၁၃ ကဖြစ်ပြီး အဲဒီနောက်ပိုင်း မန်ယူဟာ ပရီးမီးယားလိဂ်မှာ ချန်ပီယံဆုစိန်ခေါ်နိုင်ဖို့ထက် ထိပ်ဆုံး ၄ နေရာအတွက်တောင် အနိုင်နိုင်ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာ ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင်နေတဲ့ အသင်းဂန္တဝင်ဟောင်းဂယ်ရီနဗီးလ်ကလည်း မန်ယူဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် အချိန်ယူရနိုင်တယ်လို့ ယုံကြည်နေပါတယ်။ အဲဒါကလည်း ဂွါဒီယိုလာနဲ့ကလော့ပ်တို့မရှိမှသာ ပိုပြီးဖြစ်နိုင်မယ်လို့ သူက ယူဆထားတာပါ။

”ကျွန်တာ်အာမခံပြောနိုင်တဲ့ တစ်ခုတည်းသောအရာက မန်ယူဟာ ပရီးမီးယားလိဂ်မှာ ထပ်မံဗိုလ်စွဲဦးမှာပါ။ မန်ယူပရိသတ်တစ်ယောက်အနေနဲ့ ဒီနှစ်တော့ ငါတို့ဗိုလ်စွဲရမယ်လို့ တွေးချင်တွေးနိုင်ပါတယ်။ ဒါပေမဲ့ ကိုယ့်အချိန်မရောက်သေးဘူးဆိုတာကို သိရမှာပါ။ ကလော့ပ်နဲ့ဂွါဒီယိုလာတို့ လီဗာပူးနဲ့မန်စီးတီးတို့ကနေ ထွက်ခွာသွားရင်တော့ နောက် ၂ နှစ်အတွင်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ သူတို့ဟာ အသင်းကောင်းတွေကို တကယ်တည်ဆောက်ခဲ့ကြတဲ့ ထူးချွန်တဲ့နည်းပြတွေပါ။ ဒါပေမဲ့ သူတို့ဟာ နောက် ၂ နှစ်၊ ၃ နှစ်အတွင်းမှာပဲ ထွက်ခွာကြမှာပါ။

အဲဒါဟာ မန်ယူပြန်လာနိုင်မယ့်၊ အခွင့်ကောင်းယူနိုင်မယ့်အချိန်ဖြစ်လာမှာပါ။ ချဲလ်ဆီးကလည်း အဲဒီလိုပဲ တွေးနေမယ်လို့ ကျွန်တော် သေချာပြောရဲပါတယ်”လို့ ဂယ်ရီနဗီးလ်က ပြောကြားခဲ့တာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ။

zawgyi

ကေလာ့ပ္နဲ႔ဂြါဒီယိုလာတို႔မရွိမွ မန္ယူဗုိလ္စြဲႏိုင္မယ္လုိ႔ ဆုိလုိက္တဲ့ ဂယ္ရီနဗီးလ္

မန္ယူဟာ ပရီးမီးယားလိဂ္မွာ ထပ္မံဗိုလ္စြဲႏိုင္မယ္လုိ႔ အသင္းေနာက္ခံလူေဟာင္းဂယ္ရီနဗီးလ္က ခန္႔မွန္းလုိက္ေပမယ့္ အဲဒါဟာ ကေလာ့ပ္နဲ႔ဂြါဒီယိုလာတို႔မရွိေတာ့မွသာ ျဖစ္လိမ့္မယ္လုိ႔ ေျပာၾကားလုိက္ပါတယ္။ အဲဒီကမာၻ႔အေကာင္းဆုံးနည္းျပစာရင္း၀င္ႏွစ္ေယာက္ဟာ မၾကာေသးခင္ႏွစ္ေတြမွာ အဂၤလိပ္ေဘာလုံးေလာကကို စိုးမိုးခဲ့ၾကၿပီး အခုရာသီသစ္မွာလည္း သူတုိ႔ကိုယ္တြယ္ေနတဲ့ႏွစ္သင္းကသာ ပရီးမီးယားလိဂ္မွာ ဗိုလ္စြဲဖို႔ ေရပန္းအစားဆုံးျဖစ္ေနတာပါ။

မန္ယူဟာ ဆာအဲလက္စ္ဖာဂူဆန္လက္ထက္တုန္းက ပရီးမီးယားလိဂ္ကို ႀကီးစုိးႏိုင္ခဲ့ဖူးေပမယ့္ အဲဒီေရႊထီးေဆာင္းခဲ့တဲ့ႏွစ္ေတြဟာ အေတာ္ေလးေ၀းကြာခဲ့ၿပီ ျဖစ္ပါတယ္။ မန္ယူရဲ႕ပရီးမီးယားလိဂ္ေအာင္ျမင္မႈ ၁၃ ႀကိမ္မွာ ေနာက္ဆုံးရရွိခဲ့တာက ၂၀၁၃ ကျဖစ္ၿပီး အဲဒီေနာက္ပို္င္း မန္ယူဟာ ပရီးမီးယားလိဂ္မွာ ခ်န္ပီယံဆုစိန္ေခၚႏိုင္ဖို႔ထက္ ထိပ္ဆုံး ၄ ေနရာအတြက္ေတာင္ အႏိုင္ႏိုင္ျဖစ္ခဲ့ပါတယ္။

လက္ရွိမွာ ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္ လုပ္ကိုင္ေနတဲ့ အသင္းဂႏၱ၀င္ေဟာင္းဂယ္ရီနဗီးလ္ကလည္း မန္ယူဟာ ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္ အခ်ိန္ယူရႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။ အဲဒါကလည္း ဂြါဒီယိုလာနဲ႔ကေလာ့ပ္တို႔မရွိမွသာ ပိုၿပီးျဖစ္ႏိုင္မယ္လုိ႔ သူက ယူဆထားတာပါ။

”ကၽြန္တာ္အာမခံေျပာႏိုင္တဲ့ တစ္ခုတည္းေသာအရာက မန္ယူဟာ ပရီးမီးယားလိဂ္မွာ ထပ္မံဗုိလ္စြဲဦးမွာပါ။ မန္ယူပရိသတ္တစ္ေယာက္အေနနဲ႔ ဒီႏွစ္ေတာ့ ငါတုိ႔ဗုိလ္စြဲရမယ္လုိ႔ ေတြးခ်င္ေတြးႏိုင္ပါတယ္။ ဒါေပမဲ့ ကိုယ့္အခ်ိန္မေရာက္ေသးဘူးဆိုတာကို သိရမွာပါ။ ကေလာ့ပ္နဲ႔ဂြါဒီယိုလာတို႔ လီဗာပူးနဲ႔မန္စီးတီးတို႔ကေန ထြက္ခြာသြားရင္ေတာ့ ေနာက္ ၂ ႏွစ္အတြင္း ျဖစ္ခ်င္ျဖစ္ႏိုင္ပါတယ္။ သူတို႔ဟာ အသင္းေကာင္းေတြကို တကယ္တည္ေဆာက္ခဲ့ၾကတဲ့ ထူးခၽြန္တဲ့နည္းျပေတြပါ။ ဒါေပမဲ့ သူတို႔ဟာ ေနာက္ ၂ ႏွစ္၊ ၃ ႏွစ္အတြင္းမွာပဲ ထြက္ခြာၾကမွာပါ။

အဲဒါဟာ မန္ယူျပန္လာႏိုင္မယ့္၊ အခြင့္ေကာင္းယူႏိုင္မယ့္အခ်ိန္ျဖစ္လာမွာပါ။ ခ်ဲလ္ဆီးကလည္း အဲဒီလုိပဲ ေတြးေနမယ္လုိ႔ ကၽြန္ေတာ္ ေသခ်ာေျပာရဲပါတယ္”လို႔ ဂယ္ရီနဗီးလ္က ေျပာၾကားခဲ့တာပါ။