ကလော့ပ်ထက် ၁၀၄ ပွဲပိုနည်းပေမယ့် ပရီးမီးယားလိဂ်ရှုံးပွဲပိုများနေတဲ့ ဆိုးလ်ရှား

Photo Credit

Photo Credit

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ လီဗာပူးအသင်းနည်းပြ ကလော့ပ်ထက် ပရီးမီးယားလိဂ်ရှုံးပွဲပိုများနေကြောင်း အချက်အလက်တွေအရ သိရပါတယ်။ ယူနိုက်တက်ရဲ့ ၃ပွဲဆက်အနိုင်ဟာ ဘုန်းမောက်ကို ၁-၀ ဂိုးနဲ့အရေးနိမ့်မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်နည်းပြအဖြစ် မော်ရင်ညိုရဲ့နေရာမှာ အစားဝင်ခဲ့တဲ့ ဆိုးလ်ရှားဟာ ပရီးမီးယားလိဂ်နည်းပြအဖြစ် နေက်ထပ်မလိုချင်တဲ့မှတ်တမ်းတစ်ခုရရှိသွားခဲ့ပြီး ကာဒစ်ဖ်အသင်းကိုလည်း ကိုင်တွယ်ခဲ့ဖူးတဲ့ဆိုးလ်ရှားဟာ အခုဆိုရင် ပရီးမီးယားလိဂ်ပွဲ ၅၀ကိုင်တွယ်ခဲ့ရာမှာ ၂၁ပွဲအထိ ရှုံးနိမ့်ထားပြီးဖြစ်ပါတယ်။

Photo Credit

အဲဒီအချိန်မှာ အခါးသီးဆုံးပြိုင်ဘက် လီဗာပူးနည်းပြ ကလော့ပ်ကတော့ ပရီးမီးယားလိဂ် ၁၅၄ ပွဲကိုင်တွယ်ခဲ့ရာမှာ ပွဲ ၂၀ပဲရှုံးထားပြီး ဒီထက်ပိုဆိုးတာက ကလော့ပ်က ဆိုးလ်ရှားထက် ပွဲကိုင်တွယ်မှု ၁၀၄ အထိ ပိုများပေမယ့် ရှုံးပွဲကတော့ ဆိုးလ်ရှားက ပိုများနေတာဖြစ်ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ စနေနေ့က ဘုန်းမောက်ကို ၁-ဝ ဂိုးနဲ့အရေးနိမ့်ခဲ့ရပြီးနောက် အသင်းသမိုင်းတစ်လျှောက် မလိုချင်တဲ့စံချိန်တစ်ခုကို လိုက်မီသွားခဲ့ရကြောင်း သိရပါတယ်။

Photo Credit

ပထမပိုင်းပြီးခါနီးမှာ ယူနိုက်တက်တိုက်စစ်မှူးဟောင်း ဂျိုရှူအာကင်းက အဒမ်စမစ်ရဲ့ဖြတ်တင်ဘောကို ရင်ဘတ်နဲ့တစ်ချက်ထိန်းကာ အနီးကပ်မြေမကျကန်သွင်းခဲ့ခြင်းဖြစ်ပြီး ယူနိုက်တက်အသင်းလည်း ပြိုင်ပွဲစုံ ၃ပွဲဆက်အနိုင်ရတဲ့မှတ်တမ်း ရပ်တန့်သွားခဲ့ရပါတယ်။

Photo Credit

ဒါ့အပြင် ယူနိုက်တက်ဟာ အနိုင်ဂိုးပေးလိုက်ရလို့ ပရီးမီးယားလိဂ် နောက်ဆုံးအဝေးကွင်း ၁၁ပွဲဆက်ဂိုးပေးခဲ့ရရာ ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် အဝေးကွင်းပွဲဆက်ဂိုးပေးရမှုအများဆုံးစံချိန်ကို လိုက်မီခဲ့ရပါတယ်။

Photo Credit

ယခုပွဲမတိုင်မီ ယူနိုက်တက်အသင်းဟာ ၂၀ဝ၂ သြဂုတ်လ မှ ၂၀ဝ၃ ဇန်နဝါရီလအတွင်း ပရီးမီးယားလိဂ်အဝေးကွင်း ၁၁ပွဲဆက်ဂိုးပေးခဲ့ရတာဖြစ်ပြီး ယူနိုက်တက်အသင်းအနေနဲ့ ယခုလနှောင်းပိုင်းမှာ ကစားရမယ့် ရှက်ဖီးယူနိုက်တက်နဲ့အဝေးကွင်းပွဲမှာ ဂိုးပေးရရင်တော့ လွတ်လွတ်ကျွတ်ကျွတ်စံချိန်တင်သွားရမှာဖြစ်ပါတယ်။

Photo Credit

ဂျိုရှူအာကင်းမှာလည်း ပရီးမီးယားလိဂ်မှာ ဂိုးပေါက်ကန်သွင်းမှုအကြိမ် ၅၀ ပြုလုပ်ခဲ့ရာမှာ တစ်ဂိုးမှမသွင်းနိုင်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး မိနစ်အားဖြင့် စုစုပေါင်း ၃၅၈ မိနစ်ကြာမြင့်ခဲ့ပါတယ်။

Photo Credit

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အဝေးကွင်းမှာ နောက်ဆုံးအကြိမ်ပေးဂိုးမရှိခဲ့တဲ့ပွဲက လွန်ခဲ့တဲ့၁၀လနီးပါးက ဖူလ်ဟမ်ကို ဝ- ၃ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။ အဲဒီနောက် ယူနိုက်တက်ဟာ ပဲလေ့စ်၊ အာဆင်နယ်၊ ဝုဗ်၊ အဲဗာတန်၊ ဟက်ဒါဖီးလ်၊ ဝုဗ်၊ ဆောက်သမ်တန်၊ ဝက်စ်ဟမ်း၊ နယူးကာဆယ်နဲ့ နောဝစ်ချ်တို့ကို အဝေးကွင်းတွေမှာ ဂိုးတွေဆက်တိုက်ပေးခဲ့ရပါတယ်။

Photo Credit

Zawgyi

ကေလာ့ပ္ထက္ ၁၀၄ ပြဲပိုနည္းေပမယ့္ ပရီးမီးယားလိဂ္႐ံႈးပြဲပိုမ်ားေနတဲ့ ဆုိးလ္ရွား

ယူႏုိက္တက္အသင္းနည္းျပ ဆုိးလ္ရွားဟာ လီဗာပူးအသင္းနည္းျပ ကေလာ့ပ္ထက္ ပရီးမီးယားလိဂ္႐ံႈးပြဲပိုမ်ားေနေၾကာင္း အခ်က္အလက္ေတြအရ သိရပါတယ္။ ယူႏုိက္တက္ရဲ႕ ၃ပဲြဆက္အႏိုင္ဟာ ဘုန္းေမာက္ကို ၁-၀ ဂိုးနဲ႔အေရးနိမ့္မႈနဲ႔အတူ အဆုံးသတ္သြားခဲ့ပါတယ္။
ယူႏုိက္တက္နည္းျပအျဖစ္ ေမာ္ရင္ညိဳရဲ႕ေနရာမွာ အစား၀င္ခဲ့တဲ့ ဆုိးလ္ရွားဟာ ပရီးမီးယားလိဂ္နည္းျပအျဖစ္ ေနက္ထပ္မလုိခ်င္တဲ့မွတ္တမ္းတစ္ခုရရွိသြားခဲ့ၿပီး ကာဒစ္ဖ္အသင္းကိုလည္း ကုိင္တြယ္ခ့ဲဖူးတဲ့ဆုိးလ္ရွားဟာ အခုဆုိရင္ ပရီးမီးယားလိဂ္ပြဲ ၅၀ကုိင္တြယ္ခဲ့ရာမွာ ၂၁ပြဲအထိ ႐ံႈးနိမ့္ထားၿပီးျဖစ္ပါတယ္။
အဲဒီအခ်ိန္မွာ အခါးသီးဆုံးၿပိဳင္ဘက္ လီဗာပူးနည္းျပ ကေလာ့ပ္ကေတာ့ ပရီးမီးယားလိဂ္ ၁၅၄ ပဲြကိုင္တြယ္ခဲ့ရာမွာ ပြဲ ၂၀ပဲ႐ံႈးထားၿပီး ဒီထက္ပိုဆုိးတာက ကေလာ့ပ္က ဆုိးလ္ရွားထက္ ပြဲကိုင္တြယ္မႈ ၁၀၄ အထိ ပိုမ်ားေပမယ့္ ႐ံႈးပဲြကေတာ့ ဆိုးလ္ရွားက ပိုမ်ားေနတာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ စေနေန႔က ဘုန္းေမာက္ကို ၁-ဝ ဂိုးန႔ဲအေရးနိမ့္ခဲ့ရၿပီးေနာက္ အသင္းသမိုင္းတစ္ေလွ်ာက္ မလိုခ်င္တဲ့စံခ်ိန္တစ္ခုကို လိုက္မီသြားခဲ့ရေၾကာင္း သိရပါတယ္။
ပထမပိုင္းၿပီးခါနီးမွာ ယူႏုိက္တက္တိုက္စစ္မွဴးေဟာင္း ဂ်ိဳ႐ွဴအာကင္းက အဒမ္စမစ္ရဲ႕ျဖတ္တင္ေဘာကို ရင္ဘတ္နဲ႔တစ္ခ်က္ထိန္းကာ အနီးကပ္ေျမမက်ကန္သြင္းခဲ့ျခင္းျဖစ္ၿပီး ယူႏုိက္တက္အသင္းလည္း ၿပိဳင္ပြဲစံု ၃ပြဲဆက္အႏိုင္ရတဲ့မွတ္တမ္း ရပ္တန္႔သြားခဲ့ရပါတယ္။
ဒါ့အျပင္ ယူႏုိက္တက္ဟာ အႏိုင္ဂိုးေပးလိုက္ရလုိ႔ ပရီးမီးယားလိဂ္ ေနာက္ဆံုးအေဝးကြင္း ၁၁ပြဲဆက္ဂိုးေပးခဲ့ရရာ ပရီးမီးယားလိဂ္မွာ အသင္းသမို္င္းတစ္ေလွ်ာက္ အေဝးကြင္းပြဲဆက္ဂိုးေပးရမႈအမ်ားဆံုးစံခ်ိန္ကို လိုက္မီခဲ့ရပါတယ္။
ယခုပြဲမတိုင္မီ ယူႏုိက္တက္အသင္းဟာ ၂၀ဝ၂ ၾသဂုတ္လ မွ ၂၀ဝ၃ ဇန္နဝါရီလအတြင္း ပရီးမီးယားလိဂ္အေဝးကြင္း ၁၁ပြဲဆက္ဂိုးေပးခဲ့ရတာျဖစ္ၿပီး ယူႏုိက္တက္အသင္းအေနနဲ႔ ယခုလေႏွာင္းပိုင္းမွာ ကစားရမယ့္ ရွက္ဖီးယူႏိုက္တက္နဲ႔အေဝးကြင္းပြဲမွာ ဂိုးေပးရရင္ေတာ့ လြတ္လြတ္ကြ်တ္ကြ်တ္စံခ်ိန္တင္သြားရမွာျဖစ္ပါတယ္။
ဂ်ိဳ႐ွဴအာကင္းမွာလည္း ပရီးမီးယားလိဂ္မွာ ဂိုးေပါက္ကန္သြင္းမႈအႀကိမ္ ၅၀ ျပဳလုပ္ခဲ့ရာမွာ တစ္ဂိုးမွမသြင္းႏိုင္မႈကို အဆံုးသတ္ႏို္င္ခဲ့ၿပီး မိနစ္အားျဖင့္ စုစုေပါင္း ၃၅၈ မိနစ္ၾကာျမင့္ခဲ့ပါတယ္။
ယူႏုိက္တက္ဟာ ပရီးမီးယားလိဂ္အေဝးကြင္းမွာ ေနာက္ဆံုးအႀကိမ္ေပးဂိုးမရွိခဲ့တဲ့ပြဲက လြန္ခဲ့တဲ့၁၀လနီးပါးက ဖူလ္ဟမ္ကို ဝ- ၃ဂိုးနဲ႔အႏိုင္ရခဲ့တဲ့ပြဲျဖစ္ပါတယ္။
အဲဒီေနာက္ ယူႏုိက္တက္ဟာ ပဲေလ့စ္၊ အာဆင္နယ္၊ ဝုဗ္၊ အဲဗာတန္၊ ဟက္ဒါဖီးလ္၊ ဝုဗ္၊ ေဆာက္သမ္တန္၊ ဝက္စ္ဟမ္း၊ နယူးကာဆယ္န႔ဲ ေနာဝစ္ခ်္တို႔ကို အေဝးကြင္းေတြမွာ ဂိုးေတြဆက္တိုက္ေပးခဲ့ရပါတယ္။