ကလော့ပ်က လီဗာပူးကို ဆုဖလားယူပေးတာအပြင် အသင်းတန်ဖိုးအတွက် ပေါင် သန်း ၅၀၀ ကျော် ရှာပေးထားနိုင်တဲ့သူပါ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးအသင်းကို နှစ် ၃၀ ကြာ ကွာဝေးနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို အရယူပေးနိုင်ခဲ့တဲ့အပြင် ချန်ပီယံလိဂ်အောင်မြင်မှုကိုပါ ရယူပေးနိုင်ခဲ့တဲ့ နည်းပြကလော့ပ်ဟာ အသင်းအတွက် ဆုဖလားတွေတင်မဟုတ်ဘဲ အသင်း တန်ဖိုးအများကြီးတက်လာအောင် လုပ်ဆောင်ပေးခဲ့သလို ပေါင်သန်း ၅၀၀ ကျော်အထိ အမြတ်ရရှိအောင် လုပ်ပေးနိုင်ခဲ့တဲ့သူပါ။

ကလော့ပ်ဟာ ၂၀၁၅ အောက်တိုဘာလတုန်းက နည်းပြဘရိုင်ယန်ရော်ဂျာရဲ့နေရာမှာ လီဗာပူးကို တာဝန်ယူခဲ့တဲ့သူဖြစ်ပြီး အခုဆိုရင် ၅ နှစ်ကြာကာလကို ကျော်လွန်လာပါပြီ။ ဒီအချိန်အတွင်းမှာ ဂျာဂင်ကလော့ပ် အသုံးပြုခဲ့တဲ့ ကစားသမားခေါ်ယူမှုအသုံး စရိတ်နဲ့ လက်ရှိလီဗာပူးအသင်းရဲ့တန်ဖိုးအပြင် ကစားသမားတွေရဲ့ ပေါက်ကြေး ဈေးကွက်တန်ဖိုးကိုပါ ထည့်သွင်းတွက်ချက်လိုက်မယ်ဆိုရင် ကလော့ပ်ဟာ ဥရောပထိပ်တန်းလိဂ် ၅ ခုထဲမှာအပြင် ပရီးမီးယားလိဂ်မန်နေဂျာတွေအားလုံး ထက်ပါ စီးပွားရှာတော်တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ ကစားသမားတန်ကြေးဟာ ကလော့ပ်ရောက်ရှိလာခဲ့တဲ့ လွန်ခဲ့တဲ့ ၅ နှစ်တာ ကာလထက် ပေါင် ၅၅၂.၄ သန်းတန်ဖိုးပိုမြင့်သွားခဲ့ပါတယ်။

ကလော့ပ်ရဲ့နောက် မှာ အသင်းအတွက် ငွေကြေးအရ အကျိုးပြုနိုင်ဆုံးနည်းပြကတော့ ပရိသတ်တွေ ထင်မှတ်မထားတဲ့သူပဲ ဖြစ်ပါတယ်။ သူကတော့ လက်ရှိပရီးမီးယားလိဂ်အဆင့် ရပ်တည်မှုမှာ အောက်ဆုံးရောက်နေတဲ့ ဘန်လေအသင်းနည်းပြ ရှောင်ဒိုက်ချီဖြစ်ပြီး အသင်းအတွက် ပေါင် ၈၉ သန်း အကျိုးအမြတ်ရှာပေးထား နိုင်ခဲ့တာပါ။

သူ့ရဲ့နောက်မှာ ဝုဗ်နည်းပြ နူနိုဆန်တို(ပေါင် ၇၇.၄သန်း)၊ ဖူလ်ဟမ်နည်းပြစကော့ပါကား(ပေါင် ၇၆.၂သန်း)၊ ရှက်ဖီးနည်းပြ ခရစ္စဝီဒါ(ပေါင် ၃၁.၅သန်း)နဲ့ ပဲလေ့စ်နည်းပြရွိုင်းဟော့ဆန်(ပေါင် ၂၄.၉ သန်း) တို့ ရှိနေခဲ့ပါတယ်။ ဒီစာရင်းမှတ်တမ်းဟာ ဥရောပထိပ်သီးလိဂ် ၅ လိဂ်ရှိတဲ့ အင်္ဂလန်၊ စပိန်၊ ဂျာမနီ၊ အီတလီနဲ့ ပြင်သစ်နိုင်ငံတို့က နည်းပြပေါင်း ၃၅၀ ရဲ့ ဆယ်စုနှစ် ကာလတစ်ခုအတွင်း အသင်းအတွက် ငွေတန်ဖိုး ဘယ်လောက်ရှာပေး နိုင်ခဲ့သလဲဆိုတာ European Football Index က ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ သူ စတင်တာဝန်ယူတုန်းက ပေါင် ၃၁၂.၄သန်းပဲ တန်ကြေးရှိခဲ့ပြီး သူဟာ ကစားသမားတွေ ဝယ်ယူတာအတွက် ပေါင် ၄၇၉ သန်း သုံးစွဲခဲ့ပြီး ရောင်းချ တာတွေကနေ ပေါင် ၃၆၅.၄ သန်း ပြန်ရခဲ့ပါတယ်။ အသင်းအတွက် အမြတ်မပေါ်သေးတဲ့ အောက်ဆုံး မန်နေဂျာ ၃ ယောက်ကတော့ အာဆင်နယ်နည်းပြ အာတီတာ၊ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ စပါးနည်းပြ မော်ရင်ဟိုတို့ပဲ ဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကေလာ့ပ္က လီဗာပူးကို ဆုဖလားယူေပးတာအျပင္ အသင္းတန္ဖိုးအတြက္ ေပါင္ သန္း ၅၀၀ ေက်ာ္ ရွာေပးထားႏိုင္တဲ့သူပါ

လီဗာပူးအသင္းကို ႏွစ္ ၃၀ ၾကာ ကြာေ၀းေနတဲ့ ပရီးမီးယားလိဂ္ခ်န္ပီယံဆုကို အရယူေပးႏိုင္ခဲ့တဲ့အျပင္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈကိုပါ ရယူေပးႏိုင္ခဲ့တဲ့ နည္းျပကေလာ့ပ္ဟာ အသင္းအတြက္ ဆုဖလားေတြတင္မဟုတ္ဘဲ အသင္း တန္ဖိုးအမ်ားႀကီးတက္လာေအာင္ လုပ္ေဆာင္ေပးခဲ့သလို ေပါင္သန္း ၅၀၀ ေက်ာ္အထိ အျမတ္ရရွိေအာင္ လုပ္ေပးႏိုင္ခဲ့တဲ့သူပါ။

ကေလာ့ပ္ဟာ ၂၀၁၅ ေအာက္တိုဘာလတုန္းက နည္းျပဘရိုင္ယန္ေရာ္ဂ်ာရဲ႕ေနရာမွာ လီဗာပူးကို တာ၀န္ယူခဲ့တဲ့သူျဖစ္ၿပီး အခုဆုိရင္ ၅ ႏွစ္ၾကာကာလကို ေက်ာ္လြန္လာပါၿပီ။ ဒီအခ်ိန္အတြင္းမွာ ဂ်ာဂင္ကေလာ့ပ္ အသံုးျပဳခဲ့တဲ့ ကစားသမားေခၚယူမႈအသံုး စရိတ္နဲ႔ လက္ရွိလီဗာပူးအသင္းရဲ႕တန္ဖိုးအျပင္ ကစားသမားေတြရဲ႕ ေပါက္ေၾကး ေစ်းကြက္တန္ဖိုးကိုပါ ထည့္သြင္းတြက္ခ်က္လိုက္မယ္ဆိုရင္ ကေလာ့ပ္ဟာ ဥေရာပထိပ္တန္းလိဂ္ ၅ ခုထဲမွာအျပင္ ပရီးမီးယားလိဂ္မန္ေနဂ်ာေတြအားလံုး ထက္ပါ စီးပြားရွာေတာ္တဲ့ နည္းျပတစ္ဦးျဖစ္ပါတယ္။

လီဗာပူးအသင္းရဲ႕ ကစားသမားတန္ေၾကးဟာ ကေလာ့ပ္ေရာက္ရွိလာခဲ့တဲ့ လြန္ခဲ့တဲ့ ၅ ႏွစ္တာ ကာလထက္ ေပါင္ ၅၅၂.၄ သန္းတန္ဖိုးပိုျမင့္သြားခဲ့ပါတယ္။

ကေလာ့ပ္ရဲ႕ေနာက္ မွာ အသင္းအတြက္ ေငြေၾကးအရ အက်ဳိးျပဳႏိုင္ဆံုးနည္းျပကေတာ့ ပရိသတ္ေတြ ထင္မွတ္မထားတဲ့သူပဲ ျဖစ္ပါတယ္။ သူကေတာ့ လက္ရွိပရီးမီးယားလိဂ္အဆင့္ ရပ္တည္မႈမွာ ေအာက္ဆံုးေရာက္ေနတဲ့ ဘန္ေလအသင္းနည္းျပ ေရွာင္ဒိုက္ခ်ီျဖစ္ၿပီး အသင္းအတြက္ ေပါင္ ၈၉ သန္း အက်ဳိးအျမတ္ရွာေပးထား ႏိုင္ခဲ့တာပါ။

သူ႕ရဲ႕ေနာက္မွာ ၀ုဗ္နည္းျပ ႏူႏိုဆန္တို(ေပါင္ ၇၇.၄သန္း)၊ ဖူလ္ဟမ္နည္းျပစေကာ့ပါကား(ေပါင္ ၇၆.၂သန္း)၊ ရွက္ဖီးနည္းျပ ခရစၥ၀ီဒါ(ေပါင္ ၃၁.၅သန္း)နဲ႔ ပဲေလ့စ္နည္းျပရြိဳင္းေဟာ့ဆန္(ေပါင္ ၂၄.၉ သန္း) တို႔ ရွိေနခဲ့ပါတယ္။ ဒီစာရင္းမွတ္တမ္းဟာ ဥေရာပထိပ္သီးလိဂ္ ၅ လိဂ္ရွိတဲ့ အဂၤလန္၊ စပိန္၊ ဂ်ာမနီ၊ အီတလီနဲ႔ ျပင္သစ္ႏိုင္ငံတို႔က နည္းျပေပါင္း ၃၅၀ ရဲ႕ ဆယ္စုႏွစ္ ကာလတစ္ခုအတြင္း အသင္းအတြက္ ေငြတန္ဖိုး ဘယ္ေလာက္ရွာေပး ႏိုင္ခဲ့သလဲဆိုတာ European Football Index က ေဖာ္ျပခဲ့တာလည္း ျဖစ္ပါတယ္။

ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ သူ စတင္တာ၀န္ယူတုန္းက ေပါင္ ၃၁၂.၄သန္းပဲ တန္ေၾကးရွိခဲ့ၿပီး သူဟာ ကစားသမားေတြ ၀ယ္ယူတာအတြက္ ေပါင္ ၄၇၉ သန္း သံုးစြဲခဲ့ၿပီး ေရာင္းခ် တာေတြကေန ေပါင္ ၃၆၅.၄ သန္း ျပန္ရခဲ့ပါတယ္။ အသင္းအတြက္ အျမတ္မေပၚေသးတဲ့ ေအာက္ဆံုး မန္ေနဂ်ာ ၃ ေယာက္ကေတာ့ အာဆင္နယ္နည္းျပ အာတီတာ၊ မန္စီးတီးနည္းျပ ဂြါဒီယိုလာနဲ႔ စပါးနည္းျပ ေမာ္ရင္ဟိုတို႔ပဲ ျဖစ္ေနပါတယ္။