ကလော့ပ်ကို လာမယှဉ်နဲ့ ဆိုပြီး ငြိမ်ဆေးကျွေးလိုက်တဲ့ ဇီဒန်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လီဗာပူးဟာ မနေ့ညက ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပ-အကျော့ပွဲစဉ်အဖြစ် ရီးရဲလ်ကို ဘာနေဗျူးမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်မှာ ၁၆ နှစ်အတွင်း ပထမဆုံးစံချိန်ဆိုးတစ်ခုတင်ခဲ့ရပါတယ်။

လီဗာပူးဟာ ၂၀၀၅ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် အေစီမီလန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်မှာ ပထမပိုင်းအပြီး ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၁၄ ခုနှစ်က ရီးရဲလ်နဲ့ပွဲနောက်ပိုင်း ချန်ပီယံလိဂ်မှာ ပထမပိုင်းအတွင်း ပထမဆုံးအကြိမ် ဂိုးပေါက်ကန်သွင်းမှုတစ်ကြိမ်မှမရှိခဲ့တာဖြစ်ပါတယ်။

ရီးရဲလ်ရဲ့ အိမ်ကွင်းအဖြစ် သတ်မှတ်ကစားရတဲ့ ဂျာမန်မြေမှာတော့ ဇီဒန်းဟာ ရာမို့စ်မပါနိုင်တဲ့ နောက်တန်းအတွက် နာချိုနဲ့မီလီတိုတို့ကို အသုံးပြုခဲ့ပြီး ကရူးစ်၊မိုဒရစ်၊ ကတ်စမဲရိုးကွင်းလယ်၊ ဘန်ဇီမာဦးဆောင်တဲ့ တိုက်စစ်ကို ဗင်နီးစီးယပ်စ်၊ အဆန်စီယို တောင်ပံနဲ့အတူ ပွဲထွက်ခဲ့ပါတယ်။

ကလော့ပ်ကတော့ တိုက်စစ်မှာ ဖာမီနိုကို ချန်ထားပြီး ဂျိုတာကို ဆာလာ၊မာနေးတို့နဲ့ တွဲဖက်ပွဲထွက်စေခဲ့ကာ ကွင်းလယ်မှာတော့ ဝိုင်နယ်ဒမ်း၊ဖာဘင်ဟို တို့နဲ့အတူ ကီတာကို သုံးခဲ့တာဖြစ်ပါတယ်။

ရှူံးပွဲနဲ့ ပတ်သက်ပြီး နည်းပြကလော့ပ်က “ဆီမီးဖိုင်နယ်ကို သွားချင်ရင် ဒီလိုပုံစံမျိုးကစားလို့မရပါဘူး။ အထူးသဖြင့် ပထမပိုင်းကလို ပုံစံမျိုးပါ။ ပထမပိုင်းမှာ ဂိုးကန်သွင်းမှုတောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ဒါကတော်တော်ဆိုးပါတယ်။”

“ဒီနေ့ပွဲမှာ သွင်းဂိုးတစ်ဂိုး ရခဲ့တာကလွဲပြီး ကောင်းမွန်တဲ့ အချက်ကို ပြောပါ ဆိုရင်တော့ ဒါဟာ ပထမအကျော့ ဖြစ်နေတယ် ဆိုတဲ့ အချက်ကိုပဲ ပြောရမှာပါ။ ကျွန်တော်တို့ဘက်က ရီးရဲလ်မက်ဒရစ် အခက်တွေ့အောင် ဘောလုံးကို ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။”

“ကျွန်တော့်အသင်း အနေနဲ့ ရီးရဲလ်မက်ဒရစ်ကို ဒုက္ခပေးနိုင်လိမ့်မယ်လို့ ကျွန်တော့်ဘက်က တကယ့်ကို ထင်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့အသင်းက သူတို့အတွက် အရမ်းကို လွယ်ကူတဲ့ ပြိုင်ဘက် ဖြစ်ခဲ့ပါတယ်။ ” လို့ ပြောကြား ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကေလာ့ပ္ကို လာမယွဥ္နဲ႔ ဆိုၿပီး ၿငိမ္ေဆးေကြၽးလိုက္တဲ့ ဇီဒန္း

လီဗာပူးဟာ မေန႔ညက ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ ပ-အေက်ာ့ပြဲစဥ္အျဖစ္ ရီးရဲလ္ကို ဘာေနဗ်ဴးမွာ ၃-၁ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္မွာ ၁၆ ႏွစ္အတြင္း ပထမဆုံးစံခ်ိန္ဆိုးတစ္ခုတင္ခဲ့ရပါတယ္။

လီဗာပူးဟာ ၂၀၀၅ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ေအစီမီလန္ကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အႏိုင္ရခဲ့တဲ့ပြဲေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ခ်န္ပီယံလိဂ္မွာ ပထမပိုင္းအၿပီး ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့ရတာျဖစ္ပါတယ္။ ဒါ့အျပင္ ၂၀၁၄ ခုႏွစ္က ရီးရဲလ္နဲ႔ပြဲေနာက္ပိုင္း ခ်န္ပီယံလိဂ္မွာ ပထမပိုင္းအတြင္း ပထမဆုံးအႀကိမ္ ဂိုးေပါက္ကန္သြင္းမႈတစ္ႀကိမ္မွမရွိခဲ့တာျဖစ္ပါတယ္။

ရီးရဲလ္ရဲ႕ အိမ္ကြင္းအျဖစ္ သတ္မွတ္ကစားရတဲ့ ဂ်ာမန္ေျမမွာေတာ့ ဇီဒန္းဟာ ရာမို႔စ္မပါႏိုင္တဲ့ ေနာက္တန္းအတြက္ နာခ်ိဳနဲ႔မီလီတိုတို႔ကို အသုံးျပဳခဲ့ၿပီး က႐ူးစ္၊မိုဒရစ္၊ ကတ္စမဲ႐ိုးကြင္းလယ္၊ ဘန္ဇီမာဦးေဆာင္တဲ့ တိုက္စစ္ကို ဗင္နီးစီးယပ္စ္၊ အဆန္စီယို ေတာင္ပံနဲ႔အတူ ပြဲထြက္ခဲ့ပါတယ္။

ကေလာ့ပ္ကေတာ့ တိုက္စစ္မွာ ဖာမီႏိုကို ခ်န္ထားၿပီး ဂ်ိဳတာကို ဆာလာ၊မာေနးတို႔နဲ႔ တြဲဖက္ပြဲထြက္ေစခဲ့ကာ ကြင္းလယ္မွာေတာ့ ဝိုင္နယ္ဒမ္း၊ဖာဘင္ဟို တို႔နဲ႔အတူ ကီတာကို သုံးခဲ့တာျဖစ္ပါတယ္။

ရႉံးပြဲနဲ႔ ပတ္သက္ၿပီး နည္းျပကေလာ့ပ္က “ဆီမီးဖိုင္နယ္ကို သြားခ်င္ရင္ ဒီလိုပုံစံမ်ိဳးကစားလို႔မရပါဘူး။ အထူးသျဖင့္ ပထမပိုင္းကလို ပုံစံမ်ိဳးပါ။ ပထမပိုင္းမွာ ဂိုးကန္သြင္းမႈေတာင္ မျပဳလုပ္ႏိုင္ခဲ့ပါဘူး။

ဒါကေတာ္ေတာ္ဆိုးပါတယ္။”

“ဒီေန႔ပြဲမွာ သြင္းဂိုးတစ္ဂိုး ရခဲ့တာကလြဲၿပီး ေကာင္းမြန္တဲ့ အခ်က္ကို ေျပာပါ ဆိုရင္ေတာ့ ဒါဟာ ပထမအေက်ာ့ ျဖစ္ေနတယ္ ဆိုတဲ့ အခ်က္ကိုပဲ ေျပာရမွာပါ။ ကြၽန္ေတာ္တို႔ဘက္က ရီးရဲလ္မက္ဒရစ္ အခက္ေတြ႕ေအာင္ ေဘာလုံးကို ေကာင္း​ေကာင္း မကစားႏိုင္ခဲ့ပါဘူး။”

“ကြၽန္ေတာ့္အသင္း အ​ေနနဲ႔ ရီးရဲလ္မက္ဒရစ္ကို ဒုကၡေပးႏိုင္လိမ့္မယ္လို႔ ကြၽန္ေတာ့္ဘက္က တကယ့္ကို ထင္ခဲ့တာပါ။ ဒါ​ေပမယ့္ ကြၽန္ေတာ္တို႔အသင္းက သူတို႔အတြက္ အရမ္းကို လြယ္ကူတဲ့ ၿပိဳင္ဘက္ ျဖစ္ခဲ့ပါတယ္။ ” လို႔ ေျပာၾကား ခဲ့ပါတယ္။