
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
လက်ရှိကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်တဲ့ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်းက ဇွန်လ(၃၀)ရက်မှာကုန်ဆုံးသွားပြီဖြစ်လို့ အခုအချိန်မှာ ကလပ်အသင်းလက်မဲ့ဖြစ်သွားပြီး ဘာစီလိုနာနဲ့ စာချုပ်ပြန်ချုပ်မလား၊
ဒါမှမဟုတ် တခြားအသင်းကိုပဲ ပြောင်းမလားဆိုတာ မသိရသေးပါဘူး။
အသက်(၃၄)နှစ်အရွယ်ရှိပြီဖြစ်သူ မက်ဆီကို စာချုပ်သက်တမ်းတိုးဖို့ ဘာစီလိုနာအသင်းဟာ အရင်လတွေကတည်းက ကြိုးပမ်းခဲ့ပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အမှန်တကယ်ဖြစ်မလာခဲ့တဲ့အတွက် အခုဆိုရင် မက်ဆီဟာ ကလပ်အသင်းလက်မဲ့ဖြစ်သွားတာပါ။
ဘာစီလိုနာအသင်းကတော့ မက်ဆီကို စာချုပ်သက်တမ်းပြန်တိုးနိုင်ဖို့ ယုံကြည်ချက်ရှိနေဆဲဆိုပေမယ့် မက်ဆီဟာ Free Agent ဖြစ်သွားတဲ့အနေအထားက အသင်းပရိသတ်တွေသာမက ဘာစီလိုနာရဲ့ဘဏ္ဍာရေးအခြေအနေအရပါ စိုးရိမ်စရာဖြစ်နေပါပြီ။
အခုလက်ရှိမှာ ဘာစီလိုနာအသင်းဥက္ကဌလာပေါ်တာဟာ မက်ဆီရဲ့စာချုပ်ကိစ္စနဲ့ပတ်သက်ပြီး သူ့ဖခင်(အေးဂျင့်လည်းဖြစ်သူ)ဟော်ဟဲမက်ဆီနဲ့
ဆက်သွယ်ဆွေးနွေးမှုတွေ ဆက်တိုက်ပြုလုပ်နေပေမယ့် မက်ဆီရဲ့စာချုပ်တန်ဖိုးမြင့်မားနေမှု၊ ဘာစီလိုနာအသင်းရဲ့ကြွေးမြီပြဿနာတွေကြောင့် သဘောတူညီမှုရဖို့ ခက်ခဲနေဆဲပါပဲ။
မက်ဆီရဲ့ ပုံရိပ်အသုံးပြုခအပြင် အခွန်ငွေနဲ့တခြားအချက်အလက်တွေက မက်ဆီစာချုပ်သစ်ချုပ်ဖို့ အခက်အခဲဖြစ်နေတာလို့ နာမည်ကျော် အားကစားမီဒီယာဖြစ်တဲ့ Goal က သုံးသပ်ခဲ့ပါတယ်။
ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့ရာသီက စပိန်ဘုရင့်ဖလားချန်ပီယံဖြစ်ခဲ့ပေမယ့် အဓိကကျတဲ့ လာလီဂါနဲ့ချန်ပီယံလိဂ်ပြိုင်ပွဲမှာ အောင်မြင်မှုမရခဲ့ဘဲ မက်ဆီက ကလပ်အသင်းအနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူအားဖြည့်မှသာ စာချုပ်သက်တမ်းတိုးမယ်လို့ အရင်ကတည်းက ဖွင့်ဟပြောဆိုခဲ့တာပါ။
နောက်ထပ်ပြဿနာတစ်ခုက အခုလောလောဆယ် မက်ဆီက အသင်းလက်မဲ့ဖြစ်သွားတာကြောင့် ဘာစီလိုနာအသင်းသာ မက်ဆီကို စာချုပ်ပြန်ချုပ်ခဲ့ရင်
လာလီဂါအဖွဲ့ချုပ်ကို ကစားသမားသစ်ခေါ်ယူမှုအဖြစ် စာရင်းပေးသွင်းရမှာဖြစ်ပြီး လာလီဂါအဖွဲ့ချုပ်က ချမှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေနဲ့ ကိုက်ညီအောင်ဆောင်ရွက်ဖို့လိုနေပါပြီ။
လာလီဂါအဖွဲ့ချုပ်ဥက္ကဌဟာဗီယာတီဘတ်စ်က ဘာစီလိုနာအသင်းဟာ ကစားသမားတွေကို ပေးချေနေရတဲ့လစာငွေပမာဏကို လျှော့ချဖို့လိုပြီး မဟုတ်ရင်တော့ ၂၀၂၁-၂၂ ရာသီမတိုင်ခင် မက်ဆီကို ဘာစီလိုနာကစားသမားအဖြစ် စာရင်းသွင်းပေးမှာမဟုတ်ဘူးလို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဘာစီလိုနာအသင်းအနေနဲ့ မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်မယ်လို့ ယုံကြည်နေဆဲဖြစ်ပေမယ့် အသင်းလက်မဲ့ဖြစ်နေတဲ့အနေအထားက တခြားအသင်းတွေ မက်ဆီကို ခေါ်မယ်ဆိုရင် အရင်ကထက်ပိုလွယ်ကူသွားပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်း အခက်ကြုံနေရပါပြီ။
အခုလောလောဆယ် မက်ဆီဟာ သူ့စာချုပ်ကိစ္စကို မစဉ်းစားသေးဘဲ အာဂျင်တီးနားအသင်းနဲ့အတူ ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ရေးကိုသာ အာရုံစိုက်ထားပြီး ပြိုင်ပွဲပြီးမှသာ သူ့အနာဂတ်နဲ့ပတ်သက်တဲ့ အဖြေတစ်ခုထွက်ပေါ်လာဖို့ရှိနေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကလပ္အသင္းလက္မဲ့ျဖစ္သြားတဲ့ နာမည္ေက်ာ္ကစားသမား မက္ဆီ
လက္ရွိကမာၻ႔အေကာင္းဆုံးေဘာလုံးသမားတစ္ဦးျဖစ္တဲ့ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္းက ဇြန္လ(၃၀)ရက္မွာကုန္ဆုံးသြားၿပီျဖစ္လို႔ အခုအခ်ိန္မွာ ကလပ္အသင္းလက္မဲ့ျဖစ္သြားၿပီး ဘာစီလိုနာနဲ႔ စာခ်ဳပ္ျပန္ခ်ဳပ္မလား၊ ဒါမွမဟုတ္ တျခားအသင္းကိုပဲ ေျပာင္းမလားဆိုတာ မသိရေသးပါဘူး။ အသက္(၃၄)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ဘာစီလိုနာအသင္းဟာ အရင္လေတြကတည္းက ႀကိဳးပမ္းခဲ့ၿပီး စာခ်ဳပ္သစ္ခ်ဳပ္ဆိုႏိုင္ၿပီလို႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္ အမွန္တကယ္ျဖစ္မလာခဲ့တဲ့အတြက္ အခုဆိုရင္ မက္ဆီဟာ ကလပ္အသင္းလက္မဲ့ျဖစ္သြားတာပါ။ ဘာစီလိုနာအသင္းကေတာ့ မက္ဆီကို စာခ်ဳပ္သက္တမ္းျပန္တိုးႏိုင္ဖို႔ ယုံၾကည္ခ်က္ရွိေနဆဲဆိုေပမယ့္ မက္ဆီဟာ Free Agent ျဖစ္သြားတဲ့အေနအထားက အသင္းပရိသတ္ေတြသာမက ဘာစီလိုနာရဲ႕ဘ႑ာေရးအေျခအေနအရပါ စိုးရိမ္စရာျဖစ္ေနပါၿပီ။
အခုလက္ရွိမွာ ဘာစီလိုနာအသင္းဥကၠဌလာေပၚတာဟာ မက္ဆီရဲ႕စာခ်ဳပ္ကိစၥနဲ႔ပတ္သက္ၿပီး သူ႔ဖခင္(ေအးဂ်င့္လည္းျဖစ္သူ)ေဟာ္ဟဲမက္ဆီနဲ႔ ဆက္သြယ္ေဆြးေႏြးမႈေတြ ဆက္တိုက္ျပဳလုပ္ေနေပမယ့္ မက္ဆီရဲ႕စာခ်ဳပ္တန္ဖိုးျမင့္မားေနမႈ၊ ဘာစီလိုနာအသင္းရဲ႕ေႂကြးၿမီျပႆနာေတြေၾကာင့္ သေဘာတူညီမႈရဖို႔ ခက္ခဲေနဆဲပါပဲ။ မက္ဆီရဲ႕ ပုံရိပ္အသုံးျပဳခအျပင္ အခြန္ေငြနဲ႔တျခားအခ်က္အလက္ေတြက မက္ဆီစာခ်ဳပ္သစ္ခ်ဳပ္ဖို႔ အခက္အခဲျဖစ္ေနတာလို႔ နာမည္ေက်ာ္ အားကစားမီဒီယာျဖစ္တဲ့ Goal က သုံးသပ္ခဲ့ပါတယ္။
ဘာစီလိုနာအသင္းဟာ ၿပီးခဲ့တဲ့ရာသီက စပိန္ဘုရင့္ဖလားခ်န္ပီယံျဖစ္ခဲ့ေပမယ့္ အဓိကက်တဲ့ လာလီဂါနဲ႔ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေအာင္ျမင္မႈမရခဲ့ဘဲ မက္ဆီက ကလပ္အသင္းအေနနဲ႔ ကစားသမားသစ္ေတြ ေခၚယူအားျဖည့္မွသာ စာခ်ဳပ္သက္တမ္းတိုးမယ္လို႔ အရင္ကတည္းက ဖြင့္ဟေျပာဆိုခဲ့တာပါ။ ေနာက္ထပ္ျပႆနာတစ္ခုက အခုေလာေလာဆယ္ မက္ဆီက အသင္းလက္မဲ့ျဖစ္သြားတာေၾကာင့္ ဘာစီလိုနာအသင္းသာ မက္ဆီကို စာခ်ဳပ္ျပန္ခ်ဳပ္ခဲ့ရင္ လာလီဂါအဖြဲ႕ခ်ဳပ္ကို ကစားသမားသစ္ေခၚယူမႈအျဖစ္ စာရင္းေပးသြင္းရမွာျဖစ္ၿပီး လာလီဂါအဖြဲ႕ခ်ဳပ္က ခ်မွတ္ထားတဲ့ ဘ႑ာေရးစည္းမ်ဥ္းေတြနဲ႔ ကိုက္ညီေအာင္ေဆာင္႐ြက္ဖို႔လိုေနပါၿပီ။ လာလီဂါအဖြဲ႕ခ်ဳပ္ဥကၠဌဟာဗီယာတီဘတ္စ္က ဘာစီလိုနာအသင္းဟာ ကစားသမားေတြကို ေပးေခ်ေနရတဲ့လစာေငြပမာဏကို ေလွ်ာ့ခ်ဖို႔လိုၿပီး မဟုတ္ရင္ေတာ့ ၂၀၂၁-၂၂ ရာသီမတိုင္ခင္ မက္ဆီကို ဘာစီလိုနာကစားသမားအျဖစ္ စာရင္းသြင္းေပးမွာမဟုတ္ဘူးလို႔ သတိေပးေျပာဆိုခဲ့ပါတယ္။
ဘာစီလိုနာအသင္းအေနနဲ႔ မက္ဆီကို စာခ်ဳပ္သက္တမ္းတိုးႏိုင္မယ္လို႔ ယုံၾကည္ေနဆဲျဖစ္ေပမယ့္ အသင္းလက္မဲ့ျဖစ္ေနတဲ့အေနအထားက တျခားအသင္းေတြ မက္ဆီကို ေခၚမယ္ဆိုရင္ အရင္ကထက္ပိုလြယ္ကူသြားၿပီျဖစ္တာေၾကာင့္ ဘာစီလိုနာအသင္း အခက္ႀကဳံေနရပါၿပီ။ အခုေလာေလာဆယ္ မက္ဆီဟာ သူ႔စာခ်ဳပ္ကိစၥကို မစဥ္းစားေသးဘဲ အာဂ်င္တီးနားအသင္းနဲ႔အတူ ကိုပါအေမရိကဖလားၿပိဳင္ပြဲမွာ ခ်န္ပီယံျဖစ္ေရးကိုသာ အာ႐ုံစိုက္ထားၿပီး ၿပိဳင္ပြဲၿပီးမွသာ သူ႔အနာဂတ္နဲ႔ပတ္သက္တဲ့ အေျဖတစ္ခုထြက္ေပၚလာဖို႔ရွိေနပါတယ္။