ကလပ်အသင်းမှာ အရန်ခုံက မထရသေးပေမယ့် နိုင်ငံအသင်းမှာ ထူးရှယ်ခြေစွမ်းပြသခဲ့တဲ့ ဆန်ချို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မနေ့ညက ကစားခဲ့တဲ့ အန်ဒိုရာအသင်း နဲ့ အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာတော့ မန်ယူကစားသမား (၂) ဦးဖြစ်တဲ့ ဆန်ချို နဲ့ လင်ဂတ်တို့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ကြပါတယ်။

ဒီပွဲမှာ အင်္ဂလန်က (၅−ဝ) ဂိုး နဲ့ ဂိုး ပြတ်အနိုင်ရခဲ့ပြီး ဆန်ချိုက ပွဲချိန် (၇၂) မိနစ်အထိ ပါဝင်ကစားခဲ့ကာ သွင်းဂိုး (၂) ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ မန်ယူအသင်းမှာ ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်နေရတာဖြစ်ပြီး လက်ရှိအချိန်အထိ သွင်းဂိုးရော ဂိုးဖန်တီးမှုပါ မပြုလုပ်နိုင်သေးတာပါ။

နည်းပြဆိုးလ်ရှားရဲ့ နည်းစနစ်အောက်မှာ ဆန်ချိုဟာ ၎င်းရဲ့ ပုံမှန်ကစားနေကျ နေရာဖြစ်တဲ့ ညာတောင်ပံမှာ ကစားခွင့်မရသေးတဲ့အတွက်

ခြေစွမ်း မတည်ငြိမ်သေးတာလို့ ပရိသတ်တွေက ယူဆခဲ့ကြပါတယ်။

ဒါပေမယ့် မနေ့ညကပွဲမှာလည်း ဆန်ချိုဟာ အင်္ဂလန် နည်းပြဆောက်ဂိတ်ရဲ့ ကစားကွက်မှာ

ဘယ်တောင်ပံကစားသမားအဖြစ်နဲ့သာ ပွဲထွက်လာခဲ့ရတာဖြစ်ပေမယ့်

အကောင်းဆုံး ခြေစွမ်းတစ်ရပ်ကို ပြသသွားနိုင်ခဲ့ပြီး တိကျ သေသပ်တဲ့ ဂိုးဖန်တီးမှု နှစ်ကြိမ်ကိုပါ ပြုလုပ်နိုင်ခဲ့တာပါ။

အဆိုပါ ပွဲစဉ်အတွင်းက ဆန်ချိုရဲ့စွမ်းဆောင်ရည်အချို့ကိုပါ ဖော်ပြပေးလိုက်ရပါတယ်။

− ဘောလုံးထိချက် (၆၆) ကြိမ်

− အခွင့်အရေးဖန်တီးမှု (၄) ကြိမ်

− ဖြတ်တင်ဘော (၄) ကြိမ်

− တစ်ဦးချင်းကျော်ဖြတ်နိုင်မှု (၃) ကြိမ်

− ဂိုးဖန်တီးမှု (၂) ကြိမ်

− ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်မှု (၁) ကြိမ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကလပ္အသင္းမွာ အရန္ခုံက မထရေသးေပမယ့္ ႏုိင္ငံအသင္းမွာ ထူးရွယ္ေျခစြမ္းျပသခဲ့တဲ့ ဆန္ခ်ဳိ

မေန႔ညက ကစားခဲ့တဲ့ အန္ဒိုရာအသင္း နဲ႔ အဂၤလန္အသင္းရဲ႕ ကမာၻ႔ဖလား ေျခစစ္ပြဲမွာေတာ့ မန္ယူကစားသမား (၂) ဦးျဖစ္တဲ့ ဆန္ခ်ိဳ နဲ႔ လင္ဂတ္တို႔ ပြဲထြက္ကစားသမားအျဖစ္ ပါဝင္ခဲ့ၾကပါတယ္။

ဒီပြဲမွာ အဂၤလန္က (၅−ဝ) ဂိုး နဲ႔ ဂိုး ျပတ္အႏိုင္ရခဲ့ၿပီး ဆန္ခ်ိဳက ပြဲခ်ိန္ (၇၂) မိနစ္အထိ ပါဝင္ကစားခဲ့ကာ သြင္းဂိုး (၂) ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။

ဆန္ခ်ိဳဟာ မန္ယူအသင္းမွာ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ေနရတာျဖစ္ၿပီး လက္ရွိအခ်ိန္အထိ သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ မျပဳလုပ္ႏိုင္ေသးတာပါ။

နည္းျပဆိုးလ္ရွားရဲ႕ နည္းစနစ္ေအာက္မွာ ဆန္ခ်ိဳဟာ ၎ရဲ႕ ပုံမွန္ကစားေနက် ေနရာျဖစ္တဲ့ ညာေတာင္ပံမွာ ကစားခြင့္မရေသးတဲ့အတြက္ ေျခစြမ္း မတည္ၿငိမ္ေသးတာလို႔ ပရိသတ္ေတြက ယူဆခဲ့ၾကပါတယ္။

ဒါေပမယ့္ မေန႔ညကပြဲမွာလည္း ဆန္ခ်ိဳဟာ အဂၤလန္ နည္းျပေဆာက္ဂိတ္ရဲ႕ ကစားကြက္မွာ ဘယ္ေတာင္ပံကစားသမားအျဖစ္နဲ႔သာ ပြဲထြက္လာခဲ့ရတာျဖစ္ေပမယ့္

အေကာင္းဆုံး ေျခစြမ္းတစ္ရပ္ကို ျပသသြားႏိုင္ခဲ့ၿပီး တိက် ေသသပ္တဲ့ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ကိုပါ ျပဳလုပ္ႏိုင္ခဲ့တာပါ။

အဆိုပါ ပြဲစဥ္အတြင္းက ဆန္ခ်ိဳရဲ႕စြမ္းေဆာင္ရည္အခ်ိဳ႕ကိုပါ ေဖာ္ျပေပးလိုက္ရပါတယ္။

− ေဘာလုံးထိခ်က္ (၆၆) ႀကိမ္

− အခြင့္အေရးဖန္တီးမႈ (၄) ႀကိမ္

− ျဖတ္တင္ေဘာ (၄) ႀကိမ္

− တစ္ဦးခ်င္းေက်ာ္ျဖတ္ႏိုင္မႈ (၃) ႀကိမ္

− ဂိုးဖန္တီးမႈ (၂) ႀကိမ္

− ဂိုးေပါက္တည့္ေအာင္ ကန္သြင္းႏိုင္မႈ (၁) ႀကိမ္