ကလပ်အတွက်ရော၊ နိုင်ငံအတွက်ပါ ခြေစွမ်းပြချင်စိတ် ပြင်းထန်ဆဲဖြစ်တဲ့ ဘောလုံးနတ်ဘုရားကြီး

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အသက်ကြီးပေမယ့် ဘောလုံးကန်ချင်စိတ်ကတော့ ဇလာတန်ဆီမှာ အပြည့်ရှိနေဆဲပါ။ အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်မှူး အေဘရာဟီမိုဗစ်က အသင်းနဲ့ ရာသီအကုန်မှာ စာချုပ်သစ်ထပ်မံ ချုပ်ဆိုသွားဖို့ ယုံကြည်တဲ့ အကြောင်း ပြောပါတယ်။ အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အေဘရာဟီမိုဗစ်ဟာ ဒီနှစ်နွေ ရာသီမှ အေစီမီလန်နဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားခဲ့တာပါ။

ကလပ်အတွက်သာမက နိုင်ငံအတွက်လည်း ဇလာတန်က ဘောလုံးကန်ပေးချင်ပါသေးတယ်။ အီဗရာဟီမိုဗစ်အနေနဲ့အတိတ်ကကျရှုံးမှုတွေကိုပယ်ဖျက်ပြီး၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာပါဝင်လိုတာပါ။ တိုက်စစ်မှူးကြီးဟာ၂၀၁၆ခုနှစ်ကတည်းကလက်ရွေးစင်အသင်းနဲ့ဝေးကွာနေခဲ့တာဖြစ်ပြီးဂျော်ဂျီယာအသင်းနဲ့ပွဲစဉ်မှာတစ်ကျော့ပြန်ပါဝင်လာဖို့ရှိနေပါတယ်။ဇလာတန်အနေနဲ့၂၀၀၂ခုနှစ်နဲ့၂၀၀၆ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာသွင်းဂိုးဗလာဖြစ်ခဲ့ပါတယ်။

အေဘရာဟီမိုဗစ်က “အေစီမီလန်အသင်းကို တိုးတက်ဖို့အတွက် ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ။ အသင်းရဲ့ လုပ်ဆောင်မှုတွေကလည်း တကယ် စိတ်လှုပ်ရှားစရာ ကောင်းပါတယ်” “ကလပ်က အသင်းဖော်တွေက ကျွန်တော့်ရဲ့ ကလေးတွေလိုပါပဲ။ နိုင်ငံလက်ရွေးစင်အသင်းမှာပါဝင်ဖို့ဆိုတာဘောလုံးသမားတစ်ယောက်ရဲ့အကြီးဆုံးအောင်မြင်မှုပါ။ကျွန်တော်ဆွီဒင်အသင်းကိုတစ်ခုခုကူညီနိုင်မယ်လို့ခံစားနေရပါတယ်”လို့ပြောပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘောလုံးနတ်ဘုရားကြီးရဲ့ အသက်က ၄၁နှစ်ရှိနေမှာဖြစ်ပါတယ်။ တိုက်စစ်မှူးကြီးဟာနိုင်ငံအသင်းအတွက် ၁၁၆ပွဲပါဝင်ကစားပြီး ၆၂ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကလပ္အတြက္ေရာ၊ ႏိုင္ငံအတြက္ပါ ေျခစြမ္းျပခ်င္စိတ္ ျပင္းထန္ဆဲျဖစ္တဲ့ ေဘာလုံးနတ္ဘုရားႀကီး

အသက္ႀကီးေပမယ့္ ေဘာလုံးကန္ခ်င္စိတ္ကေတာ့ ဇလာတန္ဆီမွာ အျပည့္ရွိေနဆဲပါ။ ေအစီမီလန္အသင္းရဲ႕ ဝါရင့္တိုက္စစ္မႉး ေအဘရာဟီမိုဗစ္က အသင္းနဲ႔ ရာသီအကုန္မွာ စာခ်ဳပ္သစ္ထပ္မံ ခ်ဳပ္ဆိုသြားဖို႔ ယုံၾကည္တဲ့ အေၾကာင္း ေျပာပါတယ္။

အသက္ ၃၉ ႏွစ္ရွိၿပီျဖစ္တဲ့ ေအဘရာဟီမိုဗစ္ဟာ ဒီႏွစ္ေႏြ ရာသီမွ ေအစီမီလန္နဲ႔ တစ္ႏွစ္သက္တမ္းတိုး စာခ်ဳပ္ခ်ဳပ္ဆိုထားခဲ့တာပါ။ ကလပ္အတြက္သာမက ႏိုင္ငံအတြက္လည္း ဇလာတန္က ေဘာလုံးကန္ေပးခ်င္ပါေသးတယ္။ အီဗရာဟီမိုဗစ္အေနနဲ႔အတိတ္ကက်ရႈံးမႈေတြကိုပယ္ဖ်က္ၿပီး၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာပါဝင္လိုတာပါ။

တိုက္စစ္မႉးႀကီးဟာ၂၀၁၆ခုႏွစ္ကတည္းကလက္ေ႐ြးစင္အသင္းနဲ႔ေဝးကြာေနခဲ့တာျဖစ္ၿပီးေဂ်ာ္ဂ်ီယာအသင္းနဲ႔ပြဲစဥ္မွာတစ္ေက်ာ့ျပန္ပါဝင္လာဖို႔ရွိေနပါတယ္။ဇလာတန္အေနနဲ႔၂၀၀၂ခုႏွစ္နဲ႔၂၀၀၆ခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာသြင္းဂိုးဗလာျဖစ္ခဲ့ပါတယ္။

ေအဘရာဟီမိုဗစ္က “ေအစီမီလန္အသင္းကို တိုးတက္ဖို႔အတြက္ ဆက္လက္ၿပီး လုပ္ေဆာင္သြားမွာပါ။ အသင္းရဲ႕ လုပ္ေဆာင္မႈေတြကလည္း တကယ္ စိတ္လႈပ္ရွားစရာ ေကာင္းပါတယ္” “ကလပ္က အသင္းေဖာ္ေတြက ကြၽန္ေတာ့္ရဲ႕ ကေလးေတြလိုပါပဲ။ ႏိုင္ငံလက္ေ႐ြးစင္အသင္းမွာပါဝင္ဖို႔ဆိုတာေဘာလုံးသမားတစ္ေယာက္ရဲ႕အႀကီးဆုံးေအာင္ျမင္မႈပါ။ကြၽန္ေတာ္ဆြီဒင္အသင္းကိုတစ္ခုခုကူညီႏိုင္မယ္လို႔ခံစားေနရပါတယ္”လို႔ေျပာပါတယ္။

လာမယ့္၂၀၂၂ခုႏွစ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ​ေဘာလုံးနတ္ဘုရားႀကီးရဲ႕ အသက္က ၄၁ႏွစ္ရွိေနမွာျဖစ္ပါတယ္။တိုက္စစ္မႉးႀကီးဟာႏိုင္ငံအသင္းအတြက္၁၁၆ပြဲပါဝင္ကစားၿပီး၆၂ဂိုးအထိသြင္းယူထားႏိုင္ခဲ့ပါတယ္။