M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ရာသီနဲ့ ယူရို-၂၀၂ဝပြိုင်ပွဲတွေမှာ ကလပ်အသင်းအတွက်သာမက လက်ရွေးစင်အသင်းနဲ့ပါ ပုံစံကောင်းတွေဆက်တိုက်ပြသနိုင်ခဲ့တဲ့နောက်ခံလူ လုခ်ရှောကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပါပြီ။
အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်သူ လုခ်ရှောရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၃ ခုနှစ်အထိကျန်ရှိနေသေးပေမယ့် ယူနိုက်တက်အသင်းကတော့ ခြေစွမ်းပြကစားနေတဲ့လုခ်ရှောကို ဂုဏ်ပြုတဲ့အနေနဲ့ စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာပဲဖြစ်ပါတယ်။
လုခ်ရှောဟာ ၂၀၂၀-၂၁ ရာသီက ယူနိုက်တက်အသင်းဘယ်ခြမ်းတိုက်စစ်ကို အဓိကဦးဆောင်ကစားခဲ့သူဖြစ်ပြီး ဂိုးဖန်တီးမှု(၆)ကြိမ်၊ (၁)ဂိုးသွင်းမှတ်တမ်းနဲ့အတူ
ယူနိုက်တက်အသင်းပရီးမီးယားလိဂ်မှာ အဆင့်(၂)၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအဆင့်အထိတက်ရောက်နိုင်အောင်ကူညီပေးခဲ့သလို ယူရို-၂၀၂ဝပြိုင်ပွဲမှာလည်း ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့တဲ့အပြင်
ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် ဗိုလ်လုပွဲမှာအမြန်ဆုံးသွင်းဂိုးပိုင်ရှင်ဆိုတဲ့ ဂုဏ်ယူစရာစံချိန်တစ်ခုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ (၈)နှစ်ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ဖလားကို ပြန်လည်ဆွတ်ခူးနိုင်ဖို့စီမံကိန်းအတွက် လုခ်ရှောက အရေးပါတဲ့အခန်းကဏ္ဍမှာပါဝင်နေတယ်လို့ ယုံကြည်ထားတာကြောင့်
စာချုပ်သက်တမ်းတိုးဖို့ပြင်ဆင်နေတာဖြစ်ပြီး လာမယ့်လအနည်းငယ်အတွင်း စာချုပ်သစ်ကိစ္စကိုအကောင်အထည်ဖော်သွားမှာလည်းဖြစ်ပါတယ်။
လုခ်ရှောဟာ နွေရာသီအားလပ်ရက်အပန်းဖြေခရီးစဉ်အပြီး အခုတစ်ပတ်အတွင်းယူနိုက်တက်အသင်းနဲ့ပူးပေါင်းမှာဖြစ်ပြီး သူနဲ့အတူ ပေ့ါဘာ၊ မက်ဂွိုင်းယားတို့ကလည်း အသင်းဆီပြန်လည်ရောက်ရှိလာတော့မှာပါ။
အခုလောလောဆယ် လုခ်ရှောဟာ ဂျာမနီနဲ့ကစားခဲ့တဲ့ယူရို-၂၀၂၀ ရှုံးထွက်(၁၆)သင်းအဆင့်ပွဲတုန်းကရရှိခဲ့တဲ့ နံရိုးကျိုးဒဏ်ရာကို စမ်းသပ်စစ်ဆေးမှုခံယူသွားမှာဖြစ်ပြီး
သူကတော့ လာမယ့်သြဂုတ်လ(၁၄)ရက်ကျရင် လိဒ်စ်အသင်းနဲ့ကစားမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအမီ ကြံ့ခိုင်မှုပြည့်ဝလာမယ်လို့ ယုံကြည်နေပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi
ကလပ်နဲ့နိုင်ငံအသင်းအတွက် ပုံစံကောင်းတွေပြသခဲ့တဲ့လုခ်ရှောကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေပြီဖြစ်တဲ့ ယူနိုက်တက်