ကလပ်စံချိန်တင် ကစားသမားကို ယူရိုပါလိဂ်လူစာရင်းမှာ မေ့လျော့ပြီး ချန်လှပ်ခဲ့တဲ့ အေဂျက်စ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နယ်သာလန်ထိပ်သီးကလပ် အေဂျက်စ်အသင်းဟာ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး ဆဘက်တီယန်ဟော်လာကို ယူရိုပါလိဂ်ပွဲအတွက် UEFA ဆီ တင်သွင်းခဲ့တဲ့လူစာရင်းမှာ မေ့လျော့ပြီး ကျန်ရစ်ခဲ့လို့ အရှက်ရစရာဖြစ်ခဲ့ရပါတယ်။ အေဂျက်စ်အသင်းဟာ ဟော်လာကို ပြီးခဲ့တဲ့ဇန်နဝါရီလတုန်းက ဝက်စ်ဟမ်းအသင်းကနေ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၀ နဲ့ ခေါ်ယူခဲ့တာပါ။

ဒါပေမဲ့ အေဂျက်စ်အသင်းက အခုဖေဖော်ဝါရီလထဲ ကစားမယ့် လိုင်လီနဲ့ပွဲအတွက် လူစာရင်းကို တင်သွင်းခဲ့တာမှာ ဟော်လာကို မေ့လျော့ပြီး ချန်လှပ်ခဲ့တာကြောင့် သူဟာ အဲဒီပွဲကို လွဲချော်တော့မှာပဲဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အေဂျက်စ်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ မီယဲလ်ဘရင်ကူက ”လူစာရင်းထဲမှာ ဟော်လာ တကယ်ပဲ ပါမလာခဲ့ဘူး။ ဘာတွေအမှားအယွင်းရှိခဲ့လဲဆိုတာ ကျွန်တော်တို့ စစ်ဆေးသွားမှာပါ။

အခုလောလောဆယ်တော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော်တို့ နယ်သာလန်ဘောလုံးအဖွဲ့ချုပ်နဲ့ UEFA တို့ဆီ ဆက်သွယ်အကြောင်းကြားထားပါတယ်။ ဟော်လာဟာ ဒီရာသီ ယူရိုပါလိဂ်မှာ တခြားအသင်းနဲ့ မကစားရသေးလို့ သူ့ကို ကျွန်တော်တို့အသင်းလူစာရင်းက တမင်သက်သက် ချန်လှပ်စရာအကြောင်းမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဟော်လာဟာ ၂၀၁၉ ခုနှစ်တုန်းက ဖရန့်ဖတ်အသင်းကနေ ဝက်စ်ဟမ်းအသင်းကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းနဲ့ ရောက်ရှိခဲ့ပြီး ပရီးမီးယားလိဂ်မှာ ရုန်းကန်ခဲ့ရတာကြောင့် အေဂျက်စ်အသင်းဆီပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အေဂျက်စ်အသင်းမှာတော့ ဟော်လာဟာ ပုံမှန်ခြေစွမ်းပြနေပြီး ၆ ပွဲကစား ၂ ဂိုးသွင်းထားတာကြောင့် တကယ်လို့ ယူရိုပါလိဂ်ရှုံးထွက် ၃၂သင်းအဆင့်အဖြစ် လိုင်လီနဲ့ကစားမယ့်ပွဲမှာ မပါနိုင်ရင်တော့ အေဂျက်စ်အသင်း တိုက်စစ်အတွက် ထိုးနှက်ချက်ဖြစ်လာမှာပါ။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ကလပ္စံခ်ိန္တင္ ကစားသမားကို ယူ႐ိုပါလိဂ္လူစာရင္းမွာ ေမ့ေလ်ာ့ၿပီး ခ်န္လွပ္ခဲ့တဲ့ ေအဂ်က္စ္

နယ္သာလန္ထိပ္သီးကလပ္ ေအဂ်က္စ္အသင္းဟာ ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူထားတဲ့ တိုက္စစ္မႉး ဆဘက္တီယန္ေဟာ္လာကို ယူ႐ိုပါလိဂ္ပြဲအတြက္ UEFA ဆီ တင္သြင္းခဲ့တဲ့လူစာရင္းမွာ ေမ့ေလ်ာ့ၿပီး က်န္ရစ္ခဲ့လို႔ အရွက္ရစရာျဖစ္ခဲ့ရပါတယ္။ ေအဂ်က္စ္အသင္းဟာ ေဟာ္လာကို ၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းက ဝက္စ္ဟမ္းအသင္းကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း ၂၀ နဲ႔ ေခၚယူခဲ့တာပါ။ ဒါေပမဲ့ ေအဂ်က္စ္အသင္းက အခုေဖေဖာ္ဝါရီလထဲ ကစားမယ့္ လိုင္လီနဲ႔ပြဲအတြက္ လူစာရင္းကို တင္သြင္းခဲ့တာမွာ ေဟာ္လာကို ေမ့ေလ်ာ့ၿပီး ခ်န္လွပ္ခဲ့တာေၾကာင့္ သူဟာ အဲဒီပြဲကို လြဲေခ်ာ္ေတာ့မွာပဲျဖစ္ပါတယ္။

အဲဒီကိစၥနဲ႔ပတ္သက္ၿပီး ေအဂ်က္စ္အသင္းရဲ႕ ေျပာေရးဆိုခြင့္ရွိသူ မီယဲလ္ဘရင္ကူက ”လူစာရင္းထဲမွာ ေဟာ္လာ တကယ္ပဲ ပါမလာခဲ့ဘူး။ ဘာေတြအမွားအယြင္းရွိခဲ့လဲဆိုတာ ကြၽန္ေတာ္တို႔ စစ္ေဆးသြားမွာပါ။ အခုေလာေလာဆယ္ေတာ့ ဒီကိစၥနဲ႔ပတ္သက္လို႔ ကြၽန္ေတာ္တို႔ နယ္သာလန္ေဘာလုံးအဖြဲ႕ခ်ဳပ္နဲ႔ UEFA တို႔ဆီ ဆက္သြယ္အေၾကာင္းၾကားထားပါတယ္။ ေဟာ္လာဟာ ဒီရာသီ ယူ႐ိုပါလိဂ္မွာ တျခားအသင္းနဲ႔ မကစားရေသးလို႔ သူ႔ကို ကြၽန္ေတာ္တို႔အသင္းလူစာရင္းက တမင္သက္သက္ ခ်န္လွပ္စရာအေၾကာင္းမရွိပါဘူး” လို႔ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ အိုင္ဗရီကို႔စ္တိုက္စစ္မႉး ေဟာ္လာဟာ ၂၀၁၉ ခုႏွစ္တုန္းက ဖရန္႔ဖတ္အသင္းကေန ဝက္စ္ဟမ္းအသင္းကို ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းနဲ႔ ေရာက္ရွိခဲ့ၿပီး ပရီးမီးယားလိဂ္မွာ ႐ုန္းကန္ခဲ့ရတာေၾကာင့္ ေအဂ်က္စ္အသင္းဆီေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ ေအဂ်က္စ္အသင္းမွာေတာ့ ေဟာ္လာဟာ ပုံမွန္ေျခစြမ္းျပေနၿပီး ၆ ပြဲကစား ၂ ဂိုးသြင္းထားတာေၾကာင့္ တကယ္လို႔ ယူ႐ိုပါလိဂ္ရႈံးထြက္ ၃၂သင္းအဆင့္အျဖစ္ လိုင္လီနဲ႔ကစားမယ့္ပြဲမွာ မပါႏိုင္ရင္ေတာ့ ေအဂ်က္စ္အသင္း တိုက္စစ္အတြက္ ထိုးႏွက္ခ်က္ျဖစ္လာမွာပါ။