ကလပ်ကို ဆက်သွယ်လာတဲ့ကော်တင်ဟိုကို ငြင်းပယ်လိုက်တဲ့ လီဗာပူး

photo-allfootball

photo-gettyimages

ကော်တင်ဟိုဟာ သူပြန်လာဖို့အတွက် လီဗာပူးကို ဆက်သွယ်ခဲ့ပေမယ့် အဲဒီအန်ဖီးလ်ကလပ်က ပြန်ခေါ်ဖို့ စိတ်ဝင်စားခြင်းမရှိဘူးလို့ အကြောင်းပြန်ကာ ငြင်းလွှတ်လိုက်ကြောင်း သတင်းတစ်ရပ်အရ သိရှိရပါတယ်။ အဲဒီဘရာဇီးကွင်းလယ်ဖန်တီးရှင်ဟာ ဘာစီလိုနာကနေ ဘိုင်ယန်မြူးနစ်ကို အငှားသွားကစားနေတာပါ။ ဒါပေမဲ့ အဲဒီဂျာမန်အသင်းက အပြီးသတ်ခေါ်ယူဖို့ စိတ်မဝင်စားပါဘူး။

photo-gettyimages

ကော်တင်ဟိုကိုယ်တိုင်ကလည်း ၂၀၁၈ ဇန်နဝါရီမှာ အန်ဖီးလ်ကနေ ဘာစီလိုနာကို ပြောင်းသွားပြီးကတည်းက လီဗာပူးက ခြေစွမ်းမျိုးပြန်ရဖို့ ရုန်းကန်နေရပါတယ်။ ဘာစီလိုနာဟာ ၂၇ နှစ်အရွယ် အဲဒီဘရာဇီးသားအတွက် ပေါင်သန်း ၁၀၀ ကျော်သုံးစွဲခဲ့ပေမယ့် ကစားသမားက ဈေးနှုန်းနဲ့ထိုက်တန်တဲ့ခြေစွမ်းမျိုး မပြနိုင်ခဲ့ပါဘူး။ ဒါကြောင့်လည်း ဘာစီလိုနာဟာ ကော်တင်ဟိုနဲ့ လမ်းခွဲဖို့ ပြင်ဆင်ထားတာပါ။

photo-gettyimages

ဒီအတွက်လည်း ပရီးမီးယားလိဂ်ကို ပြန်သွားရေးဟာ ကော်တင်ဟိုရဲ့အဓိကဦးစားပေးဖြစ်လာပါတယ်။ အဲဒီမှာ အသင်းဟောင်းလီဗာပူးကို ပြန်သွားဖို့က သူ့ရဲ့ပိုကြိုက်တဲ့ရွေးချယ်မှုဖြစ်ပေမယ့် သူ့ဖက်ကသာ ဆန္ဒရှိပြီး လီဗာပူးဘက်ကတော့ ပြန်မခေါ်ချင်တော့ပါဘူး။ သူဟာ လီဗာပူးအတွက် ဂိုး ၅၀ ကျော်သွင်းခဲ့သလို တစ်နှစ်တာလီဗာပူးအကောင်းဆုံးကစားသမားဆုကိုလည်း နှစ်ကြိမ်တိုင်ရခဲ့ဖူးပါတယ်။ လာမယ့်လတွေအတွင်းမှာ ဝယ်သူမရှာနိုင်ရင်တော့ ဘာစီလိုနာဟာ ကော်တင်ဟိုကို ထပ်မံအငှားချဖို့ ဆန္ဒရှိနေပါတယ်။

[Zawgyi]

ကလပ္ကို ဆက္သြယ္လာတဲ့ေကာ္တင္ဟိုကို ျငင္းပယ္လုိက္တဲ့ လီဗာပူး

ေကာ္တင္ဟိုဟာ သူျပန္လာဖို႔အတြက္ လီဗာပူးကို ဆက္သြယ္ခဲ့ေပမယ့္ အဲဒီအန္ဖီးလ္ကလပ္က ျပန္ေခၚဖုိ႔ စိတ္၀င္စားျခင္းမရွိဘူးလို႔ အေၾကာင္းျပန္ကာ ျငင္းလႊတ္လိုက္ေၾကာင္း သတင္းတစ္ရပ္အရ သိရွိရပါတယ္။ အဲဒီဘရာဇီးကြင္းလယ္ဖန္တီးရွင္ဟာ ဘာစီလုိနာကေန ဘိုင္ယန္ျမဴးနစ္ကို အငွားသြားကစားေနတာပါ။ ဒါေပမဲ့ အဲဒီဂ်ာမန္အသင္းက အၿပီးသတ္ေခၚယူဖို႔ စိတ္မ၀င္စားပါဘူး။

ေကာ္တင္ဟိုကုိယ္တိုင္ကလည္း ၂၀၁၈ ဇန္န၀ါရီမွာ အန္ဖီးလ္ကေန ဘာစီလုိနာကို ေျပာင္းသြားၿပီးကတည္းက လီဗာပူးက ေျခစြမ္းမ်ိဳးျပန္ရဖို႔ ရုန္းကန္ေနရပါတယ္။ ဘာစီလိုနာဟာ ၂၇ ႏွစ္အရြယ္ အဲဒီဘရာဇီးသားအတြက္ ေပါင္သနး္ ၁၀၀ ေက်ာ္သုံးစြဲခဲ့ေပမယ့္ ကစားသမားက ေစ်းႏႈန္းနဲ႔ထိုက္တန္တဲ့ေျခစြမ္းမ်ိဳး မျပႏိုင္ခဲ့ပါဘူး။ ဒါေၾကာင့္လညး္ ဘာစီလိုနာဟာ ေကာ္တင္ဟိုနဲ႔ လမ္းခြဲဖို႔ ျပင္ဆင္ထားတာပါ။

ဒီအတြက္လည္း ပရီးမီးယားလိဂ္ကို ျပန္သြားေရးဟာ ေကာ္တင္ဟိုရဲ႕အဓိကဦးစားေပးျဖစ္လာပါတယ္။ အဲဒီမွာ အသင္းေဟာင္းလီဗာပူးကို ျပန္သြားဖို႔က သူ႔ရဲ႕ပိုႀကိဳက္တဲ့ေရြးခ်ယ္မႈျဖစ္ေပမယ့္ သူ႔ဖက္ကသာ ဆႏၵရွိၿပီး လီဗာပူးဘက္ကေတာ့ ျပန္မေခၚခ်င္ေတာ့ပါဘူး။ သူဟာ လီဗာပူးအတြက္ ဂိုး ၅၀ ေက်ာ္သြင္းခဲ့သလုိ တစ္ႏွစ္တာလီဗာပူးအေကာင္းဆုံးကစားသမားဆုကိုလည္း ႏွစ္ႀကိမ္တိုင္ရခဲ့ဖူးပါတယ္။ လာမယ့္လေတြအတြင္းမွာ ၀ယ္သူမရွာႏိုင္ရင္ေတာ့ ဘာစီလိုနာဟာ ေကာ္တင္ဟိုကို ထပ္မံအငွားခ်ဖို႔ ဆႏၵရွိေနပါတယ္။