ကလပ္စံခ်ိန္တင္ေစ်းနဲ႔ တိုက္စစ္မွဴ း ေဟာ္လာကို ၀က္စ္ဟမ္းေခၚေတာ႔မယ္

၀က္စ္ဟမ္းအသင္းဟာ ဖရန္႔ဖတ္အသင္းတိုက္စစ္မွဴ း ဆီဘတ္စတီယန္ေဟာ္လာကို ေပါင္ ၄၂.၅ သန္းနဲ႔ေခၚယူဖို႔ သေဘာတူညီထားၿပီး ဒီကေန႔မွာဘဲ ေဆးစစ္ေတာ႔မယ္လို႔သိရပါတယ္။ ဒီေစ်းဟာ ၀က္စ္ဟမ္းရဲ႕သမိုင္းမွာ ကလပ္စံခ်ိန္တင္ေစ်းလည္းျဖစ္ပါတယ္။

၀က္စ္ဟမ္းဟာ အသက္ ၂၅ ႏွစ္ရွိတဲ႔ ေဟာ္လာအတြက္ ကနဦးေျပာင္းေရႊ႕ေၾကး ေပါင္ ၃၆ သန္းေပးေခ်ရမွာျဖစ္ၿပီး အျခားအခ်က္အလက္ေတြအေပၚမူတည္ကာ ေနာက္ထပ္ေပါင္ ၆.၅ သန္းထပ္ေပးရမွာျဖစ္ပါတယ္။ သူဟာ ေဆးစစ္လို႔ေအာင္ျမင္ခဲ့ရင္ ၄ ႏွစ္စာခ်ဳပ္ကို လက္မွတ္ေရးထိုးသြားမွာျဖစ္ပါတယ္။

၀က္စ္ဟမ္းဟာ ရွန္ဟိုင္းSIPG အသင္းဆီတိုက္စစ္မွဴ း အာႏူတိုဗစ္ကိုေပါင္ ၂၂.၄ သန္းနဲ႔ေရာင္းခ်လိုက္ၿပီးေနာက္ အစားထိုးရမယ္႔ သူကိုရွာေဖြခဲ့ရၿပီး ေဟာ္လာကို ကမ္းလွမ္းခဲ့တာျဖစ္ပါတယ္။ ဒါေပမယ္႔ ၿပီးခဲ့တဲ႔တစ္ပတ္ကေဆြးေႏြးမႈေတြအဆင္မေျပျဖစ္ခဲ့ေသးလို႔ ၀က္စ္ဟမ္းဘက္ ေၾကးတိုးျမွင့္ကမ္းလွမ္းခဲ့ရတယ္လို႔လည္း သိရပါတယ္။

၀က္စ္ဟမ္းဟာ ဒဏ္ရာမၾကာခဏရေနတဲ႔ တိုက္စစ္မွဴ း ကာရိုးလ္ကိုလက္လႊတ္ခဲ့သလို လူးကက္စ္ပီရက္ဇ္နဲ႔လည္းလမ္းခြဲခဲ့ပါတယ္။ ေဟာ္လာကိုမေခၚခင္မွာ ၀က္စ္ဟမ္းဟာ ဆယ္လ္တာဗီဂိုတိုက္စစ္မွဴ း မက္ဆီဂိုမက္ဇ္ကို ကမး္လွမ္းခဲ့ေသးတယ္လို႔လည္း သိရပါတယ္။ ဂိုမက္ဇ္ဟာအခုဆိုရင္ ဗလင္စီယာကိုေျပာင္းေရႊ႕သြားၿပီလို႔ သိရပါတယ္။

ျပင္သစ္တိုက္စစ္မွဴ းျဖစ္တဲ႔ ေဟာ္လာဟာၿပီးခဲ့တဲ႔ရာသီက ဖရန္႔ဖတ္အတြက္ ၄၁ ပြဲကစားၿပီး ဂိုး ၂၀ သြင္းယူႏိုင္ခဲ့သူျဖစ္ပါတယ္။ သူ႔ကိုမန္ယူအသင္းကလည္း လူကာကူရဲ႕ေနရာမွာအစားထိုးဖို႔ စိတ္၀င္စားေနတယ္လို႔လည္း သိရပါတယ္။

Unicode

ကလပ်စံချိန်တင်ဈေးနဲ့ တိုက်စစ်မှူ း ဟော်လာကို ဝက်စ်ဟမ်းခေါ်တော့မယ်
ဝက်စ်ဟမ်းအသင်းဟာ ဖရန့်ဖတ်အသင်းတိုက်စစ်မှူ း ဆီဘတ်စတီယန်ဟော်လာကို ပေါင် ၄၂.၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီထားပြီး ဒီကနေ့မှာဘဲ ဆေးစစ်တော့မယ်လို့သိရပါတယ်။ ဒီဈေးဟာ ဝက်စ်ဟမ်းရဲ့သမိုင်းမှာ ကလပ်စံချိန်တင်ဈေးလည်းဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ အသက် ၂၅ နှစ်ရှိတဲ့ ဟော်လာကနဦးပြောင်းရွှေ့ကြေး ပေါင် ၃၆ သန်းပေးချေရမှာဖြစ်ပြီး အခြားအချက်အလက်တွေအပေါ်မူတည်ကာ နောက်ထပ်ပေါင် ၆.၅ သန်းထပ်ပေးရမှာဖြစ်ပါတယ်။ သူဟာ ဆေးစစ်လို့အောင်မြင်ခဲ့ရင် ၄ နှစ်စာချုပ်ကို လက်မှတ်ရေးထိုးသွားမှာဖြစ်ပါတယ်။

ဝက်စ်ဟမ်းဟာ ရှန်ဟိုင်းSIPG အသင်းဆီတိုက်စစ်မှူ း အာနူတိုဗစ်ကိုပေါင် ၂၂.၄ သန်းနဲ့ရောင်းချလိုက်ပြီးနောက် အစားထိုးရမယ့် သူကိုရှာဖွေခဲ့ရပြီး ဟော်လာကို ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့တစ်ပတ်ကဆွေးနွေးမှုတွေအဆင်မပြေဖြစ်ခဲ့သေးလို့ ဝက်စ်ဟမ်းဘက် ကြေးတိုးမြှင့်ကမ်းလှမ်းခဲ့ရတယ်လို့လည်း သိရပါတယ်။

ဝက်စ်ဟမ်းဟာ ဒဏ်ရာမကြာခဏရနေတဲ့ တိုက်စစ်မှူ း ကာရိုးလ်ကိုလက်လွှတ်ခဲ့သလို လူးကက်စ်ပီရက်ဇ်နဲ့လည်းလမ်းခွဲခဲ့ပါတယ်။ ဟော်လာကိုမခေါ်ခင်မှာ ဝက်စ်ဟမ်းဟာ ဆယ်လ်တာဗီဂိုတိုက်စစ်မှူ း မက်ဆီဂိုမက်ဇ်ကို ကမ်းလှမ်းခဲ့သေးတယ်လို့လည်း သိရပါတယ်။ ဂိုမက်ဇ်ဟာအခုဆိုရင် ဗလင်စီယာကိုပြောင်းရွှေ့သွားပြီလို့ သိရပါတယ်။

ပြင်သစ်တိုက်စစ်မှူ းဖြစ်တဲ့ ဟော်လာဟာပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အတွက် ၄၁ ပွဲကစားပြီး ဂိုး ၂၀ သွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ သူ့ကိုမန်ယူအသင်းကလည်း လူကာကူရဲ့နေရာမှာအစားထိုးဖို့ စိတ်ဝင်စားနေတယ်လို့လည်း သိရပါတယ်။