ကရာတေးကန်ချက်နဲ့ ခြေစွမ်းပြလိုက်လို့ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံလိုက်ရတဲ့ ရှော်လ်ကေးဂိုးသမား နူဘယ်

Photo Credit

Photo Credit

ယမန်နေ့က ဘွန်ဒက်စ်လီဂါပွဲစဉ်မှာ ဖရန့်ဖတ်အသင်းကွင်းလယ်လူ မီဂျတ်ဂါစီနိုဗစ်ကို ရှော်လ်ကေးဂိုးသမား အလက်ဇန်းဒါးနူဘယ်က ကရာတေးကန်ချက်နဲ့ ခြေစွမ်းပြ ကြိုဆိုလိုက်လို့ တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခံလိုက်ရပါတယ်။

Photo Credit

ပွဲကစားချိန် ၆၆ မိနစ်မှာ ဂါစီနိုဗစ်က ဘောလုံးနောက်ကို လိုက်နေရင်း နူဘယ်က ရင်ဘတ်ကို ကရာတေးကန်ချက်နဲ့ ကန်လိုက်တာ ဖြစ်ပါတယ်။ အဆိုပါဖြစ်ရပ်မျိုးက ၂၀၁၀ ကမ္ဘာ့ဖလားဖိုင်နယ်မှာလည်း ဖြစ်ပျက်ခဲ့ဖူးပြီး ထိုစဉ်က ဇာဗီအလွန်ဆိုလည်း နီဂျယ်ဒီဂျောင်ရဲ့ကန်တာခံခဲ့ရတာ ဖြစ်ပါတယ်။

Photo Credit

တနင်္ဂနွေနေ့ပွဲစဉ်မှာတော့ ဂါစီနိုဗစ်က မြက်ခင်းပြင်ပေါ်လဲကျသွားခဲ့ပြီး ကွင်းလယ်ဒိုင် ဖီလစ်ဇွာရာက နူဘယ်နဲ့ထိုက်တန်တဲ့ အနီကတ်ကို ချက်ချင်းပြပြီး ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်သားကွင်းလယ်လူကတော့ သူ့ရဲ့ ဒဏ်ရာအခြေအနေနဲ့ပက်သတ်ပြီး သက်သာကြောင်း အင်စတာဂရမ်မှာ ပို့စ်တင်ခဲ့ပါတယ်။

Photo Credit

သူက ယခုလို မတော်တဆ ဖြစ်ပွားခဲ့ပေမယ့် ”ကျွန်တေ်ာ သက်သာပါတယ်။ ဒီဖြစ်ရပ်အတွက် တောင်းပန်ခဲ့တဲ့ နူဘယ်ကိုလည်း ကျေးဇူးတင်ပါတယ်”လိ့ု ပြောပါတယ်။ ဂါစီနိုဗစ်က “ကံမကောင်းစွာနဲ့ပဲ ဘောလုံးကစားနည်းမှာ ဒီလိုအဖြစ်အပျက်တွေ တစ်ခါတရံမှာ ဖြစ်ပွားတတ်ပါတယ်။ နူဘယ်ရေ ချက်ချင်းတောင်းပန်ခဲ့လို့ ကျေးဇူးပါ။ ဘောလုံးမှာ ဒီလိုပဲ ဖြစ်တတ်ပါတယ်။ နံရိုးနားမှာ ဒဏ်ရာအနည်းငယ်ရသွားပေမယ့် ကျွန်တော် အဆင်ပြေပါတယ်။ အားပေးခဲ့တဲ့ မက်ဆေ့ချ်တွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်”လို့ ပို့စ်တင်သွားခဲ့ပါတယ်။

Photo Credit

ရှော်လ်ကေးအသင်းဟာ ၅၃ မိနစ်မှာ ဘီနာတိုရာမန်ရဲ့ သွင်းဂိုးနဲ့ ၁၀ ယောက် ၁၁ ယောက် အနေအထားမှာတောင် ရမှတ် ၃ မှတ်ပြည့် ရယူသွားနိုင်ခဲ့ပါတယ်။ ပရိသတ်တွေကတော့ အဲဒီဖြစ်ရပ်နဲ့ပတ်သက်လို့ နူဘယ်ကို ပြင်းထန်စွာဝေဖန်ခဲ့ပါတယ်။

Photo Credit

”ရှော်လ်ကေးဂိုးသမားကို အနီကတ်လောက်နဲ့ပဲ အပြစ်မပေးသင့်ဘူး။ သူ့ကို ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ အမှုဖွင့်သင့်ပါတယ်”။ ”ရှော်လ်ကေးဂိုးသမားရဲ့ပြစ်ဒဏ်ကျူးလွန်မှုကတော့ တကယ်လို့ လမ်းဘေးမှာကျူးလွန်တယ်ဆိုရင် ထောင်ကျမယ့်အပြစ်ပါ”လို့ ပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။

Video Credit

Zawgyi

ကရာေတးကန္ခ်က္နဲ႔ ေျခစြမ္းျပလိုက္လို႔ တိုက္ရိုက္အနီကတ္နဲ႔ ထုတ္ပယ္ခံလိုက္ရတဲ့ ေရွာ္လ္ေကးဂိုးသမား ႏူဘယ္

ယမန္ေန႔က ဘြန္ဒက္စ္လီဂါပြဲစဥ္မွာ ဖရန္႔ဖတ္အသင္းကြင္းလယ္လူ မီဂ်တ္ဂါစီႏိုဗစ္ကို ေရွာ္လ္ေကးဂိုးသမား အလက္ဇန္းဒါးႏူဘယ္က ကရာေတးကန္ခ်က္နဲ႔ ေျခစြမ္းျပ ႀကိဳဆိုလိုက္လို႔ တိုက္ရိုက္အနီကဒ္ျပ ထုတ္ပယ္ခံလိုက္ရပါတယ္။
ပြဲကစားခ်ိန္ ၆၆ မိနစ္မွာ ဂါစီႏိုဗစ္က ေဘာလံုးေနာက္ကို လိုက္ေနရင္း ႏူဘယ္က ရင္ဘတ္ကို ကရာေတးကန္ခ်က္နဲ႔ ကန္လိုက္တာ ျဖစ္ပါတယ္။ အဆိုပါျဖစ္ရပ္မ်ိဳးက ၂၀၁၀ ကမၻာ့ဖလားဖိုင္နယ္မွာလည္း ျဖစ္ပ်က္ခဲ့ဖူးၿပီး ထုိစဥ္က ဇာဗီအလြန္ဆိုလည္း နီဂ်ယ္ဒီေဂ်ာင္ရဲ႕ကန္တာခံခဲ့ရတာ ျဖစ္ပါတယ္။
တနဂၤေႏြေန႔ပြဲစဥ္မွာေတာ့ ဂါစီႏိုဗစ္က ျမက္ခင္းျပင္ေပၚလဲက်သြားခဲ့ၿပီး ကြင္းလယ္ဒိုင္ ဖီလစ္ဇြာရာက ႏူဘယ္နဲ႔ထိုက္တန္တဲ့ အနီကတ္ကို ခ်က္ခ်င္းျပၿပီး ထုတ္ပယ္ခဲ့တာ ျဖစ္ပါတယ္။ အသက္ ၂၄ ႏွစ္သားကြင္းလယ္လူကေတာ့ သူ႕ရဲ႕ ဒဏ္ရာအေျခအေနနဲ႔ပက္သတ္ၿပီး သက္သာေၾကာင္း အင္စတာဂရမ္မွာ ပို႔စ္တင္ခဲ့ပါတယ္။
သူက ယခုလို မေတာ္တဆ ျဖစ္ပြားခဲ့ေပမယ့္ ”ကၽြန္ေတ္ာ သက္သာပါတယ္။ ဒီျဖစ္ရပ္အတြက္ ေတာင္းပန္ခဲ့တဲ့ ႏူဘယ္ကိုလည္း ေက်းဇူးတင္ပါတယ္”လိ႔ု ေျပာပါတယ္။
ဂါစီႏိုဗစ္က “ကံမေကာင္းစြာနဲ႔ပဲ ေဘာလံုးကစားနည္းမွာ ဒီလိုအျဖစ္အပ်က္ေတြ တစ္ခါတရံမွာ ျဖစ္ပြားတတ္ပါတယ္။ ႏူဘယ္ေရ ခ်က္ခ်င္းေတာင္းပန္ခဲ့လို႔ ေက်းဇူးပါ။ ေဘာလံုးမွာ ဒီလိုပဲ ျဖစ္တတ္ပါတယ္။ နံရိုးနားမွာ ဒဏ္ရာအနည္းငယ္ရသြားေပမယ့္ ကၽြန္ေတာ္ အဆင္ေျပပါတယ္။ အားေပးခဲ့တဲ့ မက္ေဆ့ခ်္ေတြ အားလံုးအတြက္ ေက်းဇူးတင္ပါတယ္”လို႔ ပို႔စ္တင္သြားခဲ့ပါတယ္။
ေရွာ္လ္ေကးအသင္းဟာ ၅၃ မိနစ္မွာ ဘီနာတိုရာမန္ရဲ႕ သြင္းဂိုးနဲ႔ ၁၀ ေယာက္ ၁၁ ေယာက္ အေနအထားမွာေတာင္ ရမွတ္ ၃ မွတ္ျပည့္ ရယူသြားႏိုင္ခဲ့ပါတယ္။ ပရိသတ္ေတြကေတာ့ အဲဒီျဖစ္ရပ္နဲ႔ပတ္သက္လုိ႔ ႏူဘယ္ကို ျပင္းထန္စြာေ၀ဖန္ခဲ့ပါတယ္။
”ေရွာ္လ္ေကးဂိုးသမားကို အနီကတ္ေလာက္နဲ႔ပဲ အျပစ္မေပးသင့္ဘူး။ သူ႕ကို ကုိယ္ထိလက္ေရာက္ေစာ္ကားမႈနဲ႔ အမႈဖြင့္သင့္ပါတယ္”။ ”ေရွာ္လ္ေကးဂိုးသမားရဲ႕ျပစ္ဒဏ္က်ဴးလြန္မႈကေတာ့ တကယ္လုိ႔ လမ္းေဘးမွာက်ဴးလြန္တယ္ဆုိရင္ ေထာင္က်မယ့္အျပစ္ပါ”လုိ႔ ပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။