
Photo Credit
Photo Credit ; PA
စီးတီးအသင္းနည္းျပ ဂြါဒီယိုလာက ကမၻာ့ေဘာလုံးေလာကရဲ႕အေကာင္းဆုံးနည္းျပအျဖစ္ မဲေပးေရြးခ်ယ္တဲ့ပရိသတ္စုစုေပါင္းရဲ႕ ထက္၀က္ေက်ာ္မဲရရရွိကာ ထိပ္ဆုံးကေန ရပ္တည္ႏိုင္ခဲ့ပါတယ္။
Photo Credit
SPORTbible က သူတုိ႔ရဲ႕တရား၀င္တြစ္တာအေကာင့္ကေန စပိန္ႏုိင္ငံသား ဂြါဒီယိုလာ၊ လီဗာပူးနည္းျပ ကေလာ့ပ္၊ ရီးရဲလ္နည္းျပဇီဒန္းနဲ႔ ေအဂ်က္စ္အသင္းနည္းျပ အဲရစ္တန္ဟက္တုိ႔ထဲကမွ ဘယ္သူ ကမၻာ့အေကာင္းဆုံးနည္းျပျဖစ္လဲဆုိတာ ပရိသတ္ေတြကို မဲေပးေရြးခ်ယ္ေစခဲ့တာျဖစ္ပါတယ္။

Photo Credit ; PA
အဲဒီမွာ အသက္ ၄၈ႏွစ္အရြယ္ရွိ ဂြါဒီယိုလာက မဲဆႏၵစုစုေပါင္းရဲ႕ ၆၂%အထိရရွိကာ အေကာင္းဆုံးနည္းျပအျဖစ္ မွတ္တမ္းတင္ႏိုင္ခဲ့တာျဖစ္ၿပီး သူ႕ေနာက္မွာ ကေလာ့ပ္က ၂၇%နဲ႔ ဒုတိယ၊ တန္ဟက္က ၉%နဲ႔ တတိယနဲ႔ ဇီဒန္းက ၂% စတုတၳေနရာမွာ အသီးသီးရပ္တည္ခဲ့ပါတယ္။
Photo Credit ; AFP
အထူးသျဖင့္ ရီးရဲလ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလား ၃ႏွစ္ဆက္ရယူခဲ့ဖူးတဲ့ ဇီဒန္းဟာ အခုစာရင္းမွာေတာ့ စိတ္ပ်က္ဖြယ္ေကာင္းေလာက္ေအာင္ ၂%ပဲ ဆႏၵမဲရရွိခဲ့ၿပီး အထူးသျဖင့္ ယခုေႏြရာသီေျခစမ္းပြဲေတြမွာ ရလဒ္ေတြဆုိးရြားေနတာက အဓိကအခ်က္အျဖစ္ ပါ၀င္လာႏုိင္ေၾကာင္း သိရပါတယ္။
Photo Credit ; AP
ဂြါဒီယိုလာဟာ အသင္းေဟာင္း ဘာစီလုိနာဘီအသင္းနဲ႔အတူ ပေရာ္ဖက္ရွင္နယ္နည္းျပဘ၀ကို စတင္ခဲ့သူျဖစ္ၿပီး အဲဒီေနာက္ ၂၀၀၈ ခုႏွစ္မွာ ဘာစီလိုနာအသင္းႀကီးနည္းျပအျဖစ္ ရာထူးတုိးျမႇင့္ျခင္းခံခဲ့ရပါတယ္။
Photo Credit ; Getty Images
အဲဒီေနာက္မွာေတာ့ သူဟာ ေအာင္ျမင္မႈေတြအမ်ားအျပားရယူႏိုင္ခဲ့ၿပီး ၂၀၁၂ မွာ ဘာစီလုိနာအသင္းကေန မထြက္ခြာခင္ အသင္းနဲ႔အတူ လာလီဂါဖလား ၃ႀကိမ္၊ စပိန္ဘုရင့္ဖလား ၂ႀကိမ္၊ စပိန္စူပါဖလား ၃ႀကိမ္၊ ခ်န္ပီယံလိဂ္ဖလား ၂ႀကိမ္၊ ဥေရာပစူပါဖလား ၂ႀကိမ္နဲ႔ ဖီဖာကလပ္ကမၻာ့ဖလား ၂ႀကိမ္အသီးသီးရရွိခဲ့ပါတယ္။
Photo Credit ; Getty Images
သူဟာ ၂၀၁၃ ခုႏွစ္မွာေတာ့ ဘုိင္ယန္ျမဴးနစ္နည္းျပအျဖစ္ ဘြန္ဒက္စ္လီဂါခ်န္ပီယံဆု ၃ႀကိမ္ဆက္ရရွိခဲ့သလို ျပည္တြင္းေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ သူဟာ ၂၀၁၆ မွာေတာ့ စီးတီးအသင္းကို စတင္ကိုင္တြယ္ခဲ့ၿပီး အဂၤလိပ္ေဘာလုံးေလာကကို လႊမ္းမုိးႏိုင္တဲ့အသင္းအျဖစ္ စီးတီးကို ေျပာင္းလဲႏိုင္ခဲ့ပါတယ္။
Photo Credit ; Sky Sports
Unicode
ကမ္ဘာ့အကောင်းဆုံးနည်းပြအဖြစ် စီးတီးနည်းပြ ဂွါဒီယိုလာ ခြွင်းချက်မရှိရွေးချယ်ခံရ
စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးနည်းပြအဖြစ် မဲပေးရွေးချယ်တဲ့ပရိသတ်စုစုပေါင်းရဲ့ ထက်ဝက်ကျော်မဲရရရှိကာ ထိပ်ဆုံးကနေ ရပ်တည်နိုင်ခဲ့ပါတယ်။
SPORTbible က သူတို့ရဲ့တရားဝင်တွစ်တာအကောင့်ကနေ စပိန်နိုင်ငံသား ဂွါဒီယိုလာ၊ လီဗာပူးနည်းပြ ကလော့ပ်၊ ရီးရဲလ်နည်းပြဇီဒန်းနဲ့ အေဂျက်စ်အသင်းနည်းပြ အဲရစ်တန်ဟက်တို့ထဲကမှ ဘယ်သူ ကမ္ဘာ့အကောင်းဆုံးနည်းပြဖြစ်လဲဆိုတာ ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာဖြစ်ပါတယ်။
အဲဒီမှာ အသက် ၄၈နှစ်အရွယ်ရှိ ဂွါဒီယိုလာက မဲဆန္ဒစုစုပေါင်းရဲ့ ၆၂%အထိရရှိကာ အကောင်းဆုံးနည်းပြအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပြီး သူ့နောက်မှာ ကလော့ပ်က ၂၇%နဲ့ ဒုတိယ၊ တန်ဟက်က ၉%နဲ့ တတိယနဲ့ ဇီဒန်းက ၂% စတုတ္ထနေရာမှာ အသီးသီးရပ်တည်ခဲ့ပါတယ်။
အထူးသဖြင့် ရီးရဲလ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ၃နှစ်ဆက်ရယူခဲ့ဖူးတဲ့ ဇီဒန်းဟာ အခုစာရင်းမှာတော့ စိတ်ပျက်ဖွယ်ကောင်းလောက်အောင် ၂%ပဲ ဆန္ဒမဲရရှိခဲ့ပြီး အထူးသဖြင့် ယခုနွေရာသီခြေစမ်းပွဲတွေမှာ ရလဒ်တွေဆိုးရွားနေတာက အဓိကအချက်အဖြစ် ပါဝင်လာနိုင်ကြောင်း သိရပါတယ်။
ဂွါဒီယိုလာဟာ အသင်းဟောင်း ဘာစီလိုနာဘီအသင်းနဲ့အတူ ပရော်ဖက်ရှင်နယ်နည်းပြဘဝကို စတင်ခဲ့သူဖြစ်ပြီး အဲဒီနောက် ၂၀၀၈ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးနည်းပြအဖြစ် ရာထူးတိုးမြှင့်ခြင်းခံခဲ့ရပါတယ်။
အဲဒီနောက်မှာတော့ သူဟာ အောင်မြင်မှုတွေအများအပြားရယူနိုင်ခဲ့ပြီး ၂၀၁၂ မှာ ဘာစီလိုနာအသင်းကနေ မထွက်ခွာခင် အသင်းနဲ့အတူ လာလီဂါဖလား ၃ကြိမ်၊ စပိန်ဘုရင့်ဖလား ၂ကြိမ်၊ စပိန်စူပါဖလား ၃ကြိမ်၊ ချန်ပီယံလိဂ်ဖလား ၂ကြိမ်၊ ဥရောပစူပါဖလား ၂ကြိမ်နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၂ကြိမ်အသီးသီးရရှိခဲ့ပါတယ်။
သူဟာ ၂၀၁၃ ခုနှစ်မှာတော့ ဘိုင်ယန်မြူးနစ်နည်းပြအဖြစ် ဘွန်ဒက်စ်လီဂါချန်ပီယံဆု ၃ကြိမ်ဆက်ရရှိခဲ့သလို ပြည်တွင်းအောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ သူဟာ ၂၀၁၆ မှာတော့ စီးတီးအသင်းကို စတင်ကိုင်တွယ်ခဲ့ပြီး အင်္ဂလိပ်ဘောလုံးလောကကို လွှမ်းမိုးနိုင်တဲ့အသင်းအဖြစ် စီးတီးကို ပြောင်းလဲနိုင်ခဲ့ပါတယ်။