ကမၻာ့လုပ္ခလစာအမ်ားဆုံးရဂိုးသမားျဖစ္လာေတာ့မယ့္ ဒီဂီယာ

Photo Credit ; Getty Images

Photo Credit ; Getty Images

ယူႏိုက္တက္အသင္းဂိုးသမား ဒီဂီယာဟာ အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိေတာ့မွာျဖစ္ရာ ကမၻာ့လုပ္ခလစာအမ်ားဆုံးရဂိုးသမားအျဖစ္ ရပ္တည္ႏိုင္ေတာ့မွာျဖစ္ေၾကာင္း သိရပါတယ္။ စပိန္လက္ေရြးစင္ ဒီဂီယာဟာ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္း အနာဂတ္မေသမခ်ာျဖစ္ခဲ့ၿပီး ယူႏုိက္တက္က သူ႕ကို အသင္းမွာ ကာလရွည္ဆက္ထိန္းႏိုင္ဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။
ဒီဂီယာရဲ႕လက္ရွိစာခ်ဳပ္သက္တမ္းက ၂၀၂၀ ေႏြရာသီမွာ ကုန္ဆုံးေတာ့မွာျဖစ္ေပမယ့္ မၾကာခင္ အသင္းနဲ႔ ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆုိေတာ့မွာျဖစ္လုိ႔ ကမၻာ့လုပ္ခလစာအမ်ားဆုံးရဂုိးသမားအျဖစ္လည္း မွတ္တမ္းတင္ႏုိင္ေတာ့မွာျဖစ္ပါတယ္။ အသက္ ၂၈ႏွစ္အရြယ္ရွိ ဒီဂီယာဟာ ယူႏုိက္တက္မွာ တစ္ပတ္လုပ္ခလစာ ေပါင္ ၅သိန္းရရွိေနတဲ့ တုိက္စစ္မွဴး ဆန္းခ်က္ဇ္အတုိင္း လစာရရွိလုိေနတာျဖစ္ပါတယ္။

Photo Credit ; Getty Images

ဒါေပမဲ့ ယူႏုိက္တက္အသင္းတာ၀န္ရွိသူေတြက အဲဒီလုပ္ခလစာအတုိင္း ေပးေခ်ဖို႔ အဆင္မေျပျဖစ္ေနၿပီး ဒီဂီယာကို တစ္ပတ္လုပ္ခ ေပါင္ ၃၇၅၀၀၀ နဲ႔ ကမ္းလွမ္းထားပါတယ္။ ဒီဂီယာဟာ ၾသစေၾတးလ်နဲ႔အာရွေဒသထြက္ လွည့္လွည္သြားေနတဲ့ အသင္းရဲ႕ရာသီႀကိဳေျခစမ္းပြဲခရီးစဥ္ကအျပန္ ရာသီသစ္မစတင္ခင္ အသင္းနဲ႔စာခ်ဳပ္သစ္ခ်ဳပ္ဆုိမွာျဖစ္ၿပီး ယခင္က ရီးရဲလ္နဲ႔ပီအက္စ္ဂ်ီတို႔ရဲ႕ဆက္သြယ္ခ်ဥ္းကပ္ျခင္းခံခဲ့ရပါတယ္။

Photo Credit ; Getty Images

သူဟာ ယူႏုိက္တက္နဲ႔ ၅ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုမွာျဖစ္ၿပီး ၂၀၂၄ ေရာက္မွ သက္တမ္းကုန္ဆုံးမွာျဖစ္လုိ႔ အဲဒီကာလအထိ ယူႏုိက္တက္မွာ ဒီဂီယာ ဆက္ကစားမယ္ဆိုရင္ သူလည္း အသင္းနဲ႔အတူ ၁၃ႏွစ္အထိ ျဖတ္သန္းရမွာျဖစ္ပါတယ္။ ဒီဂီယာဟာ ၂၀၁၅ ေႏြရာသီက ရီးရဲလ္ကို ေရာက္ဖို႔ အေတာ္ေလးနီးစပ္ခဲ့ၿပီး စာရြက္စာတမ္းကိစၥအခ်ိန္မီမၿပီးစီးခဲ့လို႔သာ အေျပာင္းအေရႊ႕ပ်က္သြားခဲ့တာျဖစ္ပါတယ္။

Photo Credit ; Getty Images

Unicode

ကမ္ဘာ့လုပ်ခလစာအများဆုံးရဂိုးသမားဖြစ်လာတော့မယ့် ဒီဂီယာ

ယူနိုက်တက်အသင်းဂိုးသမား ဒီဂီယာဟာ အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်ရာ ကမ္ဘာ့လုပ်ခလစာအများဆုံးရဂိုးသမားအဖြစ် ရပ်တည်နိုင်တော့မှာဖြစ်ကြောင်း သိရပါတယ်။ စပိန်လက်ရွေးစင် ဒီဂီယာဟာ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အနာဂတ်မသေမချာဖြစ်ခဲ့ပြီး ယူနိုက်တက်က သူ့ကို အသင်းမှာ ကာလရှည်ဆက်ထိန်းနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။
ဒီဂီယာရဲ့လက်ရှိစာချုပ်သက်တမ်းက ၂၀၂၀ နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပေမယ့် မကြာခင် အသင်းနဲ့ ၅နှစ်စာချုပ်သစ်ချုပ်ဆိုတော့မှာဖြစ်လို့ ကမ္ဘာ့လုပ်ခလစာအများဆုံးရဂိုးသမားအဖြစ်လည်း မှတ်တမ်းတင်နိုင်တော့မှာဖြစ်ပါတယ်။ အသက် ၂၈နှစ်အရွယ်ရှိ ဒီဂီယာဟာ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခလစာ ပေါင် ၅သိန်းရရှိနေတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်အတိုင်း လစာရရှိလိုနေတာဖြစ်ပါတယ်။
ဒါပေမဲ့ ယူနိုက်တက်အသင်းတာဝန်ရှိသူတွေက အဲဒီလုပ်ခလစာအတိုင်း ပေးချေဖို့ အဆင်မပြေဖြစ်နေပြီး ဒီဂီယာကို တစ်ပတ်လုပ်ခ ပေါင် ၃၇၅၀၀၀ နဲ့ ကမ်းလှမ်းထားပါတယ်။ ဒီဂီယာဟာ သြစတြေးလျနဲ့အာရှဒေသထွက် လှည့်လှည်သွားနေတဲ့ အသင်းရဲ့ရာသီကြိုခြေစမ်းပွဲခရီးစဉ်ကအပြန် ရာသီသစ်မစတင်ခင် အသင်းနဲ့စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီး ယခင်က ရီးရဲလ်နဲ့ပီအက်စ်ဂျီတို့ရဲ့ဆက်သွယ်ချဉ်းကပ်ခြင်းခံခဲ့ရပါတယ်။
သူဟာ ယူနိုက်တက်နဲ့ ၅နှစ်စာချုပ်သစ်ချုပ်ဆိုမှာဖြစ်ပြီး ၂၀၂၄ ရောက်မှ သက်တမ်းကုန်ဆုံးမှာဖြစ်လို့ အဲဒီကာလအထိ ယူနိုက်တက်မှာ ဒီဂီယာ ဆက်ကစားမယ်ဆိုရင် သူလည်း အသင်းနဲ့အတူ ၁၃နှစ်အထိ ဖြတ်သန်းရမှာဖြစ်ပါတယ်။ ဒီဂီယာဟာ ၂၀၁၅ နွေရာသီက ရီးရဲလ်ကို ရောက်ဖို့ အတော်လေးနီးစပ်ခဲ့ပြီး စာရွက်စာတမ်းကိစ္စအချိန်မီမပြီးစီးခဲ့လို့သာ အပြောင်းအရွှေ့ပျက်သွားခဲ့တာဖြစ်ပါတယ်။