ကမၻာ့စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္သန္း ၂၅၀ သံုးႏိုင္ရင္ေတာ့ ဟယ္ရီကိန္းကို ရမယ္တဲ့

Photo Credit

 

Photo Credit

ေတာ့တင္ဟမ္အသင္းဟာ သူတုိ႔ရဲ႕အဓိကတုိက္စစ္မွဴး ဟယ္ရီကိန္းကို အသင္းမွာ ဆက္ထိန္းထားႏုိင္ေရးအတြက္ အသင္းႀကီးေတြရဲ႕ဆြဲေဆာင္မႈကေန လြတ္ေျမာက္ဖုိ႔ အဲဒီကစားသမားရဲ႕တန္ဖုိးကို ေပါင္သန္း ၂၅၀ အထိသတ္မွတ္လုိက္ေၾကာင္း သိရပါတယ္။

Photo Credit

ေတာ့တင္ဟမ္အတြက္ ပထမဆုံးပြဲထြက္ကစားၿပီးခ်ိန္ကတည္းက အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၆၉ ဂိုးသြင္းယူေပးထားတဲ့ ဟယ္ရီကိန္းဟာ မၾကာေသးခင္ကမွ ေအာင္ျမင္မႈဆုဖလားေတြရယူလုိေၾကာင္း လူသိရွင္ၾကားဖြင့္ဟခ့ဲရာ အသင္းဥကၠ႒ လီဗိုင္းအတြက္ စုိးရိမ္စရာျဖစ္ခဲ့ပါတယ္။

Photo Credit

The Telegraph သတင္းစာရဲ႕ေဖာ္ျပခ်က္အရ ယခုရာသီမွာ ဖလားလက္မဲ့ထပ္မျဖစ္ဖို႔ အေကာင္းဆုံးအခြင့္အေရးျဖစ္တဲ့ ကာရာေဘာင္ဖလားၿပိဳင္ပြဲကေန ေစာစီးစြာထြက္ခဲ့ရၿပီးေနာက္ လီဗုိင္းက လာလီဂါအင္အားႀကီးကလပ္ေတြျဖစ္တဲ့ ဘာစီလုိနာနဲ႔ ရီးရဲလ္မက္ဒရစ္တုိ႔ရဲ႕စည္း႐ုံးမႈကေန လြတ္ေျမာက္ေအာင္ ဟယ္ရီကိန္းကို ေပါင္သန္း ၂၅၀ရမွ လက္လႊတ္ခံမယ္လုိ႔ သိရပါတယ္။

Photo Credit

ေတာ့တင္ဟမ္ဟာ ၿပီးခဲ့တဲ့ရာသီက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအထိ တက္ေရာက္ႏုိင္ခဲ့ေပမယ့္ ဒီရာသီမွာေတာ့ တာထြက္ေႏွးေနၿပီး ပြဲစဥ္ ၆အၿပီးမွာ ဗီလာနဲ႔ ပဲေလ့စ္တုိ႔ကိုသာ အႏိုင္ရထားသလို နယူးကာဆယ္ကို အိမ္ကြင္း၊ လက္စတာကို အေ၀းကြင္းေတြမွာ အသီးသီးအေရးနိမ့္ထားပါတယ္။

Photo Credit

သူတုိ႔ဟာ လက္စတာနဲ႔ပြဲမွာ ဟယ္ရီကိန္းရဲ႕ဂုိးနဲ႔အတူ ဦးေဆာင္ႏိုင္ၿပီးမွ ၂-၁ ဂိုးနဲ႔အေရးနိမ့္ခဲ့ရတာျဖစ္သလုိ အာဆင္နယ္နဲ႔လန္ဒန္ဒါဘီပြဲ၊ အိုလံပီယာကို႔စ္နဲ႔ခ်န္ပီယံလိဂ္အေ၀းကြင္းပြဲေတြမွာလည္း ၂ဂိုးအသာနဲ႔ဦးေဆာင္ႏိုင္ၿပီးမွ ပြဲအၿပီးမွာ ၂-၂ ဂိုးသေရရလဒ္ေတြ ထြက္ေပၚခဲ့ပါတယ္။

Photo Credit

ေတာ့တင္ဟမ္ဟာ ၿပီးခဲ့တ့ဲအဂၤါေန႔ကလည္း လိဂ္-၁ ကလပ္ ကိုလ္ခ်က္စတာကို ပင္နယ္တီအဆုံးအျဖတ္နဲ႔အေရးနိမ့္ခဲ့ရာ တတိယအဆင့္ကေနပဲ အိမ္ျပန္ခဲ့ရၿပီး ဖလားလက္မဲ့ထပ္မျဖစ္ေစဖို႔ ႐ုန္းကစားရေတာ့မွာျဖစ္ပါတယ္။

Photo Credit ; AFP / Getty Images

ေပါင္သန္း ၂၅၀ဆုိတာက ဟယ္ရီကိန္းကို ကမၻာ့ေျပာင္းေရႊ႕ေၾကးအမ်ားဆုံးကစားသမားအျဖစ္ လြယ္ကူစြာရပ္တည္ေစႏုိင္မွာျဖစ္ၿပီး လက္ရွိစံခ်ိန္ထက္ ေပါင္သန္း ၅၀ ေက်ာ္ပိုမ်ားသလုိ သူ႕ကို ေခၚယူလုိတဲ့အသင္းေတြအတြက္လည္း လက္တြန္႔သြားေစႏိုင္တဲ့ေျပာင္းေရႊ႕ေၾကးပမာဏျဖစ္ပါတယ္။

Photo Credit

Unicode

ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၂၅၀ သုံးနိုင်ရင်တော့ ဟယ်ရီကိန်းကို ရမယ်တဲ့

တော့တင်ဟမ်အသင်းဟာ သူတို့ရဲ့အဓိကတိုက်စစ်မှူး ဟယ်ရီကိန်းကို အသင်းမှာ ဆက်ထိန်းထားနိုင်ရေးအတွက် အသင်းကြီးတွေရဲ့ဆွဲဆောင်မှုကနေ လွတ်မြောက်ဖို့ အဲဒီကစားသမားရဲ့တန်ဖိုးကို ပေါင်သန်း ၂၅၀ အထိသတ်မှတ်လိုက်ကြောင်း သိရပါတယ်။
တော့တင်ဟမ်အတွက် ပထမဆုံးပွဲထွက်ကစားပြီးချိန်ကတည်းက အသင်းအတွက် ပြိုင်ပွဲစုံ ၁၆၉ ဂိုးသွင်းယူပေးထားတဲ့ ဟယ်ရီကိန်းဟာ မကြာသေးခင်ကမှ အောင်မြင်မှုဆုဖလားတွေရယူလိုကြောင်း လူသိရှင်ကြားဖွင့်ဟခဲ့ရာ အသင်းဥက္ကဋ္ဌ လီဗိုင်းအတွက် စိုးရိမ်စရာဖြစ်ခဲ့ပါတယ်။
The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ ယခုရာသီမှာ ဖလားလက်မဲ့ထပ်မဖြစ်ဖို့ အကောင်းဆုံးအခွင့်အရေးဖြစ်တဲ့ ကာရာဘောင်ဖလားပြိုင်ပွဲကနေ စောစီးစွာထွက်ခဲ့ရပြီးနောက် လီဗိုင်းက လာလီဂါအင်အားကြီးကလပ်တွေဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့စည်းရုံးမှုကနေ လွတ်မြောက်အောင် ဟယ်ရီကိန်းကို ပေါင်သန်း ၂၅၀ရမှ လက်လွှတ်ခံမယ်လို့ သိရပါတယ်။
တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ တာထွက်နှေးနေပြီး ပွဲစဉ် ၆အပြီးမှာ ဗီလာနဲ့ ပဲလေ့စ်တို့ကိုသာ အနိုင်ရထားသလို နယူးကာဆယ်ကို အိမ်ကွင်း၊ လက်စတာကို အဝေးကွင်းတွေမှာ အသီးသီးအရေးနိမ့်ထားပါတယ်။
သူတို့ဟာ လက်စတာနဲ့ပွဲမှာ ဟယ်ရီကိန်းရဲ့ဂိုးနဲ့အတူ ဦးဆောင်နိုင်ပြီးမှ ၂-၁ ဂိုးနဲ့အရေးနိမ့်ခဲ့ရတာဖြစ်သလို အာဆင်နယ်နဲ့လန်ဒန်ဒါဘီပွဲ၊ အိုလံပီယာကို့စ်နဲ့ချန်ပီယံလိဂ်အဝေးကွင်းပွဲတွေမှာလည်း ၂ဂိုးအသာနဲ့ဦးဆောင်နိုင်ပြီးမှ ပွဲအပြီးမှာ ၂-၂ ဂိုးသရေရလဒ်တွေ ထွက်ပေါ်ခဲ့ပါတယ်။
တော့တင်ဟမ်ဟာ ပြီးခဲ့တဲ့အင်္ဂါနေ့ကလည်း လိဂ်-၁ ကလပ် ကိုလ်ချက်စတာကို ပင်နယ်တီအဆုံးအဖြတ်နဲ့အရေးနိမ့်ခဲ့ရာ တတိယအဆင့်ကနေပဲ အိမ်ပြန်ခဲ့ရပြီး ဖလားလက်မဲ့ထပ်မဖြစ်စေဖို့ ရုန်းကစားရတော့မှာဖြစ်ပါတယ်။
ပေါင်သန်း ၂၅၀ဆိုတာက ဟယ်ရီကိန်းကို ကမ္ဘာ့ပြောင်းရွှေ့ကြေးအများဆုံးကစားသမားအဖြစ် လွယ်ကူစွာရပ်တည်စေနိုင်မှာဖြစ်ပြီး လက်ရှိစံချိန်ထက် ပေါင်သန်း ၅၀ ကျော်ပိုများသလို သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေအတွက်လည်း လက်တွန့်သွားစေနိုင်တဲ့ပြောင်းရွှေ့ကြေးပမာဏဖြစ်ပါတယ်။