ကမ္ဘာ့ ဖလား ခြေစစ်ပွဲမှာ သရေကျပြီးနောက် ဓါတ်ပုံတွဲရိုက်ဖို့ လာချဥ်းကပ်တဲ့ ပရိတ်သတ်ကို ရင်ဘတ်က တွန်းထုတ်ခဲ့တဲ့ ဗန်ဒိုက်

👉 Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

နောက်ခံလူ ဗန်ဒိုက်ဟာ မနေ့ညက ကစားခဲ့ကြတဲ့ နယ်သာလန် နဲ့ နော်ဝေးတို့ရဲ့ ကမ္ဘာ့ဖလား ခြေစစ် ပွဲစဥ်မှာ (၁-၁) သရေကျပြီးနောက် အင်တာဗျူး ဖြေချိန်မှာ ဓါတ်ပုံ တွဲရိုက်ဖို့ လာတဲ့ ပရိသတ်ကို ရင်ဘတ်ကနေ တွန်းထုတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

အုပ်စု (G) ရဲ့ ပွဲစဥ် ဖြစ်တဲ့ နယ်သာလန်အသင်း နဲ့ နော်ဝေးအသင်းတို့ရဲ့ ပွဲစဥ်ဟာ တစ်နည်းအားဖြင့် ပြောရရင် နယ်သာလန် နောက်ခံလူ ဗန်ဒိုက် နဲ့ နော်ဝေး တိုက်စစ်မှုး ဟာလန်းတို့ရဲ့ အားပြိုင်မှု ဖြစ်ပြီး သူတို့နှစ်ဦးရဲ့(၃)ကြိမ်မြောက်တွေ့ဆုံမှုပါ။

နယ်သာလန်အသင်းဟာ ပွဲချိန် (၂၀) မိနစ်မှာတင် ဟာလန်းရဲ့ သွင်းဂိုးကို အရင် စခွင့်ပြုခဲ့ပေမယ့် (၁၆) မိနစ် အကြာ (၃၆) မိနစ်မှာ ကလာဆန်ရဲ့ ချေပဂိုးကို ပြန်လည် ရရှိနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ သွင်းဂိုးမပေါ်လို့ (၁-၁) သရေနဲ့ ပွဲပြီးခဲ့ပါတယ်။

မနေ့ညက အခြား အုပ်စု (G) ပွဲစဥ်မှာ တူရကီ နဲ့ မွန်တီနီဂရိုးတို့က (၂-၂) သရေကျခဲ့လို့ နယ်သာလန်ကသာ နော်ဝေးအသင်းကို အနိုင်ရမယ်ဆိုရင် အုပ်စု (G) မှာ အုပ်စုဗိုလ် ဖြစ်နိုင်ပေမယ့် အုပ်စုဗိုလ် ဖြစ်နိုင်မယ့် အခွင့်ရေးကို ဆုံးရှုံးခဲ့တာပါ။

နယ်သာဟန် အသင်းခေါင်းဆောင် ဗန်ဒိုက်ဟာ ပွဲချိန် (၄၆) မိနစ်မှာ ကွင်းဘေး ခဏ ထွက်သွားပြီး သူ့ရဲ့ လက်ချောင်းကို ကုသမှု ခံယူခဲ့တာ​​ကြောင့် မနေ့ညက ပွဲစဥ်မှာ သူ့ရဲ့ လက်ချောင်းကို ခေါက်မိတာ ဖြစ်လိမ့်မယ်လို့ သတင်း ထွက်နေပါတယ်။

ဗဟို ခံစစ်မှုး ဗန်ဒိုက်ကတော့ (၁-၁) သရေ ရလဒ်နဲ့ ပြီးဆုံးခဲ့တဲ့ နယ်သာလန် နဲ့ နော်ဝေးတို့ရဲ့ ပွဲစဥ် ပြီးနောက် အင်တာဗျူး ​ဖြေနေချိန်မှာ ဓါတ်ပုံတွဲရိုက်ဖို့ လာချဥ်းကပ်တဲ့ ပရိသတ် တစ်ယောက်ကို ဓါတ်ပုံတွဲရိုက်ဖို့ လက်မခံဘဲ တွန်းထုတ်ခဲ့တာပါ။

လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်ဟာ ဓါတ်ပုံတွဲရိုက်ဖို့ လာချဥ်းကပ်တဲ့ ပရိသတ်ကို တွန်းထုတ်ပြီးနောက် အင်တာဗျူးကို ဆက်လက် ဖြေသွားခဲ့ပြီး သူ့ရဲ့ အပြုအမှုကတော့ ပြည်ပ သတင်းစာတွေရဲ့ ပြောချင်စရာ အပြုအမှု တစ်ခု ဖြစ်ခဲ့ရပါတယ်။

နည်းပြ ဗန်ဟားလ်ရဲ့ နယ်သာလန်အသင်းဟာ ယခုအပတ်မှာ မွန်တီနီဂရိုးအသင်းနဲ့ ကစားရမှာ ဖြစ်တာကြောင့် နိုင်ပွဲ ပြန်လည် ရရှိနိုင်ချေ ရှိပြီး လက်ရှိမှာတော့ ခြေစစ်ပွဲစဥ် (၄) ပွဲ ကစားရာမှာ ရမှတ် (၇) မှတ်နဲ့ အဆင့် (၂) ရရှိနေပါတယ်။

👉 Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi








