
Photo Credit
Photo Credit
ဘိုင်ယန်ကွင်းလယ်လူ ကော်တင်ညိုဟာ စနေညက ဝါဒါဘရီမင်ကို အနိုင်ရရှိခဲ့တဲ့ပွဲမှာ သူ့ရဲ့ကမ္ဘာ့အဆင့်စွမ်းဆောင်ရည်ကို ပြသရင်း ဟက်ထရစ်ရှင်ဘွဲ့ပါ ခံယူသွားပါတယ်။ ဘိုင်ယန်ဟာ အဲဒီပွဲမှာ ဝါဒါဘရီမင်ကို နောက်ကနေ လိုက်ကစားခဲ့ရပေမယ့် ၆-၁ ဂိုးနဲ့အနိုင်ရခဲ့ပြီး ကော်တင်ညိုကလည်း အဲဒီရှိုးပွဲရဲ့ကြယ်ပွင့်ဖြစ်လာခဲ့ပါတယ်။
Photo Credit
သူဟာ ဂိုးတွေဆက်တိုက်သွင်းယူနိုင်ခဲ့သလို သူ့ရဲ့အဓိကပင်မတာဝန်ဖြစ်တဲ့ ဂိုးဖန်တီးရေးတာဝန်ကိုလည်း မလစ်ဟင်းစေခဲ့ဘဲ အသင်းဖော်တိုက်စစ်မှူး လီဝန်ဒေါစကီးအတွက် ဂိုးဖန်တီးမှု ၂ကြိမ်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
ဘိုင်ယန်ဟာ ဒီရာသီဘွန်ဒက်စ်လီဂါမှာ အခြေအနေဆိုးနေပြီး ဝါဒါဘရီမင်နဲ့ပွဲမတိုင်ခင် အမှတ်ပေးဇယားရဲ့အဆင့် ၇နေရာမှာပဲ ရပ်တည်ခဲ့ရပါတယ်။ ဘိုင်ယန်ဟာ စောစောစီးစီးဦးဆောင်ဂိုးပေးလိုက်ရပေမယ့် ကော်တင်ညိုက ဂနာဘရီရဲ့ပေးပို့မှုကနေ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
Photo Credit
အဲဒီနောက် ကော်တင်ညိုရဲ့ဖန်တီးမှုကနေ လီဝန်ဒေါစကီးက ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး တတိယမြောက်ဂိုးကတော့ ပရိသတ်တွေကို ဖမ်းစားနိုင်ခဲ့ပါတယ်။ ကော်တင်ညိုဟာ ကွင်းလယ်လောက်ကနေ အမြောက်ဘောပေးပို့မှုကို အသာလေးကျော်သွင်းခဲ့တာဖြစ်ပါတယ်။
Philippe Coutinho 🇧🇷 VS Werder Bremen | 19-20
Hat Trick and 2 Assists 🎩 pic.twitter.com/DoFooWjjGd— dih (@makerdiogo) December 14, 2019
Video Credit
သူ့ရဲ့နောက်ဆုံးဂိုးကတော့ ကော်တင်ညိုမှန်း အားလုံးသိစေတဲ့ဂိုးဖြစ်ပြီး ဂိုးဧရိယာဘယ်ဘက်ထိပ်လောက်ကနေ အဝေးကန်ချက်နဲ့ ဂိုးသမားရဲ့ဘယ်ဘက်အပေါ်ထောင့်ထဲ အပြင်းကန်သွင်းသွားတာဖြစ်ပါတယ်။
Photo Credit
စပါးအသင်းနဲ့ကစားခဲ့တဲ့ချန်ပီယံလိဂ်ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကော်တင်ညိုဟာ ပြီးခဲ့တဲ့နွေရာသီက ဘာစီလိုနာအသင်းကနေ အငှားနဲ့ ရောက်ရှိလာပြီးနောက် ဂျာမန်မြေခရီးက သူ့အတွက် အကောင်းအဆိုးတွေ ရောပြွန်းနေပါတယ်။
Photo Credit
Zawgyi
ကမၻာ့အဆင့္ စြမ္းေဆာင္ရည္နဲ႔အတူ ဟက္ထရစ္ရွင္ျဖစ္လာတဲ့ ေကာ္တင္ညိဳ
ဘိုင္ယန္ကြင္းလယ္လူ ေကာ္တင္ညိဳဟာ စေနညက ၀ါဒါဘရီမင္ကို အႏိုင္ရရွိခ့ဲတဲ့ပဲြမွာ သူ႕ရဲ႕ကမၻာ့အဆင့္စြမ္းေဆာင္ရည္ကို ျပသရင္း ဟက္ထရစ္ရွင္ဘြဲ႕ပါ ခံယူသြားပါတယ္။ ဘိုင္ယန္ဟာ အဲဒီပဲြမွာ ၀ါဒါဘရီမင္ကို ေနာက္ကေန လုိက္ကစားခဲ့ရေပမယ့္ ၆-၁ ဂိုးနဲ႔အႏိုင္ရခဲ့ၿပီး ေကာ္တင္ညိဳကလည္း အဲဒီ႐ိႈးပြဲရဲ႕ၾကယ္ပြင့္ျဖစ္လာခဲ့ပါတယ္။
သူဟာ ဂိုးေတြဆက္တုိက္သြင္းယူႏုိင္ခဲ့သလို သူ႕ရဲ႕အဓိကပင္မတာ၀န္ျဖစ္တဲ့ ဂိုးဖန္တီးေရးတာ၀န္ကိုလည္း မလစ္ဟင္းေစခဲ့ဘဲ အသင္းေဖာ္တုိက္စစ္မွဴး လီ၀န္ေဒါစကီးအတြက္ ဂိုးဖန္တီးမႈ ၂ႀကိမ္ျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။
ဘုိင္ယန္ဟာ ဒီရာသီဘြန္ဒက္စ္လီဂါမွာ အေျခအေနဆုိးေနၿပီး ၀ါဒါဘရီမင္နဲ႔ပြဲမတုိင္ခင္ အမွတ္ေပးဇယားရဲ႕အဆင့္ ၇ေနရာမွာပဲ ရပ္တည္ခဲ့ရပါတယ္။ ဘိုင္ယန္ဟာ ေစာေစာစီးစီးဦးေဆာင္ဂိုးေပးလုိက္ရေပမယ့္ ေကာ္တင္ညိဳက ဂနာဘရီရဲ႕ေပးပို႔မႈကေန ေခ်ပဂုိးသြင္းယူႏုိင္ခဲ့ပါတယ္။
အဲဒီေနာက္ ေကာ္တင္ညိဳရဲ႕ဖန္တီးမႈကေန လီ၀န္ေဒါစကီးက ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး တတိယေျမာက္ဂိုးကေတာ့ ပရိသတ္ေတြကို ဖမ္းစားႏိုင္ခဲ့ပါတယ္။ ေကာ္တင္ညိဳဟာ ကြင္းလယ္ေလာက္ကေန အေျမာက္ေဘာေပးပို႔မႈကို အသာေလးေက်ာ္သြင္းခ့ဲတာျဖစ္ပါတယ္။
သူ႕ရဲ႕ေနာက္ဆုံးဂိုးကေတာ့ ေကာ္တင္ညိဳမွန္း အားလုံးသိေစတဲ့ဂိုးျဖစ္ၿပီး ဂိုးဧရိယာဘယ္ဘက္ထိပ္ေလာက္ကေန အေ၀းကန္ခ်က္နဲ႔ ဂိုးသမားရဲ႕ဘယ္ဘက္အေပၚေထာင့္ထဲ အျပင္းကန္သြင္းသြားတာျဖစ္ပါတယ္။
စပါးအသင္းနဲ႔ကစားခဲ့တဲ့ခ်န္ပီယံလိဂ္ပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တ့ဲ ေကာ္တင္ညိဳဟာ ၿပီးခဲ့တဲ့ေႏြရာသီက ဘာစီလိုနာအသင္းကေန အငွားနဲ႔ ေရာက္ရွိလာၿပီးေနာက္ ဂ်ာမန္ေျမခရီးက သူ႕အတြက္ အေကာင္းအဆုိးေတြ ေရာျပြန္းေနပါတယ္။