ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့ အာဆင်နယ်အသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ် နည်းပြဟောင်း အာဆင်ဝင်းဂါးက သူ့အနေနဲ့ လီယွန်နယ် မက်ဆီ နှင့် ခရစ္စတီယာနို ရော်နယ်ဒို တို့ကို ခေါ်ယူဖို့ကြိုးစားခဲ့သလို ကိုင်လီယန် အမ်ဘာပေကိုလည်း အလွတ်ပြောင်းရွေ့ကြေးနဲ့ ခေါ်ယူဖို့နီးစပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က ဘာစီလိုနာအသင်းနဲ့ ချန်ပိယံလိဂ် ( ၁၆ ) သင်းအဆင့်ပွဲစဥ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ အမ်ဘာပေဟာ လာမယ့် ‌ေနွရာသီ အပြောင်းအရွေ့မှာ လီ‌ဗာပူး ၊ ရီးရဲမက်ဒရစ် အသင်းတွေထံ ရောက်ရှိဖို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အာဆင်ဝင်းဂါးက အမ်ဘာပေရဲ့ ကစားသမားဘဝ အစောပိုင်းနှစ်တွေမှာ အာဆင်နယ်အသင်းထံ ခေါ်ယူဖို့ အတော်လေးနီးစပ်ခဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

အာဆင်ဝင်းဂါးက beIN Sports နဲ့တွေ့ဆုံရာမှာ “ ဘာပေအကြောင်း ပြောလို့ရပါတယ်။ သူ မိုနာကိုနဲ့ စာချုပ်သက်တမ်းတိုး၊ မတိုး ဆုံးဖြတ်ချက်မချရသေးတဲ့ အချိန်မှာ ကျွန်တော့်သူ့အိမ်ကို သွားရောက်ခဲ့ဖူးပါတယ်။ အာဆင်နယ် အသင်းထံ အလွတ်ပြောင်းရွေ့ကြေးနဲ့ ရောက်ရှိဖို့ နီးစပ်ခဲ့ပါတယ်။ သမိုင်းကြောင်း အစဥ်အလာကြီးမားတဲ့ အသင်းတိုင်းမှာ အလားတူအဖြစ်အပျက်တွေ ရှိတတ်ပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

“ ရော်နယ်ဒိုက ကျွန်တော်တို့ဆီ ရောက်ရှိဖို့ အတော်လေးနီးစပ်ခဲ့ပါတယ်။ ကံဆိုးတာက Carlos Quz ယူနိုက်တက်ကို လက်ထောက်နည်းပြအနေနဲ့ ရောက်ရှိသွားတာ ဖြစ်ပါတယ်။ တစ်ပတ်အတွင်းမှာ သူက ‌ေရာ်နယ်ဒိုကို ခေါ်ယူဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲ့ဒီအချိန်က ကောင်းမွန်တဲ့ ဝယ်ယူမှု ဖြစ်ခဲ့ပါတယ်”“ ကျွန်တော်တို့အနေနဲ့ မက်ဆီ၊ ဖာဘရီဂတ် ၊ ပီကေးတို့အတွဲကို အလိုရှိခဲ့ပါတယ်။ သူတို့က ( ၁၉၈၇ ) မျိုးဆက်တွေဖြစ်ပါတယ်။

ပီကေးက အဲ့ဒီအချိန်တုန်းက ကွင်းလယ်မှာ ကစားတာပါ။ သူက ယူနိုက်တက်ကို ပြောင်းရွေ့ခဲ့တယ်။ ဖာဘရီဂတ်ကို ကျွန်တော်တို့ ခေါ်ယူနိုင်ခဲ့ပေမယ့် မက်ဆီကိုတော့ ဘာစီလိုနာအသင်းက ဆက်ထိန်းထားနိုင်ခဲ့ပါတယ်”ဒါ့အပြင် အာဆင်ဝင်းဂါးအနေနဲ့ ၂၀၁၅ / ၁၆ ပရီးမီးယားလိဂ်ချန်ပီယံ လက်စတာ အသင်းတိုက်စစ်မှူး ဂျေမီ ဗာဒီကိုလည်း ခေါ်ယူဖို့နီးစပ်ခဲ့‌ေကြာင်း ပြောကြားခဲ့ပါတယ်။

ဝင်းဂါးက “ အဲ့ဒီအချိန်က သူ့ကို များပြားတဲ့ ပြောင်းရွေ့ကြေးနဲ့ ကမ်းလှမ်းခဲ့ပါတယ်။ လက်စတာက ( ၂၀၁၆ ) မှာ ပူပူနေွးနွေး ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ထားတာပါ။ ပြီးတော့ ကံဆိုးစွာပဲ [Vichai] Srivaddhanaprabha က ဟယ်လီကော်ပတာ အက်ဆီးဒင့်ကြောင့် ကွယ်လွန်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာ လက်စတာက ဗာဒီကို ကာလရှည် စာချုပ် ကမ်းလှမ်းလိုက်ပါတယ်။”

Zawgyi

ကမာၻ႔အေကာင္းဆုံး ကစားသမားေတြကို ေခၚယူဖို႔ နီးစပ္ခဲ့တဲ့ အာဆင္နယ္အသင္း

အာဆင္နယ္ နည္းျပေဟာင္း အာဆင္ဝင္းဂါးက သူ႔အေနနဲ႔ လီယြန္နယ္ မက္ဆီ ႏွင့္ ခရစၥတီယာႏို ေရာ္နယ္ဒို တို႔ကို ေခၚယူဖို႔ႀကိဳးစားခဲ့သလို ကိုင္လီယန္ အမ္ဘာေပကိုလည္း အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေခၚယူဖို႔နီးစပ္ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႔က ဘာစီလိုနာအသင္းနဲ႔ ခ်န္ပိယံလိဂ္ ( ၁၆ ) သင္းအဆင့္ပြဲစဥ္မွာ ဟက္ထရစ္သြင္းယူႏိုင္ခဲ့တဲ့ အမ္ဘာေပဟာ လာမယ့္ ‌ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ လီ‌ဗာပူး၊ ရီးရဲမက္ဒရစ္ အသင္းေတြထံ ေရာက္ရွိဖို႔ သတင္းေတြထြက္ေပၚေနပါတယ္။ အာဆင္ဝင္းဂါးက အမ္ဘာေပရဲ႕ ကစားသမားဘဝ အေစာပိုင္းႏွစ္ေတြမွာ အာဆင္နယ္အသင္းထံ ေခၚယူဖို႔ အေတာ္ေလးနီးစပ္ခဲ့ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အာဆင္ဝင္းဂါးက beIN Sports နဲ႔ေတြ႕ဆုံရာမွာ “ ဘာေပအေၾကာင္း ေျပာလို႔ရပါတယ္ ။ သူ မိုနာကိုနဲ႔ စာခ်ဳပ္သက္တမ္းတိုး ၊ မတိုး ဆုံးျဖတ္ခ်က္မခ်ရေသးတဲ့ အခ်ိန္မွာ ကြၽန္ေတာ့္သူ႔အိမ္ကို သြားေရာက္ခဲ့ဖူးပါတယ္။ အာဆင္နယ္ အသင္းထံ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႔ ေရာက္ရွိဖို႔ နီးစပ္ခဲ့ပါတယ္။ သမိုင္းေၾကာင္း အစဥ္အလာႀကီးမားတဲ့ အသင္းတိုင္းမွာ အလားတူအျဖစ္အပ်က္ေတြ ရွိတတ္ပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။ “ ေရာ္နယ္ဒိုက ကြၽန္ေတာ္တို႔ဆီ ေရာက္ရွိဖို႔ အေတာ္ေလးနီးစပ္ခဲ့ပါတယ္။ ကံဆိုးတာက Carlos Quz ယူႏိုက္တက္ကို လက္ေထာက္နည္းျပအေနနဲ႔ ေရာက္ရွိသြားတာ ျဖစ္ပါတယ္။ တစ္ပတ္အတြင္းမွာ သူက ‌ေရာ္နယ္ဒိုကို ေခၚယူဖို႔ တိုက္တြန္းခဲ့ပါတယ္။ အဲ့ဒီအခ်ိန္က ေကာင္းမြန္တဲ့ ဝယ္ယူမႈ ျဖစ္ခဲ့ပါတယ္”

“ ကြၽန္ေတာ္တို႔အေနနဲ႔ မက္ဆီ၊ ဖာဘရီဂတ္ ၊ ပီေကးတို႔အတြဲကို အလိုရွိခဲ့ပါတယ္။ သူတို႔က ( ၁၉၈၇ ) မ်ိဳးဆက္ေတြျဖစ္ပါတယ္ ။ ပီေကးက အဲ့ဒီအခ်ိန္တုန္းက ကြင္းလယ္မွာ ကစားတာပါ။ သူက ယူႏိုက္တက္ကို ေျပာင္းေ႐ြ႕ခဲ့တယ္။ ဖာဘရီဂတ္ကို ကြၽန္ေတာ္တို႔ ေခၚယူႏိုင္ခဲ့ေပမယ့္ မက္ဆီကိုေတာ့ ဘာစီလိုနာအသင္းက ဆက္ထိန္းထားႏိုင္ခဲ့ပါတယ္။”

ဒါ့အျပင္ အာဆင္ဝင္းဂါးအေနနဲ႔ ၂၀၁၅ / ၁၆ ပရီးမီးယားလိဂ္ခ်န္ပီယံ လက္စတာ အသင္းတိုက္စစ္မႉး ေဂ်မီ ဗာဒီကိုလည္း ေခၚယူဖို႔နီးစပ္ခဲ့‌ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဝင္းဂါးက “ အဲ့ဒီအခ်ိန္က သူ႔ကို မ်ားျပားတဲ့ ေျပာင္းေ႐ြ႕ေၾကးနဲ႔ ကမ္းလွမ္းခဲ့ပါတယ္။ လက္စတာက ( ၂၀၁၆ ) မွာ ပူပူေနြးေႏြး ပရီးမီးယားလိဂ္ ခ်န္ပီယံ ျဖစ္ထားတာပါ။ ၿပီးေတာ့ ကံဆိုးစြာပဲ [Vichai] Srivaddhanaprabha က ဟယ္လီေကာ္ပတာ အက္ဆီးဒင့္ေၾကာင့္ ကြယ္လြန္သြားခဲ့ပါတယ္။ အဲ့ဒီေနာက္မွာ လက္စတာက ဗာဒီကို ကာလရွည္ စာခ်ဳပ္ ကမ္းလွမ္းလိုက္ပါတယ္။”