
photo-daily mail
photo-gettyimages
အမ်ဘက်ပီဟာ မက်ဆီနဲ့စီရော်နယ်ဒိုတို့နေရာ အစားဝင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်လာမယ့်သူဖြစ်ကြောင်း အာဆင်နယ်နည်းပြဟောင်းဝင်းဂါးက ခန့်မှန်းပြောကြားလိုက်ပါတယ်။ မက်ဆီနဲ့စီရော်နယ်ဒိုတို့ဟာ ဘောလုံးလောကရဲ့နံပါတ် ၁ နေရာကို စိုးမိုးထားကြတာ ဆယ်စုနှစ်တစ်ခုကျော်ရှိနေပါပြီ။ ဒါပေမဲ့ အခုချိန်မှာ စီရော်နယ်ဒိုက ၃၅ နှစ်ရှိနေပြီဖြစ်သလို မက်ဆီကလည်း ၃၂ နှစ်ရှိနေပါပြီ။
photo-gettyimages
ဒါကြောင့်လည်း ဝင်းဂါးက”ဒီလိုကစားသမားတွေကို ကျွန်တော်တို့ အရင်က တစ်ခါမှ မမြင်ဖူးပါဘူး။ စီရော်နယ်ဒိုရော မက်ဆီပါ အခုဆိုရင် သူတို့ကစားသမားဘဝရဲ့အဆုံးသတ်နားရောက်နေပါပြီ။ ဒီအတွက် နောက်မျိုးဆက်အကြောင်းကို ပြောရတော့မယ်။ ကမ္ဘာ့ဘောလုံးလောကကို စိုးမိုးမယ့်နောက်မျိုးဆက်က ပြင်သစ်သားဖြစ်ဖွယ်ရှိပါတယ်။ လောလောဆယ်အဖြစ်နိုင်ဆုံးက အမ်ဘက်ပီပါပဲ။ ကျွန်တော်တို့ သိတဲ့အထဲကဆို နေမာလည်း ရှိပါတယ်”လို့ ပြောခဲ့တာပါ။
photo-gettyimages
ပီအက်စ်ဂျီနဲ့ပြင်သစ်လက်ရွေးစင်တိုက်စစ်မှုးဖြစ်တဲ့ အမ်ဘက်ပီဟာ တစ်ချိန်မှာ ကမ္ဘာ့အကောင်းဆုံးဖြစ်လာမယ့်သူလို့ သတ်မှတ်ခြင်းခံထားရသူဖြစ်ပါတယ်။ သူဟာ ၂၁ နှစ်သာရှိသေးပေမယ့်လည်း ကမ္ဘာ့ဖလားချန်ပီယံဖြစ်ထားပြီး ပြီးခဲ့တဲ့နှစ် Ballon d’Or ဆုအတွက် မဲရရှိမှုမှာဆိုရင် အဆင့် ၆ နေရာရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့လည်း မက်ဆီနဲ့ စီရော်နယ်ဒိုတို့ရဲ့စိုးမိုးထားမှုအရှိန်အဝါက မကျသေးတာကြောင့် အမ်ဘက်ပီအနေနဲ့
[Zawgyi]
ကမာၻ႔အေကာင္းဆုံးအျဖစ္ မက္ဆီနဲ႔ဒိုေလးတို႔ရဲ႕ေနရာကို ဘက္ပီဆက္ခံမယ္လို႔ ၀င္းဂါးေျပာ
အမ္ဘက္ပီဟာ မက္ဆီနဲ႔စီေရာ္နယ္ဒိုတို႔ေနရာ အစား၀င္ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားျဖစ္လာမယ့္သူျဖစ္ေၾကာင္း အာဆင္နယ္နည္းျပေဟာင္း၀င္းဂါးက ခန္႔မွန္းေျပာၾကားလိုက္ပါတယ္။ မက္ဆီနဲ႔စီေရာ္နယ္ဒိုတုိ႔ဟာ ေဘာလုံးေလာကရဲ႕နံပါတ္ ၁ ေနရာကို စိုးမိုးထားၾကတာ ဆယ္စုႏွစ္တစ္ခုေက်ာ္ရွိေနပါၿပီ။ ဒါေပမဲ့ အခုခ်ိန္မွာ စီေရာ္နယ္ဒိုက ၃၅ ႏွစ္ရွိေနၿပီျဖစ္သလို မက္ဆီကလည္း ၃၂ ႏွစ္ရွိေနပါၿပီ။
ဒါေၾကာင့္လည္း ၀င္းဂါးက”ဒီလိုကစားသမားေတြကို ကၽြန္ေတာ္တို႔ အရင္က တစ္ခါမွ မျမင္ဖူးပါဘူး။ စီေရာ္နယ္ဒိုေရာ မက္ဆီပါ အခုဆိုရင္ သူတုိ႔ကစားသမားဘ၀ရဲ႕အဆုံးသတ္နားေရာက္ေနပါၿပီ။ ဒီအတြက္ ေနာက္မ်ိဳးဆက္အေၾကာင္းကို ေျပာရေတာ့မယ္။ ကမာၻ႔ေဘာလုံးေလာကကို စိုးမိုးမယ့္ေနာက္မ်ိဳးဆက္က ျပင္သစ္သားျဖစ္ဖြယ္ရွိပါတယ္။ ေလာေလာဆယ္အျဖစ္ႏုိင္ဆုံးက အမ္ဘက္ပီပါပဲ။ ကၽြန္ေတာ္တို႔ သိတဲ့အထဲကဆုိ ေနမာလည္း ရွိပါတယ္”လုိ႔ ေျပာခဲ့တာပါ။
ပီအက္္စ္ဂ်ီနဲ႔ျပင္သစ္လက္ေရြးစင္တိုက္စစ္မႈးျဖစ္တဲ့ အမ္ဘက္ပီဟာ တစ္ခ်ိန္မွာ ကမာၻ႔အေကာင္းဆုံးျဖစ္လာမယ့္သူလို႔ သတ္မွတ္ျခင္းခံထားရသူျဖစ္ပါတယ္။ သူဟာ ၂၁ ႏွစ္သာရွိေသးေပမယ့္လည္း ကမာၻ႔ဖလားခ်န္ပီယံျဖစ္ထားၿပီး ၿပီးခဲ့တဲ့ႏွစ္ Ballon d’Or ဆုအတြက္ မဲရရွိမႈမွာဆိုရင္ အဆင့္ ၆ ေနရာရပ္တည္ႏိုင္ခဲ့တာပါ။ ဒါေပမဲ့လည္း မက္ဆီနဲ႔ စီေရာ္နယ္ဒိုတို႔ရဲ႕စိုးမိုးထားမႈအရွိန္အ၀ါက မက်ေသးတာေၾကာင့္ အမ္ဘက္ပီအေနနဲ႔ ႏွစ္အနည္းငယ္ၾကာေစာင့္ရမယ့္သေဘာမွာ ရွိပါတယ္။