ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ အော့ဘလက်ကို ဆီမြွန်နီချီးကျူး

PC ; Internet
PC ; Internet

အသင်းရဲ့ဂိုးသမားဂျန်အော့ဘလက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားလို့ အက်သလက်တီကိုနည်းပြဆီမြွန်နီက ထုတ်ဖော်ချီးကျူးလိုက်ပါတယ်။အော့ဘလက်ဟာ ဘီလ်ဘာအိုကိုအနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ အံ့အားသင့်စရာလက်စွမ်းနဲ့ကာကွယ်မှုတွေလုပ်နိုင်ခဲ့သလို ဒီရာသီ အက်သလက်အတွက် ပြိုင်ပွဲစုံ ၁၃ပွဲမှာ ဂိုးမပေးရတဲ့ပွဲ( clean sheet ) ၉ပွဲရရှိအောင် စွမ်းဆောင်ပေးထားသူဖြစ်ပါတယ်။ လာလီဂါရဲ့အကောင်းဆုံးဂိုးသမားဆု (Zamora Trophy Awards ) ကိုလည်း ၂၀၁၄ ကနေ ၂၀၁၈ ခုနှစ်အထိ ၄နှစ်ဆက်ပိုင်ဆိုင်ထားသူဖြစ်ပြီး လက်ရှိလာလီဂါမှာ အကောင်းဆုံးဂိုးသမားအဖြစ် သတ်မှတ်ခံထားရသူပါ။

PC ; Internet

“အော့ဘလက်ဟာ ကမ္ဘာ့အကောင်းဆုံးဂိုးသမားဖြစ်တယ်ဆိုတာကို ကျွန်တော်အကြွင်းမဲ့ယုံထားပါတယ်။ သူ့ရဲ့လက်စွမ်းက နှစ်စဉ်တိုးတက်နေဆဲဖြစ်သလို အသင်းတောက်ပလာဖို့အတွက်လည်း အများကြီးအကူအညီပေးနိုင်ခဲ့ပါတယ်။ လေ့ကျင်းရေးကွင်းမှာ အကောင်းဆုံးပုံစံတွေကို နေ့စဉ်ပြသခဲ့သလို ကစားပွဲထဲမှာလည်း တူညီတဲ့ပုံစံပြသနိုင်သူဖြစ်ပါတယ်။

PC ; Internet

ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံးဂိုးသမားဆုကို သူရလိမ့်မယ်လို့ ကျွန်တော်အသေအချာပြောရဲပါတယ်” လို့ ဆီမြွန်နီက ဖွင့်ဟလိုက်ကြောင်း Football Espana ကရေးသားလိုက်တာပါ။

PC ; Internet

ဖီဖာဟာ ၂၀၁၇ ခုနှစ်ကစတင်ပြီး သူတို့ရဲ့တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာ ဂိုးသမားဆုကိုလည်း ထည့်သွင်းချီးမြှင့်ခဲ့ပါတယ်။၂၀၁၇ မှာ ဘတ်ဖွန်၊၂၀၁၈မှာ ကော်တီယို့စ်နဲ့ ၂၀၁၉မှာ လီဗာပူးဂိုးသမားအလစ်ဆန်တို့ ဆုရရှိခဲ့ပြီး အနာဂတ်မှာ ဒီဆုကို အော့ဘလက် သေချာပေါက်ရယူနိုင်လိမ့်မယ်လို့ ဆီမြွန်နီက ဟောကိန်းထုတ်သွားခဲ့ပါတယ်။

(zawgyi)

အံ့အားသင့္စရာလက္စြမ္းနဲ႔ကာကြယ္မႈေတြလုပ္ႏိုင္ခဲ့သလို ဒီရာသီ အက္သလက္အတြက္ ၿပိဳင္ပြဲစံု ၁၃ပြဲမွာ ဂိုးမေပးရတဲ့ပြဲ( clean sheet ) ၉ပြဲရရွိေအာင္ စြမ္းေဆာင္ေပးထားသူျဖစ္ပါတယ္။ လာလီဂါရဲ႕အေကာင္းဆံုးဂိုးသမားဆု (Zamora Trophy Awards ) ကိုလည္း ၂၀၁၄ ကေန ၂၀၁၈ ခုႏွစ္အထိ ၄ႏွစ္ဆက္ပိုင္ဆိုင္ထားသူျဖစ္ၿပီး လက္ရွိလာလီဂါမွာ အေကာင္းဆံုးဂိုးသမားအျဖစ္ သတ္မွတ္ခံထားရသူပါ။“ေအာ့ဘလက္ဟာ ကမၻာ့အေကာင္းဆံုးဂိုးသမားျဖစ္တယ္ဆိုတာကို ကၽြန္ေတာ္အၾကြင္းမဲ့ယံုထားပါတယ္။ သူ႔ရဲ႔လက္စြမ္းက ႏွစ္စဥ္တိုးတက္ေနဆဲျဖစ္သလို အသင္းေတာက္ပလာဖို႔အတြက္လည္း အမ်ားၾကီးအကူအညီေပးႏိုင္ခဲ့ပါတယ္။ ေလ့က်င္းေရးကြင္းမွာ အေကာင္းဆံုးပံုစံေတြကို ေန႔စဥ္ျပသခဲ့သလို ကစားပြဲထဲမွာလည္း တူညီတဲ့ပံုစံျပသႏိုင္သူျဖစ္ပါတယ္။ ဖီဖာရဲ႕တစ္ႏွစ္တာအေကာင္းဆံုးဂိုးသမားဆုကို သူရလိမ့္မယ္လို႔ ကၽြန္ေတာ္အေသအခ်ာေျပာရဲပါတယ္” လို႔ ဆီျမြန္နီက ဖြင့္ဟလိုက္ေၾကာင္း Football Espana ကေရးသားလိုက္တာပါ။ဖီဖာဟာ ၂၀၁၇ ခုႏွစ္ကစတင္ၿပီး သူတို႔ရဲ႕တစ္ႏွစ္တာအေကာင္းဆံုးဆုေပးပြဲမွာ ဂိုးသမားဆုကိုလည္း ထည့္သြင္းခ်ီးျမွင့္ခဲ့ပါတယ္။၂၀၁၇ မွာ ဘတ္ဖြန္၊၂၀၁၈မွာ ေကာ္တီယို႔စ္နဲ႔ ၂၀၁၉မွာ လီဗာပူးဂိုးသမားအလစ္ဆန္တို႔ ဆုရရွိခဲ့ၿပီး အနာဂတ္မွာ ဒီဆုကို ေအာ့ဘလက္ ေသခ်ာေပါက္ရယူႏိုင္လိမ့္မယ္လို႔ ဆီျမြန္နီက ေဟာကိန္းထုတ္သြားခဲ့ပါတယ္။