ကမ္ဘာ့ရုပ်အပေါက်ဆုံး လက်ထိဘောဖြစ်လာတဲ့ ကိုင်လီ ဘက်ပီရဲ့ ဂိုးသွင်းယူမှု

ပီအက်စ်ဂျီတိုက်စစ်မှူး ကိုင်လီ ဘက်ပီဟာ ယမန်နေ့ညက စတာဒီရိန်းစ်အသင်းနဲ့ ပွဲစဉ်မှာ မာရာဒိုနာရဲ့ “Hand of God”ဂိုးသွင်းယူမှုကို အတုခိုးပြီး သွင်းဂိုး၁ဂိုး သွင်းယူဖို့ ကြိုးစားခဲ့ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ မာကွင်ဟိုစ်၊ ကူဆိုင်းနဲ့ ရိန်းစ်အသင်းက နောက်ခံလူ ကိုနန်တို့ရဲ့ OGဂိုးတွေနဲ့အတူ ၃-ဝနဲ့ အနိုင်ရရှိခဲ့ပေမဲ့လည်း ဘက်ပီက မဖြစ်ဖြစ်တဲ့နည်းနဲ့ ပင်နယ်တီ ဧရိယာထဲမှာ ဂိုးသွင်းယူဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ

နေမာနဲ့ ၁-၂ ရိုက်ပြီး ဘောလုံးက သူနဲ့ မမီမကမ်းဖြစ်နေစဉ်မှာ ဘက်ပီက ခပ်တည်တည်နဲ့ ဂိုးထဲကို လက်နဲ့ ပုတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ လက်နဲ့ သွင်းပြီး မကြာခင်မှာပဲ ဘက်ပီတစ်ယောက် ပြုံးစိစိနဲ့ ဖြစ်နေခဲ့တာ ကွင်းလယ်ဒိုင်က အဝါကတ်ပြလိုက်ချိန်မှာတော့ ထရယ်ပါတော့တယ်။

ဒီပွဲမှာ ပြောစရာဖြစ်ခဲ့တာကတော့ ဘက်ပီရဲ့ လက်ထိဘောတင် မဟုတ်ပဲ အသင်းဖော် နေမာဟာလည်း သွင်းဂိုး၁ဂိုးနဲ့ တင်ပါးနဲ့ ဖန်တီးပေးဖို့ ကြိုးစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာတော့ လိုင်ယွန်အသင်းနဲ့ ဧပြီလ ၄ရက်နေ့မှာ ရင်ဆိုင်သွားရမှာ ဖြစ်ပါတယ်။