ကမ္ဘာ့ဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးလူစာရင်းတွေကို ထုတ်ပြန်

photo-sport bible

photo-gettyimages

ဘောလုံးသုသေတနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ CIES ဟာ ကမ္ဘာ့ဘောလုံးလောကရဲ့တန်ဖိုးအကြီးဆုံးလူစာရင်းကို ထုတ်ပြန်လိုက်ပါတယ်။ အဲဒီမှာ ဂျာဂင်ကလော့ပ်ရဲ့လီဗာပူးအသင်းဟာ တန်ကြေးသတ်မှတ်ခံရမှု ယူရို ၁.၄ သန်းနဲ့ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ လီဗာပူးရဲ့နောက် ဒုတိယတန်ကြေးအမြင့်ဆုံးအသင်းဟာ ပရီးမီးယားလိဂ်အသင်းတစ်သင်းပဲဖြစ်တဲ့ မန်စီးတီးဖြစ်ပြီး သူတို့လူစာရင်းရဲ့တန်ဖိုးကိုတော့ ယူရို ၁.၃ ဘီလီယံသတ်မှတ်ထားပါတယ်။

photo-gettyimages

လူစာရင်းအရ တန်ကြေးအမြင့်ဆုံးထိပ်ဆုံး ၁၀ သင်းထဲမှာ ပရီးမီးယားလိဂ်ကိုယ်စားပြု ၅ သင်းတောင် ပါဝင်နေတာပါ။ လီဗာပူးနဲ့မန်စီးတီးတို့ရဲ့နောက်မှာမှ ဘာစီလိုနာနဲ့ရီးရဲလ်တို့အစဉ်လိုက်ရပ်တည်နေကြတာ ဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့မန်ယူကတော့ ဒီစာရင်းမှာ ချဲလ်ဆီးရဲ့နောက် တန်ဖိုးတူနဲ့ အဆင့် ၆ နေရာက ရပ်တည်နေပါတယ်။ လူစာရင်းတန်ကြေးအမြင့်ဆုံး ထိပ်ဆုံး ၁၀ သင်းထဲမှာ စီးရီးအေက ဂျူဗင်တပ်တစ်သင်းတည်းသာ ပါဝင်ပြီး ဘွန်ဒက်စ်လီဂါက ဘိုင်ယန်မြူးနစ်ဆိုရင် အံ့သြဖွယ်ကောင်းအောင် ထိပ်ဆုံး ၁၀ သင်းစာရင်းထဲ မဝင်ခဲ့ပါဘူး။ CIES ဟာ ကစားသမားတွေရဲ့စာချုပ်သက်တမ်းကျန်ရှိမှု၊ အသက်အရွယ်၊ ကစားသမားဘဝတိုးတက်မှု၊ ကလပ်နဲ့နိုင်ငံတို့အတွက် ပြိုင်ပွဲအရပ်ရပ်စွမ်းဆောင်မှုတို့ကို ထည့်သွင်းတွက်ချက်ပြီး အခုစာရင်းကို ထုတ်ပြန်ခဲ့တာပါ။

photo-gettyimages

လူစာရင်းအရ တန်ဖိုးအကြီးဆုံးထိပ်ဆုံး ၁၀ သင်း

1.) လီဗာပူး(အင်္ဂလန်) – ယူရို ၁.၄ ဘီလီယံ

2.) မန်စီးတီး(အင်္ဂလန်) – ယူရို ၁.၃ ဘီလီယံ

3.) ဘာစီလိုနာ(စပိန်) – ယူရို ၁.၁ ဘီလီယံ

4.) ရီးရဲလ်မက်ဒရစ်(စပိန်) – ယူရို ၁.၀၈ ဘီလီယံ

5.) ချဲလ်ဆီး(အင်္ဂလန်) – ယူရို ၁.၀၇ ဘီလီယံ

6.) မန်ယူ(အင်္ဂလန်) – ယူရို ၁.၀၇ ဘီလီယံ

7.) ပီအက်စ်ဂျီ(ပြင်သစ်) – ယူရို ၉၇၉ သန်း

8.) အက်သလက်တီကို(စပိန်) – ယူရို ၈၃၆ သန်း

9.) စပါး(အင်္ဂလန်) – ယူရို ၇၈၇ သန်း

10.) ဂျူဗင်တပ်(အီတလီ) – ယူရို ၇၈၃ သန်း

[Zawgyi]

ကမာၻ႔ေဘာလုံးေလာကရဲ႕တန္ဖုိးအႀကီးဆုံးလူစာရင္းေတြကို ထုတ္ျပန္

ေဘာလုံးသုေသတနအဖြဲ႕အစည္းတစ္ခုျဖစ္တဲ့ CIES ဟာ ကမာၻ႔ေဘာလုံးေလာကရဲ႕တန္ဖိုးအႀကီးဆုံးလူစာရင္းကို ထုတ္ျပန္လိုက္ပါတယ္။ အဲဒီမွာ ဂ်ာဂင္ကေလာ့ပ္ရဲ႕လီဗာပူးအသင္းဟာ တန္ေၾကးသတ္မွတ္ခံရမႈ ယူရို ၁.၄ သန္းနဲ႔ ထိပ္ဆုံးက ရပ္တည္ေနပါတယ္။ လီဗာပူးရဲ႕ေနာက္ ဒုတိယတန္ေၾကးအျမင့္ဆုံးအသင္းဟာ ပရီးမီးယားလိဂ္အသင္းတစ္သငး္ပဲျဖစ္တဲ့ မန္စီးတီးျဖစ္ၿပီး သူတို႔လူစာရင္းရဲ႕တန္ဖိုးကိုေတာ့ ယူရို ၁.၃ ဘီလီယံသတ္မွတ္ထားပါတယ္။

လူစာရင္းအရ တန္ေၾကးအျမင့္ဆုံးထိပ္ဆုံး ၁၀ သင္းထဲမွာ ပရီးမီးယားလိဂ္ကိုယ္စားျပဳ ၅ သင္းေတာင္ ပါ၀င္ေနတာပါ။ လီဗာပူးနဲ႔မန္စီးတီးတုိ႔ရဲ႕ေနာက္မွာမွ ဘာစီလိုနာနဲ႔ရီးရဲလ္တို႔အစဥ္လိုက္ရပ္တည္ေနၾကတာ ျဖစ္ပါတယ္။ ဆုိးလ္ရွားရဲ႕မန္ယူကေတာ့ ဒီစာရင္းမွာ ခ်ဲလ္ဆီးရဲ႕ေနာက္ တန္ဖုိးတူနဲ႔ အဆင့္ ၆ ေနရာက ရပ္တည္ေနပါတယ္။ လူစာရင္းတန္ေၾကးအျမင့္ဆုံး ထိပ္ဆုံး ၁၀ သင္းထဲမွာ စီးရီးေအက ဂ်ဴဗင္တပ္တစ္သငး္တည္းသာ ပါ၀င္ၿပီး ဘြန္ဒက္စ္လီဂါက ဘိုင္ယန္ျမဴးနစ္ဆိုရင္ အံ့ၾသဖြယ္ေကာင္းေအာင္ ထိပ္ဆုံး ၁၀ သင္းစာရင္းထဲ မ၀င္ခဲ့ပါဘူး။ CIES ဟာ ကစားသမားေတြရဲ႕စာခ်ဳပ္သက္တမ္းက်န္ရွိမႈ၊ အသက္အရြယ္၊ ကစားသမားဘ၀တိုးတက္မႈ၊ ကလပ္နဲ႔ႏိုင္ငံတို႔အတြက္ ၿပိဳင္ပြဲအရပ္ရပ္စြမ္းေဆာင္မႈတို႔ကို ထည့္သြင္းတြက္ခ်က္ၿပီး အခုစာရင္းကို ထုတ္ျပန္ခဲ့တာပါ။

လူစာရင္းအရ တန္ဖိုးအႀကီးဆံုးထိပ္ဆုံး ၁၀ သင္း

1.) လီဗာပူး(အဂၤလန္) – ယူရို ၁.၄ ဘီလီယံ

2.) မန္စီးတီး(အဂၤလန္) – ယူရို ၁.၃ ဘီလီယံ

3.) ဘာစီလုိနာ(စပိန္) – ယူရို ၁.၁ ဘီလီယံ

4.) ရီးရဲလ္မက္ဒရစ္(စပိန္) – ယူရို ၁.၀၈ ဘီလီယံ

5.) ခ်ဲလ္ဆီး(အဂၤလန္) – ယူရို ၁.၀၇ ဘီလီယံ

6.) မန္ယူ(အဂၤလန္) – ယူရို ၁.၀၇ ဘီလီယံ

7.) ပီအက္စ္ဂ်ီ(ျပင္သစ္) – ယူရို ၉၇၉ သန္း

8.) အက္သလက္တီကို(စပိန္) – ယူရို ၈၃၆ သန္း

9.) စပါး(အဂၤလန္) – ယူရို ၇၈၇ သန္း

10.) ဂ်ဴဗင္တပ္(အီတလီ) – ယူရို ၇၈၃ သန္း