ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ နောက်ထပ်ခြေတစ်လှမ်းပိုနီးစပ်အောင် အန်ဒိုရာကို ဂိုးပြတ်အနိုင်ယူမယ့် အင်္ဂလန်

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုအဆင့်မှာ ရလဒ်ကောင်းတွေဆက်တိုက်ရယူပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာရပ်တည်နေတဲ့ အင်္ဂလန်အသင်းဟာ မနက်ဖြန်(တနင်္ဂနွေ)မှာ ကမ္ဘာ့အဆင့်(၁၅၆)သာရှိတဲ့ အသင်းငယ်လေးအန်ဒိုရာကို ဝင်ဘလေကွင်းကြီးမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ပြီးခဲ့တဲ့ဟန်ဂေရီနဲ့ပွဲမှာ(၄)ဂိုးပြတ်အနိုင်ရခဲ့ပြီး ပြိုင်ပွဲစုံ(၁၄)ပွဲမှာ (၁၂)ပွဲမြောက်နိုင်ပွဲရယူခဲ့သလို ကမ္ဘာ့ဖလားခြေစစ်ပွဲ(၄)ပွဲကစားပြီးချိန်မှာလည်း ပွဲတိုင်းအနိုင်ရခဲ့တဲ့အပြင် သွင်းဂိုး(၁၃)ဂိုး၊ ပေးဂိုး(၁)ဂိုးသာရှိအောင်စွမ်းဆောင်ထားတာပါ။

အခုပွဲမှာ အင်္ဂလန်အသင်းရဲ့နာမည်ကျော်ကစားသမားနှစ်ဦးဖြစ်တဲ့ ကယ်လ်ဗတ်လူဝင်က ဒဏ်ရာကြောင့်သေချာပေါက်လွဲချော်မှာဖြစ်သလို ဆန်ချိုလည်း ပါဝင်ကစားဖို့မသေချာပေမယ့်

ဟယ်ရီကိန်း၊ စတာလင်၊ ဂရီးလစ်ရှ်တို့ရဲ့အစုအဖွဲ့အရ အန်ဒိုရာကို ခပ်လွယ်လွယ်အနိုင်ယူဖို့ရှိနေပြီး ဂိုးဘယ်လောက်သွင်းမလဲဆိုတာသာ စောင့်ကြည့်ရမယ့်ပွဲမျိုးပါပဲ။

၁၉၉၆ ခုနှစ်တုန်းက နိုင်ငံတကာဘောလုံးပြိုင်ပွဲအဆင့်မှာ ပထမဆုံးအကြိမ်ပါဝင်ယှဉ်ခဲ့တဲ့အန်ဒိုရာအသင်းဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဆမ်မာရီနိုအသင်းနဲ့ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ(၂-၀)ဂိုးနဲ့အနိုင်ရခဲ့ပြီး ဒါက သူတို့အသင်းသမိုင်းတစ်လျှောက် အဓိကပြိုင်ပွဲတွေမှာ(၄)ပွဲမြောက်နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။

ဒ့ါအပြင် ပြိုင်ပွဲစုံ(၁၆)ပွဲဆက်နိုင်ပွဲမရှိတဲ့မှတ်တမ်းကို ရပ်တန့်နိုင်ခဲ့သလို (၂-၀)ဂိုးရလဒ်က သူတို့အသင်းရဲ့အကြီးမားဆုံးဂိုးပြတ်နိုင်ပွဲတစ်ပွဲဖြစ်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့(၂)ပွဲဆက် Clean Sheets ရယူနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အန်ဒိုရာအသင်းဟာ ၂၀၁၈၊ မတ်လတုန်းက လစ်ချင်စတိန်းအသင်းကို အဝေးကွင်းမှာအနိုင်ရခဲ့ပြီးကတည်းက လုံးဝနိုင်ပွဲမရှိတော့ဘဲ (၁၀)ပွဲရှုံး၊ (၃)ပွဲသရေကျခဲ့တဲ့အပြင် အသင်းသမိုင်းတစ်လျှောက် အဝေးကွင်းနိုင်ပွဲဆိုလို့ အခုအချိန်အထိ(၂)ပွဲသာရယူထားတာပါ။

အင်္ဂလန်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ (၄)ကြိမ်မှာလည်း ပွဲတိုင်းရှုံးနိမ့်ခဲ့ပြီး တစ်ဂိုးမှမသွင်းနိုင်ဘဲ (၅-၀)ဂိုး၊ (၆-၀)ဂိုးရလဒ်တွေထွက်ပေါ်ခဲ့ပြီးတော့ အဲဒီ(၄)ပွဲမှာစုစုပေါင်း(၁၆)ဂိုးအထိပေးခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲက အင်္ဂလန်အသင်းအနိုင်ရဖို့ (၁၁၀%)အထိသေချာနေတာကြောင့် နာမည်ကျော်ဘွတ်ကီဒိုင်ဖြစ်တဲ့ William Hill ရဲ့ဖွင့်လှစ်မှုကလည်း ကြမ်းတမ်းနေပြီး ၂၀ လေး/ ၁ လေးနဲ့ ဖွင့်လှစ်ထားတာဖြစ်ပါတယ်။

အန်ဒိုရာနဲ့ပွဲမှာ အနိုင်ရခဲ့ရင် (၁၅)မှတ်နဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်ဖို့ နောက်ထပ်ခြေတစ်လှမ်းပိုနီးစပ်သွားမှာဖြစ်တာကြောင့် အင်္ဂလန်အသင်း အမှားခံမှာမဟုတ်ဘဲ ဂိုးပြတ်နိုင်ပွဲတစ်ပွဲရယူသွားမယ်ဆိုတာအသအေချာပါပဲ။

Viber No => 09 969 710 910

#SHWECASINO #ONLINEGAMES #SHAN_KOE_MEE #POKER #LIVE_GAMES #SLOTS_GAMES #ROULETTE_GAMES #PremierLeague #Laliga #SerieA #Bundesliga #LigueOne

zawgyi




