ကမ္ဘာ့ဖလားခြေစစ်ပွဲတိုက်ရိုက်အောင်ဖို့ ရုန်းကန်ရမယ့် စီရော်နယ်လ်ဒိုရဲ့ပေါ်တူဂီအသင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုရဲ့ ပေါ်တူဂီအသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲဖြစ်တဲ့ အိုင်ယာလန်အသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ

ဂိုးမရှိသရေကျခဲ့တာကြောင့် လက်ကျန်တစ်ပွဲသာကစားဖို့ရှိနေချိန်မှာ တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့ အသည်းအသန်ရုန်းကန်ရတော့မှာပါ။

ပေါ်တူဂီအသင်းဟာ ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အိမ်ကွင်းပထမအကျော့အဖြစ် အိုင်ယာလန်အသင်းကို လက်ခံကစားခဲ့ချိန်မှာလည်း ခက်ခက်ခဲခဲရင်ဆိုင်ခဲ့ရပြီး ဂျွန်အီဂန်ရဲ့ဂိုးနဲ့ အိုင်ယာလန်အသင်းက ဦးဆောင်နိုင်ခဲ့ပေမယ့်

ပွဲချိန်(၈၉)နဲ့(၉၆)မိနစ်တွေမှာ စီရော်နယ်လ်ဒိုက ချေပဂိုး၊ အနိုင်ဂိုးတွေသွင်းယူခဲ့လို့သာ အနိုင်(၃)မှတ်ရရှိခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာလည်း အိုင်ယာလန်အသင်းက အိမ်ကွင်းမှာ ပေါ်တူဂီအသင်းကို ဒုက္ခထပ်ပေးနိုင်ခဲ့သလို ခြေစစ်ပွဲအောင်ဖို့မျှော်လင့်ချက်အဆုံးသတ်ခဲ့ရပြီဖြစ်ပေမယ့် ကိုယ့်ပရိသတ်ရှေ့မှာ ပေါ်တူဂီအသင်းကို အကောင်းဆုံးရင်ဆိုင်ကစားခဲ့ပါတယ်။

(၆၇)မိနစ်မှာ စီရော်နယ်လ်ဒိုရဲ့အပိုင်ခေါင်းတိုက်ချက် လွဲချော်ခဲ့တဲ့အပြင် ပွဲပြီးခါနီးမှာလည်း စီရော်နယ်လ်ဒိုဟာ အပိုင်အခွင့်အရေးကို ဖြုန်းတီးခဲ့တာကြောင့် ပေါ်တူဂီတို့သရေတစ်မှတ်နဲ့သာကျေနပ်ခဲ့ရတာပါ။

အခုပွဲမှာ ၀ါရင့်နောက်ခံလူပီပီ အနီကတ်နဲ့အထုတ်ခံခဲ့ရတာကြောင့် တိုက်ရိုက်ခြေစစ်ပွဲအောင်ဖို့အတွက် အရေးပါတဲ့ပွဲဖြစ်တဲ့ ဆားဘီးယားနဲ့ပွဲကို လွဲချော်မှာဖြစ်ပါတယ်။

အခုလောလောဆယ် ပေါ်တူဂီအသင်းဟာ အုပ်စုတွင်း(၇)ပွဲကစားပြီးချိန်မှာ (၅)ပွဲနိုင်၊ (၂)ပွဲသရေ၊ ရှုံးပွဲမရှိဘဲ (၁၇)မှတ်နဲ့ဦးဆောင်နေပြီး

သူတို့အသင်းအောက်မှာ ဆားဘီးယားအသင်းကလည်း (၁၇)မှတ်နဲ့ ကမ္ဘာ့ဖလားတိုက်ရိုက်ခြေစစ်ပွဲအောင်မြင်ဖို့အတွက် ကြိုးပမ်းနေပါတယ်။

ဒါပေမဲ့ ပေါ်တူဂီအသင်းဟာ Goal Difference မှာ ဆားဘီးယားအသင်းကို အသာရနေပြီး ပေါ်တူဂီအသင်းက (+၁၂ဂိုး)၊ ဆားဘီးယားက(+၈)ဂိုးသာရှိလို့ အုပ်စုနောက်ဆုံးပွဲအဖြစ်

အိမ်ကွင်း Estádio da Luz မှာကစားမယ့်ပွဲကျရင် ဆားဘီးယားကို အနိမ့်ဆုံးသရေကစားနိုင်ခဲ့တာနဲ့ တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပါတယ်။

ပေါ်တူဂီနဲ့ဆားဘီးယားပွဲကို လာမယ့်တနင်္ဂနွေနေ့မှာယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ပထမအကျော့ ဆားဘီးယားကွင်းမှာတုန်းက (၂-၂)ဂိုးစီသရေကျခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ကမာၻ႔ဖလားေျခစစ္ပြဲတိုက္႐ိုက္ေအာင္ဖို႔ ႐ုန္းကန္ရမယ့္ စီေရာ္နယ္လ္ဒိုရဲ႕ေပၚတူဂီအသင္း

နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုရဲ႕ ေပၚတူဂီအသင္းဟာ ၂၀၂၂ ကမာၻ႔ဖလားေျခစစ္ပြဲျဖစ္တဲ့ အိုင္ယာလန္အသင္းနဲ႔ကစားခဲ့တဲ့ပြဲမွာ ဂိုးမရွိသေရက်ခဲ့တာေၾကာင့္ လက္က်န္တစ္ပြဲသာကစားဖို႔ရွိေနခ်ိန္မွာ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔ အသည္းအသန္႐ုန္းကန္ရေတာ့မွာပါ။

ေပၚတူဂီအသင္းဟာ ၿပီးခဲ့တဲ့စက္တင္ဘာလတုန္းက အိမ္ကြင္းပထမအေက်ာ့အျဖစ္ အိုင္ယာလန္အသင္းကို လက္ခံကစားခဲ့ခ်ိန္မွာလည္း ခက္ခက္ခဲခဲရင္ဆိုင္ခဲ့ရၿပီး ဂြၽန္အီဂန္ရဲ႕ဂိုးနဲ႔ အိုင္ယာလန္အသင္းက ဦးေဆာင္ႏိုင္ခဲ့ေပမယ့္ ပြဲခ်ိန္(၈၉)နဲ႔(၉၆)မိနစ္ေတြမွာ စီေရာ္နယ္လ္ဒိုက ေခ်ပဂိုး၊ အႏိုင္ဂိုးေတြသြင္းယူခဲ့လို႔သာ အႏိုင္(၃)မွတ္ရရွိခဲ့တာျဖစ္ပါတယ္။

အခုပြဲမွာလည္း အိုင္ယာလန္အသင္းက အိမ္ကြင္းမွာ ေပၚတူဂီအသင္းကို ဒုကၡထပ္ေပးႏိုင္ခဲ့သလို ေျခစစ္ပြဲေအာင္ဖို႔ေမွ်ာ္လင့္ခ်က္အဆုံးသတ္ခဲ့ရၿပီျဖစ္ေပမယ့္ ကိုယ့္ပရိသတ္ေရွ႕မွာ ေပၚတူဂီအသင္းကို အေကာင္းဆုံးရင္ဆိုင္ကစားခဲ့ပါတယ္။ (၆၇)မိနစ္မွာ စီေရာ္နယ္လ္ဒိုရဲ႕အပိုင္ေခါင္းတိုက္ခ်က္ လြဲေခ်ာ္ခဲ့တဲ့အျပင္ ပြဲၿပီးခါနီးမွာလည္း စီေရာ္နယ္လ္ဒိုဟာ အပိုင္အခြင့္အေရးကို ျဖဳန္းတီးခဲ့တာေၾကာင့္ ေပၚတူဂီတို႔သေရတစ္မွတ္နဲ႔သာေက်နပ္ခဲ့ရတာပါ။

အခုပြဲမွာ ၀ါရင့္ေနာက္ခံလူပီပီ အနီကတ္နဲ႔အထုတ္ခံခဲ့ရတာေၾကာင့္ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ဖို႔အတြက္ အေရးပါတဲ့ပြဲျဖစ္တဲ့ ဆားဘီးယားနဲ႔ပြဲကို လြဲေခ်ာ္မွာျဖစ္ပါတယ္။ အခုေလာေလာဆယ္ ေပၚတူဂီအသင္းဟာ အုပ္စုတြင္း(၇)ပြဲကစားၿပီးခ်ိန္မွာ (၅)ပြဲႏိုင္၊ (၂)ပြဲသေရ၊ ရႈံးပြဲမရွိဘဲ (၁၇)မွတ္နဲ႔ဦးေဆာင္ေနၿပီး သူတို႔အသင္းေအာက္မွာ ဆားဘီးယားအသင္းကလည္း (၁၇)မွတ္နဲ႔ ကမာၻ႔ဖလားတိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္ဖို႔အတြက္ ႀကိဳးပမ္းေနပါတယ္။

ဒါေပမဲ့ ေပၚတူဂီအသင္းဟာ Goal Difference မွာ ဆားဘီးယားအသင္းကို အသာရေနၿပီး ေပၚတူဂီအသင္းက (+၁၂ဂိုး)၊ ဆားဘီးယားက(+၈)ဂိုးသာရွိလို႔ အုပ္စုေနာက္ဆုံးပြဲအျဖစ္ အိမ္ကြင္း Estádio da Luz မွာကစားမယ့္ပြဲက်ရင္ ဆားဘီးယားကို အနိမ့္ဆုံးသေရကစားႏိုင္ခဲ့တာနဲ႔ တိုက္႐ိုက္ေျခစစ္ပြဲေအာင္ျမင္မွာျဖစ္ပါတယ္။ ေပၚတူဂီနဲ႔ဆားဘီးယားပြဲကို လာမယ့္တနဂၤေႏြေန႔မွာယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ပထမအေက်ာ့ ဆားဘီးယားကြင္းမွာတုန္းက (၂-၂)ဂိုးစီသေရက်ခဲ့ပါတယ္။